ဇာနီကြီး ● အခွန်နဲ့ပတ်သက်၍ သိသမျှ

 ဇာနီကြီး ● အခွန်နဲ့ပတ်သက်၍ သိသမျှ
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇

● ဝင်ငွေခွန်ကောက်ခြင်းနဲ့နိုင်ငံသာယာဝပြော ခယောင်းလမ်း
အခုတလော မြန်မာနိုင်ငံမှာ အခြေခံလူတန်းစားတွေ၊ ကုမ္ပဏီအသေးလေးတွေ အခွန်ကောက်ခံရတာနဲ့ပတ်သက်ပြီး အ တော်လေးမကျေမနပ်ဖြစ်နေကြပါတယ်။ အခွန်ကောက်ဥပဒေကိုပြင်ဆင်နေပြီး ဝင်ငွေခွန်ကောက်နည်းကို လူတဦးချင်းအ တွက် ဖြစ်ညှစ်ကောက်ခံနေတဲ့အကြောင်း ပို့စ်တခုတွေ့လို့ ရှယ်လိုက်ပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရတုံးကစပြီး ကုမ္ပဏီမှတ်ပုံတင်တာနဲ့ ကြိုတင်အခွန်ငွေ ကောက်ပစ်လိုက်တယ်။ ငွေမဲတွေ များစွာရ နေတဲ့ အလုပ်ဖြစ်နေတဲ့ကုမ္ပဏီတွေ ဥပမာ ဆောက်လုပ်ရေး လူသုံးကုန်ဆိုင်များ ဆောက်လုပ်ရေးပစ္စည်းဆိုင်များ ဟိုတယ် တည်းခိုခန်း စားသောက်ဆိုင် ရွှေဆိုင် သွင်းကုန်/ပို့ကုန်လုပ်ငန်း ပြည်ပအလုပ်ကိုင်ရှာဖွေရေးလုပ်ငန်း ဘတ်စကားလုပ်ငန်း ကျောက်စရစ်၊ သဲ၊ အုတ်လုပ်ငန်း ခရီးသွားလုပ်ငန်း ကိုယ်ပိုင်ကျောင်း သင်တန်းကျောင်း.. စသဖြင့် လုပ်ငန်းများစွာ မှတ်ပုံ တင်ကြတယ်။ မှတ်ပုံတင်တာနဲ့ အခွန်ကြိုတင်ကောက်ခံရတယ်။ အခု သမ္မတဦးထင်ကျော် လက်ထက်မှာ ပိုဆိုးလာတယ်လို့ ဆိုပါတယ်။

● အလုပ်ဖြစ်နေတဲ့ ကုမ္ပဏီများရဲ့အခွန်
အခွန်ကြိုတင်ကောက်ခံရရင် ဥပမာ စားသောက်ဆိုင်လုပ်ငန်း အရမ်းရောင်းကောင်းတဲ့ အဝေးပြေးကားလမ်းက အေဘီစီစား သောက်ဆိုင် တနေ့ကို လူတထောင်လာစားတော့ တနေ့ သိန်း ၅ ထောင် ဝင်ငွေရတယ်။ ဒီတော့ အခွန်ရုံးက ကြိုတင်အခွန်ငွေ သိန်း ၅ ထောင် တောင်းတယ်။ လုပ်ပါဦး ... အရှုံးခံလုပ်နေရတာ ..  ဘာညာနဲ့ပြောပြီး သိန်း ၁ ရာလောက် လာဘ်ထိုးလိုက် တယ်။ ဒီတော့ ဘောင်ဝင်အောင် အခွန်သိန်းတထောင်ပဲ ပေးခိုင်းလိုက်တယ်။

ဒီနည်းနဲ့ မြန်မာနိုင်ငံက လုပ်ငန်းကြီးတွေအားလုံး ငွေမဲတွေ အများကြီးရတယ်။ ဒါကတော့ အလုပ်ဖြစ်နေတဲ့ ကုမ္ပဏီတွေ ဝင်ငွေကောင်းနေပုံ၊ ငွေမဲတွေ ဒလဟောဝင်နေပုံ .. အခွန်အမှန်အကန် မရရှိ ဖြစ်နေပုံပါ။ ငွေရပြေစာမှာ ၅ ရာခိုင်နှုန်း အခွန် တံဆိပ်ခေါင်း ကပ်ပေးရမယ်ဆိုလို့ ကပ်ပေးတဲ့ဆိုင်များရှိပေမယ့် ဆိုင်အားလုံးနီးပါးကတော့ တံဆိပ်ခေါင်း ကပ်မပေးပါ။ စား သုံးသူများကလည်း ကိုယ်နဲ့မဆိုင် စားသောက်လို့ကောင်းရင် ကျသင့်သလောက် ပေးလိုက်တာပဲလေ။ ဒီဆိုင်က အခွန်ပေး မပေး စားသုံးသူတွေက ဘယ်ဂရုစိုက်မလဲ။

အလားတူ အလုပ်ဖြစ်နေတဲ့ကုမ္ပဏီတွေရှိနေပေမဲ့ အလုပ်မဖြစ်တဲ့ ကုမ္ပဏီတွေက အများစုဖြစ်ပါတယ်။

● အလုပ်မဖြစ်တဲ့ ကုမ္ပဏီများရဲ့ အခွန်
တနေ့မှာ လူတရာလောက်တောင် လာမစားတဲ့ စားသောက်ဆိုင်ကတော့ အခွန်ရုံးက သိန်း ၁ ထောင် အခွန်ကောက်ရင် ပြဿနာကြီးဖြစ်ပြီပေါ့။ စားသောက်ဆိုင်က မပေးနိုင်ဘူး အခွန်ရုံးကိုသွားပြောတော့ အခွန်ရုံးက လာရောက်စစ်ဆေးတယ်။ လျှော့ပေါ့ပေးမယ်။ သိန်း ၅ ရာ ပေးပါဆိုလဲ ဘယ်ပေးနိုင်ပါ့မလဲ။ တနှစ်လုံးက သိန်း ၁ ထောင်ဖိုးလောက်ပဲ ရောင်းရတယ်။ သိန်း ၅ ရာ အခွန်ဆိုတော့ မတရားဘူးပေါ့။

ဒိတော့ အခွန်ရုံးက မေးတယ်။ ကျနော်တို့ ဘယ်လိုအကူညီပေးရမလဲခင်ဗျာ ... ပေါ့။ နောက်ဆုံးတော့ ကြိုတင်အခွန်ငွေ သိန်း ၅၀ နဲ့ပဲ ဈေးတည့်သွားပြီး လာဘ်ပေးလိုက်ရပါတယ်။

ကူညီပါရစေစကားလုံးက ပြည်သူ့ရဲတပ်ဖွဲ့မှ မဟုတ်ဘူး။ အစိုးရဌာနတွေရဲ့ လက်သုံးစကား ဖြစ်နေပါတယ်။

● အစိုးရကန်ထရိုက်တာကြီးများ
အထူးသဖြင့် ဆောက်လုပ်ရေး၊ လမ်းတံတား အပါအဝင် စည်ပင်နဲ့ပညာရေး၊ ကျန်းမာရေး အစိုးရဘတ်ဂျတ် များစွာရထားတဲ့ ဌာန၊ အရာရှိကြီးများကတော့ ကန်ထရိုက်တာများကို ကူညီပါရစေ လုပ်စားနေကြပါတယ်။ ဘတ်ဂျတ် ဇီးသီးဗန်းမှောက်ခြင်း ကတော့ တားမရတဲ့အပြင် တချို့ကပြောတယ်။ ပိုတောင်ဆိုးလာသေးတယ် .. တဲ့။ အရင်က တယောက်ထဲပေးရတာ .. အခုဆို ဆယ်ယောက်လောက်ကို ပေးနေရလို့ လုပ်ရတာမကိုက်တော့ဘူး ဆိုသူများလည်း ရှိလာတယ်။

ဘယ်လိုပဲဖြစ်ပါစေ အစိုးရဌာနများရဲ့ တင်ဒါ ရရှိရေးကတော့ ကန်ထရိုက်တာများရဲ့ အိပ်မက်ပဲ ဖြစ်ပါတယ်။ တင်ဒါ အောင်ဖို့ ကုမ္ပဏီပရိုဖိုင်း ကောင်းကောင်းရေး၊ ကန်ထရိုက်တန်ဖိုးရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရဘဏ်မှာ ကြိုတင်သွင်းထား၊ တင်ဒါဌာနရဲ့ အကြီးဆုံး အာဏာအရှိဆုံးပုဂ္ဂိုလ်ကြီးကို အပိုင်ကပ်။ အရင်ကတော့ ဝန်ကြီးကိုအပိုင်ကပ်တဲ့စနစ် အခုတော့ ဝန်ကြီးက ဘေးရှောင်နေတော့ ဌာနဆိုင်ရာ ညွန်ချုပ်၊ ညွှန်မှူး၊ တိုင်းဦးစီးမှုးတွေက တင်ဒါအဆုံးအဖြတ်လူကြီးတွေ ဖြစ်နေတယ်။ အဲဒီ လူတွေကို အပိုင်ကပ်ထားတော့ တင်ဒါရမှာ သေချာတာပေါ့။ ထုံးစံအတိုင်း တင်ဒါအောင်တာနဲ့ တန်ဖိုးရဲ့ ၁၅ ရာခိုင်နှုန်းကို ညနေ နောက်ဖေးပေါက်က သွားပို့၊ လက်မှတ်ရယူလိုက်၊ နောက်တနေ့ အစိုးရဘဏ်ကိုသွားပြီး သွင်းထားတဲ့ ၅ နှုန်း ပြန် ထုတ်၊ ကြိုတင်ငွေ ၃၀ ရာခိုင်နှုန်းလည်း အမြန်ထုတ်ပြီး၊ လုပ်ငန်းစတင်ရုံပါပဲ။

ဒါကတော့ လက်ရှိဖြစ်ပျက်နေတဲ့ တင်ဒါစနစ်ပါ။ သမ္မတဦးထင်ကျော်အစိုးရ ဒါတွေကို သိပေမယ့် ဘယ်လိုဟန့်တားမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။ တင်ဒါအောင်တဲ့ ကုမ္ပဏီတွေလည်း အခွန်ရှောင်မှာပဲ၊ အစိုးရအရာရှိကြီးကတော့ ငွေမဲတွေ တပုံတပင်ကြီးရထားတော့ .. သူက ဆေးရုံ၊ ကိုယ်ပိုင်ကျောင်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ဓါတ်ဆီဆိုင်၊ ရာဘာစိုက်၊ ငါးပုဇွန် မွေး၊ ကြက်မွေး ..စသဖြင့် ငွေဖြူဖြစ်အောင် လုပ်ငန်းတွေထောင်ပြီလေ။

● ငွေမဲကုမ္ပဏီကြီးများ
နောက်ဆုံး အခွန်ရှောင်တဲ့ အစိုးရအရာရှိကြီးတွေနဲ့ အပေါင်းအသင်းတွေကတော့ မူးရစ်ဆေးဝါး ထုတ်လုပ်သူ၊ ကျောက်စိမ်း၊ သစ်လုပ်ငန်း၊ ရွှေတွင်း၊ သတ္တုတွင်း၊ အရက်ဆေးလိပ်စက်ရုံများ၊ အချိုရည်လုပ်ငန်းတွေ ..စတဲ့ ငွေမဲကုမ္ပဏီကြီးများ ဖြစ်ပါတယ်။ သူတို့က အလွန်အမြတ်များလွန်းတော့ အခွန်ရုံးကို ခါးပိုက်ထဲ ထည့်ထားနိုင်ပါတယ်။ သူတို့ကို စာရင်းလာစစ် မယ်ဆိုရင် စာရင်းစစ်တွေ ပက်လက်လန်သွားမယ်လေ။ ဒါကြောင့် သမ္မတဦးသိန်းစိန်လက်ထက်က အမှန်အတိုင်း စာရင်း စစ်တော့မယ် ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်လွန်းမောင်ခမျာ စာရင်းစစ်ချုပ်ရာထူးရပြီး အလုပ်ကထုတ်ခံလိုက်ရရှာတယ်။

နိုင်ငံခြား စာရင်းစစ်ကုမ္ပဏီတွေ မြန်မာပြည်ကို အခြေချခွင့်က မလွယ်ပါဘူး။ ဒီတော့ အစိုးရ စာရင်းစစ်အဖွဲ့နဲ့ပဲ စစ်ဆေးပြီး၊ အခွန်ကောက်နေရတော့ ကုမ္ပဏီအသေးလေးတွေပဲ မချိမဆန့် ခံစားနေရတယ်။ ငွေမဲကုမ္ပဏီကြီးများနဲ့ အကြီးစားကုမ္ပ ဏီကြီးများကတော့  စာရင်းစစ်အဖွဲ့နဲ့အခွန်အဖွဲ့တွေကို လှည့်စားနေဦးမှာပါ။

● အခွန်ဦးစီးမှူးများ
နောက်ဆုံး ရေးရမှာကတော့ မြို့နယ်တိုင်းက အခွန်ဦးစီးမှူးများ ဖြစ်ပါတယ်။ ဒီရာထူးကို ရဖို့ဆိုတာ ယခင် စစ်အစိုးရတုန်းက စစ်မှုထမ်းဟောင်းတွေထဲက ယုံကြည်ရတဲ့ တနည်းအားဖြင့် အကပ်ကောင်းသူ စစ်ဗိုလ်ဟောင်းများပဲ ရာထူးရလေ့ရှိတယ်လို့ ဆိုပါတယ်။ မြန်မာတနိုင်ငံလုံးက အခွန်ဆောင်ရမဲ့ကုမ္ပဏီ အငယ်စားလေးတွေကို ကူညီပါရစေ လုပ်စားနေကြတယ်။

မြို့နယ်အခွန်ဦးစီးဌာနကို သွားကြည့်ရင် အားလုံးစနစ်မရှိပဲ ထင်သလိုလုပ်စားနေတာ တွေ့ရမှာပါ။ မြို့နယ်မှာ အိမ်ဆောက် တယ်၊ လုပ်ငန်းကြီးတခုလုပ်တယ်ဆိုရင် အခွန်ဦးစီးမှူးကို ပြေးကပ်ထားရတယ်။ သူမကူညီရင် လုပ်ငန်းတောင် ပျက်သွားနိုင် တယ်လေ။

● မြန်မာနိုင်ငံ အခွန်စနစ်ပြောင်းလဲခြင်း (တရုတ်ပုံစံ)
ဥပဒေသစ်တွေ ထုတ်ပြီး၊ အခွန်ကောက်စနစ်သစ်ကို တရုတ်နိုင်ငံပုံစံအတိုင်း လုပ်ဆောင်နေပါပြီ။ ဝက်ဆိုဒ်မှာ တရုပ်ပြည်ရဲ့ စီးပွားရေးအချက်လက်တွေကို လေ့လာကြည့်ပါ။ http://www.tradingeconomics.com/china/indicators

 
ပုံမှာ ပြထားတဲ့အတိုင်း China taxes အပိုင်းကို ကြည့်ရင် ...

Corporate Tax Rate 25%
Personal Income Tax Rate 45%
Sales Tax Rate 17%
Social Security Rate 48%
Social Security Rate For Companies 37%
Social Security Rate For Employees 11%

အထက်ပါအတိုင်း အခွန်ရအောင် အခွန်ကောက်နေတာ တွေ့ရပါလိမ့်မယ်။ Corporate Tax 25% ဆိုတာ ဧရာမကုမ္ပဏီကြီး များရဲ့ အမြတ်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို အခွန်ကောက်ပါတယ်။ မမြတ်ဘူးဆိုပြီး ညာလို့မရပါဘူး။ စာရင်းစစ်အဖွဲ့က လွတ် လပ်စာ (လာဘ်မစားပဲ) စာရင်းစစ်ပါတယ်။ ကိုယ်သားသမီးဆွေမျိုးတွေကို ကုမ္ပဏီအိမ်၊ ကား ပေးထား၊ လစာတွေအများကြီး ပေးခန့်ထားတာမျိုး လုပ်လို့မရပါဘူး။ Personal Income Tax 45% ဆိုတာ ဒုတိယပုံက Aung Myo Thu ဖေ့ဘုတ်မှာ ကွန်ပလိန်းလုပ်ထားတာတဲ့ စားသုံးကုန် အခွန်တွေဖြစ်ပါတယ်။ စားသောက်ဆိုင် ၅ ရာခိုင်နှုန်း၊ မိုဘိုင်းဖုန်း ၅ ရာခိုင်နှုန်း ရွှေဝယ်၊ မြေဝယ် အခွန်ရာနှုန်းတွေ ဖြစ်ပါတယ်။ Sale Tax ဆိုတာကတော့ ကုန်တိုက်တွေမှာ ပစ္စည်းဝယ်ရင် ကောက်တဲ့ အခွန်ဖြစ်ပါတယ်။ စင်ကာပူမှာဆိုရင် GST 8% အခွန်ကောက်ပါတယ်။ နောက်ဆုံး Social Security 48% (company 37%, Employee 11%) ဆိုတာ လူမှုဖူလှုံရေးကောက်ခံခြင်း ဖြစ်ပါတယ်။ စင်ကာပူမှာတော့ CPF, မလေးရှားမှာ EPF, အမေရိကန်မှာ Social Security (သို့မဟုတ်) 401(c) ဆိုလား ..ဒီဆိုရှယ်စီကရူရတီ အခွန်ငွေကတော့ ပြည်သူလူထုတယောက် အငြိမ်းစားယူခြင်း၊ ဆေးရုံတက်ခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်းတွေအတွက် သုံးပါတယ်။ စင်ကာပူမှာဆိုရင် အိမ်ဝယ်ခြင်း၊ သားသမီးပညာရေးနဲ့ စတော့ရှယ်ယာဝယ်တာတောင် CPF သုံးခွင့်ပေးပါတယ်။

● နိဂုံးချုပ်
ဒါကြောင့် အစိုးရကောင်းရင် သူဌေးကြီးတွေကို အခွန်ရှောင်မရအောင် စာရင်းစစ်ကောင်းကောင်းနဲ့ အခွန်ကောက်တယ်။ အခွန်ရှောင်ရင် ၂ဆ၊ ၃ဆ ဒဏ်ငွေပေးခိုင်းပါတယ်။ ပြည်သူလူထုနဲ့ အသေးစားကုမ္ပဏီများကိုတော့ အခွန်ပေးစရာမလို တဲ့အပြင် ပံ့ပိုးပေးတာမျိုးတွေတောင် လုပ်ပေးပါတယ်။ SME လို့ခေါ်တဲ့ Small and mediun Enterprises အသေးစားနဲ့ အလတ်စား ကုမ္ပဏီများကို အစိုးရကထောက်ပံ့ပေး၊ အခွန်လွှတ်ပေးပါတယ်။ SME များက နိုင်ငံစီးပွားရေးရဲ့ ၇၀ ရာခိုင်နှုန်း ပါဝင်နေလို့ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအခွန်စနစ်ကို ထိပ်ပိုင်းအရာရှိများ ပြောင်းလဲချိန်တန်ပြီ လုပ်သလို အောက်ပိုင်း မြို့နယ်အခွန်ဦး စီးဌာနမှာလဲ ပြောင်းလဲချိန်တန်ပြီ လုပ်ရပါမယ်။ အထူးသဖြင့် နိုင်ငံတကာမှာ E Payment ဆိုပြီး အခွန်ကို ကွန်ပြူတာနဲ့ အော်တိုမက်တစ် တွက်ချက်ပေးပြီး၊ ဘဏ်အကောင့်မှာ တိုက်ရိုက်သွင်းရပါတယ်။ မြန်မာနိုင်ငံမှာတော့ ခေါက်ရိုးကျိုးနေတဲ့ မ.စ.ဘ ဘဏ်ချလံစနစ်ပဲ သုံးပြီး၊ လက်နဲ့ဖောင်တွေ လက်ညောင်းအောင်ရေးနေတဲ့ Manual System ဖြစ်နေဆဲပါ။ အခွန်ဌာ နက အရာရှိတွေကလည်း ကွန်ပြူတာသုံးဖိုY အပြင်းအထန် ဆန်Yကျင်နေပါတယ်။ ကွန်ပြူတာမသုံးလေလေ လုပ်စားလို့ ကောင်းလေလေကိုး။ နိုင်ငံစီးပွားရေးကလည်း GDP 8% အထက် တိုးတက်နေတော့ အခွန်ဝန်ထမ်းတွေ အလုပ်များမှာပါ။

နိုင်ငံတကာမှာ Tax per GDP အခွန်ရနှုန်းက ၃၀ ရာခိုင်နှုန်းကနေ ၄၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံ Tax per GDP က ၂ ရာခိုင်နှုန်းတောင်မရှိပါဘူး။ အခု တိုးတက်လာပြီး ၂၀၁၆မှာ ၈ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကားဝက်ဆိုက်
http://www.tradingeconomics.com/china/indicators

ဇာနီကြီး
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၇