ကဗျာဆရာ မောင်စိမ်းနီ ကွယ်လွန်ခြင်း ၀မ်းနည်းမှတ်တမ်း



ကဗျာဆရာ မောင်စိမ်းနီ ကွယ်လွန်ခြင်း ၀မ်းနည်းမှတ်တမ်း
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၇

ကဗျာဆရာ မောင်စိမ်းနီ -  ဖေဖော်ဝါရီ ၂၊ ၂၀၁၇ တွင် ကွယ်လွန်သည့်အတွက် မိုးမခစာပေမိသားစုက ကျန်ရစ်သူ မိသားစုများ၊ စာပေမိတ်ဆွေများနှင့် ထပ်တူ ၀မ်းနည်းကြောင်း မှတ်တမ်းပြုအပ်ပါသည်။

ကဗျာဆရာသည်  တော်လှန်ကဗျာ စာပေလှုပ်ရှားမှုဖြင့် ၁၉၆၀ ခုနှစ်ပိုင်း ပဒေသရာဇ်၊ ခေတ်သစ်နယ်ချဲ့ နှင့် စစ်အာဏာရှင်တို့ကို ဝေဖန်ပြီး အဖိနှိပ်ခံ အလုပ်သမား၊ လယ်သမား၊ စာပေအနုပညာရှင် လူတန်းစားများဘက်က အစဉ်အမြဲ ရပ်တည် ရေးသားခဲ့သူ ဖြစ်သည်။ အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၏ အရေးတော်ပုံတိုင်းတွင် ကျရာ ရောက်ရာ အခန်းကဏ္ဍမှ ၀င်ရောက်ဆောင်ရွက်ပြီး တိုးတက်သော အမြင်ရှိသည့် ကဗျာမျိုးဆက်များကို ထမ်းပို့ ချီးမြှောက်ခဲ့သည်။ မျက်မှောက် မြန်မာ့ဒီမိုကရေစီရေး အခင်းအကျင်းသစ်တွင်လည်း စာပေအနုပညာရှင်တဦးအဖြစ် တက်ကြွစွာ လှုပ်ရှားနေသူ ဖြစ်သည်။ ကဗျာဆရာ၏ ပိတောက်ပွင့်သစ် မဂ္ဂဇင်းသည် မျိုးဆက်သစ် စာပေ အနုပညာရှင်တို့အတွက် အမြဲ အမှတ်ရ ဂုဏ်ယူရသည့် မော်ကွန်းတခုလည်း အပါအ၀င် ဖြစ်ပါသည်။

ကဗျာဆရာ မောင်စိမ်းနီ ကွယ်လွန်သည့်အတွက် ကျနော်တို့က အများနှင့်ထပ်တူ ၀မ်းနည်းကြောင်း မှတ်တမ်း ပြုအပ်ပါသည်။