ဂျော်ဒီး ● စည်းကမ်းပြည့်ဝသော ဒီမိုကရေစီခေတ်၏ ခွေးဘဝရောက်ကြောင်းတရားကောင်း


ဂျော်ဒီး ● စည်းကမ်းပြည့်ဝသော ဒီမိုကရေစီခေတ်၏ ခွေးဘဝရောက်ကြောင်းတရားကောင်း
(မိုးမခ) မတ် ၂၆၊ ၂၀၁၇

… သင်္ကြန်နှစ်ဦး.... တူးပို့.. တူးပို့.. တူးသံမြူးသာယာ..
… သင်္ကြန်မယ်များ… တူးပို့.. တူးပို့… တူးမာရဲ့နော်ဗျာ..
… ငွေငန်းသံစုံ.. တူးပို့ တူးပို့.. အာရုံဖျော်ဖြေကာ….
… မယ်တို့ကိုလည်း…တူးပို့…တူးပို့…မာပါစေခင်ဗျာ..

နွေကျောင်းပိတ်ရက်လည်းဖြစ် အတာသင်္ကြန်ကာလကလည်း နီးနေပြီဖြစ်ရာ မိုးမခရွာသား ကလေးတစုမှာ သင်္ကြန်သီချင်း များကို ခုနှစ်သံချီ အော်ဟစ်သီဆိုနေကြလေသည်။ သံပုံးစုတ်ကြီးကို တုတ်နှစ်ချောင်းနှင့် တဒေါက်ဒေါက်ခေါက်ကာ..ဒရမ် မာလုပ်သူက လုပ်။ အမေ့အလစ်ယူလာသော. ဒန်အိုးဖုံးနှစ်ခုကို လင်ကွင်းလုပ် တီးသူကတီး…။

မိန်းကလေးတသိုက်ကလည်း ခြေချိုး လက်ချိုး မေးထိုးချင်ရာထိုးကာ မညီမညာ သင်္ကြန်ယိမ်းကရင်း ပျော်ရွှင်နေကြလေ သည်။ ထိုစဉ်…ကလေးများအနီးသို့ ဂျီးဒေါ်တယောက် သုတ်သီးသုတ်ပျာဖြင့်ရောက်လာကာ…

ဂျီးဒေါ်။ ။“ဟဲ့… ကလေးတွေ.. ဆူညံနေတာပဲ… တိတ်ကြစမ်း.. ခေတ်ကြီးက မကောင်းရတဲ့အထဲ..”

ကလေးများ ။ ။ ဂျီးဒေါ်ရာ…။ ကျနော်တို့ ဆူတာလောက်ကို လာစာဖွဲ့မနေပါနဲ့ဗျ။ ရွာထဲမှာ  ဆောင်းဘောက်ကြီးတွေနဲ့ အ သား ကုန်ဖွင့်အော်နေတဲ့ အလှူခံမဏ္ဍပ်တွေလောက်.. မဆူပါဘူးဗျ။ ကျနော်တို့က  ရွာထဲမှာဆူလွန်းလို့ ရွာ့ပြင် ညောင်ပင်ကြီး အောက်မှာ အေးရာအေးကြောင်း သင်္ကြန်မဏ္ဍပ်လုပ်တမ်းဆော့နေတာပါဗျာ..”

ဂျီးဒေါ်။ ။ရွာ့ပြင်မှာမို့လို့ နင်တို့ကိုစိတ်ပူလို့ပြောတာဟဲ့ ...။ ခုခေတ်က ဘာမှ လုံခြုံမှုမရှိဘူးလေ။ မတော် ဘယ်ကကျလာ မှန်းမသိတဲ့ ပိုင်ရှင်မဲ့ကျည်ဆံနဲ့တွေ့မှ… မာလကီးယားကုန်မယ်.. ငပွေးလေးတို့ရဲ့။ သွား..ကိုယ့်အိမ်နဲ့ နီးနီးနားနား ….ပြန် ဆော့..။ အသံဗလံလည်း ..နားထောင်..။

ကလေးများ ။ ။ ဂျီးဒေါ်ပြောတာဟုတ်တယ်ကွ.…။အရင်က..ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးပဲ ကြားဖူးခဲ့တာ..။ အခု..ပိုင်ရှင်မဲ့ကျည် ဆံတွေပေါ်နေလို့.. ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့လူကြီးတောင်.. အချောင်သေပါရောလား..။

ဂျီးဒေါ် ။    ။ အေး.ပိုင်ရှင်မဲ့ကျည်ဆံမို့ အထင်မသေးနဲ့…။ အမေရိကန်တို့ရုရှတို့ဆီက အဆင့်မြင့်  ဒုံးကျည်နည်းပညာတွေများ
ရထားသလား..မသိ။ မျက်ခုံးနှစ်ခုကြား..ပစ်မှတ်ကိုတန်းနေတာပဲ..။ သွား..သွား..ရွာထဲမှာ လုံလုံခြုံခြုံနေကြ..ကစားကြ”

ထိုစဉ်.. ဂျီးဒေါ်နဲ့ ကလေးများရှိရာသို့ ... အရာရာသိတဲ့.. အာပလာသာဂိ ရောက်လာသည်။

သာဂိ။    ။ဂျီးဒေါ်ရာ.. ရွာထဲနေလည်း  လုံခြုံတာမှတ်လို့..။ ရွာလည်ခေါင်..ဓမြတိုက်သွားလိုက်..အနုကြမ်းစီးသွားလိုက်နဲ့..။လူ သတ်မှုတွေဆို..လေးလောင်းပြိုင်.. ငါးလောင်းပြိုင်သတ်သွားလိုက်နဲ့..။ တရားခံပေါ်တာလည်း မဟုတ်ဘူး..။ ရွာလည်က  ရွာဂံတကာ လေဆိပ်ကြီးမှာတောင်.. ရှေ့နေကြီးကို ပေါ်ပေါ်တင်တင်သေနတ်နဲ့ပစ်သတ်သွားသေးတာ..။ အဲဒီလူသတ်သ မားတွေရဲ့ကျည်ဆံကလည်း.. ပိုင်ရှင်မဲ့ပဲလားမသိ..။ ခုထိ အကုန်မမိသေးဘူးနော်ဗျ..။

ဂျီးဒေါ်။ ။ အဲဒီကျည်ဆံကတော့..…ပိုင်ရှင်ရှိကျည်ဆန်..ဟဲ့..။ ကျည်ဆံပိုင်ရှင်က….လုံခြုံအောင်ဖွက်ထားပေးလို့ အကုန်  မမိ တာပေါ့..။ဒါနဲ့….ခုနှစ်.. တို့ရွာမှာ သင်္ကြန်.. သံချပ်ပြိုင်ပွဲတွေ ခမ်းခမ်းနားနားလုပ်မယ်ဆို..။ ကလေးတွေကို…ရွာပြင်မှာ သီချင်းဆိုနေတာထက်…သူတို့ဝါသနာလေးကိုမြေတောင်မြှောက်တဲ့အနေနဲ့.. ရွာထဲမှာခေါ်ပြီး သင်္ကြန်သံချပ်အဖွဲ့လေးတဖွဲ့ လောက်လုပ်ပေးလိုက်ပါဟယ်..။ ကလေးတွေ အန္တရာယ်ကင်းအောင်လေ..။

သာဂိ ။      ။ ဟာ..ဟာ…မလုပ်ပါနဲ့ဗျာ.. ။ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီခေတ်မှာတော့ ..ကလေးတွေကို..သင်္ကြန်သံချပ် တော့....လုံးဝမထိုးခိုင်းပါနဲ့ဗျာ..။ နဖူးကျည်ဆံမှန်တာကမှ.. တခါတည်းကိစ္စငြိမ်းလို့ တော်ဦးမယ်.။ စိစစ်ရေးလက်စာမိပြီး..  ပုဒ်မ (၆၆) နဲ့ အရေးယူခံရမယ့်.. အန္တရာယ်က ပိုဆိုးတယ်ဗျ.။ ကလေးတွေ အန္တရာယ်ကင်းစေခြင်ရင်.. ရွာဦးဘုန်းကြီးကျောင်း ပို့ပြီး..နွေရာသီယဉ်ကျေးလိမ္မာသင်တန်းတို့....ဘာစကူးလ်.. ညာစကူးလ်တို့သာ.. တက်ခိုင်းလိုက်..။ အဲဒီမှာ..အန္တရာယ် ကင်း ပရိတ်ရွတ်နည်းလေး ဘာလေးသင်ပေးချင်ပေးမှာ..။ အဲဒါကမှ..အန္တရာယ်ကင်းဦးမယ်။ ကုသိုလ်လည်းရမယ်။ သ ဘော တူတယ်မဟုတ်လား...ကလေးတို့”

ကလေးများ..။     ။ လုံးဝ…လုံး…..ဝ….လုံး….ဝ….သဘောမတူဘူး

သာဂိ။     ။ ဟာ..ဘယ်လိုဖြစ်တာလည်း..။ ရွာဦးဘုန်းကြီးကျောင်းမှာ…လေ..။ အရင်ကဆို.. မုန့်တွေကျွေးလို့ မင်းတို့တွေပဲ သွား.. သွားတက်နေတာလေ..။

ကလေးများ။ ။(မျက်နှာထားတင်းမာခက်ထန်စွာဖြင့်) စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီခေတ်မှာ.. သင်္ကြန်သံချပ်လည်း..ဝင်မ ပြိုင် ဘူး..။ ရွာဦးဘုန်းကြီးကျောင်းက.. ဘာစကူးလ်..ညာစကူးလ်တွေလည်း  မသွားဘူး..။

ကလေးများ၏… ပြင်းထန်ခိုင်မာသော.. တခဲတနက်ဆန့်ကျင်ကန့်ကွက်သံများကြောင့် ဂျီးဒေါ်နှင့် သာဂိခမျာ…အတော် ထိတ်လန့်အံ့သြသွားကာ ... တုန်တုန်ရင်ရင်ဖြင့်...ပြိုင်တူမေးခွန်းထုတ်လိုက်မိကြသည်..။

ဂျီးဒေါ်+သာဂိ။     ။ ဘယ်လို…ဖြစ်…ဖြစ်..လို့..လဲ..ကွယ်

ကလေးများ။      ။ရွာထဲမှာ  လူကြီးတွေကပြောနေတယ်ဗျ..။ စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီခေတ်ရဲ့ ..စိစစ်ရေးအဖွဲ့  ဆင်ဆာ အောက်ကထွက်ရတဲ့သင်္ကြန်သံချပ်တွေဆိုတာ… ရွာဦးကျောင်းက.. ဟို…ကိုရင်ကြီးလို.....ပါးစပ်ကို.. ပလာစတာ ကြီးနဲ့ကပ်ပိတ်ပြပြီး....ဖေ့စ်ဘွတ်စာမျက်နှာကနေ… လိုရာဆွဲပြောနေတဲ့ စတေးတပ်တွေလောက်ပဲ..အဆင့်ရှိမှာတဲ့...။ ဘာ တန်ဖိုးမှ ရှိမှာမဟုတ်ဘူးတဲ့..။

နောက်ပြီး…ရွာဦးကျောင်းက..အဲဒီ “ပလာစတာကပ်ကိုရင်ကြီး”.. တို့ ဖွင့်တဲ့သင်တန်းတွေ..ဘာစကူးလ်.ညာစကူးလ် တွေ လည်း  အရင်ကလို…သွားတက်လို့လည်းမဖြစ်သေးဘူးဗျ....။ သူကလည်း.. အခုတလော..… ဆဲနည်းတွေနဲ့…ခွေးဘဝ ရောက်ကြောင်းတရားကောင်းတွေပဲ..သင်နေတာတဲ့..။ ကျနော်တို့ ခွေးဖြစ်ကုန်မှာပေါ့ဗျ.။စည်ကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ခေတ်ရဲ့..ပရမ်းပတာတွေပါဗျာ..။ မသွားချင်ပါဘူး..။ မပြိုင်ချင်ပါဘူး..။ ကျနော်တို့ဖာသာ..ကျနော်တို့..ရွာ့ပြင်မှာ အေး အေးဆေးဆေး သင်္ကြန်သီချင်းဆိုမယ်ဗျာ..။ သင်္ကြန်သံချပ်ထိုးမယ်ဗျာ..။ ဘာ..စိစစ်ရေးမှမလိုဘူး..။ ကဲ..သယ်ရင်းတို့ရေ.သ င်္ကြန်သံချပ်တိုင်ရအောင်..ဟေ့..။

“အလုပ်မရှိ..ကြောင်သန်းရှာ….သံချပ်တွေကို  စိစစ်ဦးမတဲ့”
“တလွဲဆံပင်ကောင်းတဲ့ ကိုအဝှာ…..စိစစ်ရမှာ..ပလာစတာကပ်တရား”
“ပလာစတာကပ်ပြီးအမုန်းဂြိုလ်မွှေ…တနှစ်ပိတ်တာ..နည်းသေးသဗျ”
ဟေ့..ရွှေလား
ဟေ့..စိန်လား..
ဟေ့လား…မောင်တို့…ဝါး..။

ဂျော်ဒီး
၂၄.၃.၂ဝ၁၇