ခင်လွန်း- ကြည့်မော ကျီးမော

ကြည့်မော ကျီးမော
POS
မနက်ဖန်
ကမ္ဘာ့ကဗျာနေ့တဲ့
ငါ့နှလုံးသား ဆားပက်ထားသလို
ကဗျာကြီးရယ်
ကမ္ဘာကြီးရယ်
ငါ့ကို ဘာကြောင့်များ
တကျွန်းပို့ထားပါလိမ့်
ဘောင်ဘင်တွေသာခတ်ပါရဲ့
ကမ်းက ရောက်
မရောက်နိုင်တော့ဘူး
ငါ့အလွမ်းမိုင်နဲ့ဆို
ငါ့ကမ်းငါကပ်ဖို့ရာ
ဘယ်လိုနတ်ဆိုး ဝှက်ထားထား
စိတ်ဟာ လှေထိုးသားလေးဖြစ်ပေါ့။ ။ 

ခင်လွန်း
နျူးဇီလန်-ဟယ်မီတန်
၂၀.၃.၁၆
၂၀း ၅၆ နာရီ