နိုင်ငံရေးအကျဉ်းသားဟောင်းများ ညီလာခံကျင်းပ




နိုင်ငံရေးအကျဉ်းသားဟောင်းများ ညီလာခံကျင်းပ
(ဌေးအောင်၊ မိုးမခ) မတ် ၆၊ ၂၀၁၇



 
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ၏ စတုတ္ထအကြိမ်မြောက်ညီလာခံအား ယနေ့ (၅.၂.၂၀၁၇)နံနက်(၉)နာရီတွင် ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်ဘုရားလမ်းရှိ Orchid Hotel တွင်ကျင်းပရာ ပြည်နယ်နှင့်တိုင်းအသီးသီးရှိ နို်င်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်များမှ ကိုယ်စားလှယ်(၂၅၀)ခန့် တက်ရောက်ခဲ့သည်။





ညီလာခံတွင် နှစ်ပတ်လည်လုပ်ငန်းအစီရင်ခံစာတင်သွင်းခြင်း၊ ဘဏ္ဍာငွေစာရင်းရှင်းတမ်းတင်သွင်းခြင်း၊ ညီလာခံသဘောထားထုတ်ပြန်ကြေငြာချက်ထုတ်ပြန်ခြင်းနှင့် အမှုဆောင်ကော်မတီဝင်အသစ်များ ပြန်လည်ရွေးချယ်တာဝန်ပေးခြင်းအပါအ၀င် အစီအစဉ်(၁၉)ခုဖြင့် ကျင်းပခဲ့သည်။

ဓာတ်ပုံ-ဌေးအောင်