ဇာနီကြီး ● မြန်မာ့တပ်မတော်နဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်


ဇာနီကြီး ● မြန်မာ့တပ်မတော်နဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်
(မိုးမခ) မတ် ၁၀၊ ၂၀၁၇

၂၀၁၇ ခုနှစ်ဟာ မြန်မာ့တပ်မတော်ကို တရားဝင် ပြုပြင်ပြောင်းလဲနေတာ ၅ နှစ် သမတဦးသိန်းစိန်အပြီး ဒေါ်အောင်ဆန်းစု ကြည် ၁ နှစ်ပြည့်အချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်မှာ စစ်ဗိုလ်များက တိုင်းပြည်အုပ်ချုပ်လို့ နိမ့်ကျ ရှက်ဖွယ်ဖြစ်သွားရတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ မြန်မာ ၅ သန်းလောက် အလုပ်သွားလုပ်ရတယ်၊ တရုတ်ပြည် ကြွယ်ဝချမ်းသာလာပြီး အိမ်နီးချင်း ယူနန်ပြည်နယ်ကတဆင့် မြန်မာနိုင်ငံကို တရုတ်တွေချယ်လှယ်လာတော့ ပြုပြင်ပြောင်း လဲမှု မဖြစ်မနေ ဖြစ်လာရပါတယ်။

ဒါကြောင့် မြန်မာ့တပ်မတော်လည်း နိုင်ငံတော်အာဏာကို စွန့်ခွာရတယ်။ အရင် စစ်အာဏာရှင် ဗိုလ်နေဝင်းခေတ်လိုပဲ စစ် ဗိုလ်တွေပဲ စီးပွားရေးနဲ့ အုပ်ချုပ်ရေးဌာနတွေကို စစ်ဝတ်စုံချွတ်ပြီး နေရာယူထားပါတယ်။ စစ်အာဏာရှင် ဗိုလ်သန်းရွှေက စနစ်တကျ အာဏာလွှဲပေးတယ်။ ဖွဲစည်းပုံအခြေခ့ဥပဒေ ၂၀၀၈ နဲ့ သူ့ကိုနာခံမဲ့တပည့် ဗိုလ်သိန်းစိန်ကို အစိုးရခေါင်းဆောင်၊ ဗိုလ်မင်းအောင်လှိုင်ကို ကာကွယ်ရေးဦးစီးချုပ်ခန့်အပ်ပြီး တပ်မတော်ပြုပြင်ပြောင်းလဲရေးကို လုပ်ပါတယ်။ အခု ဒေါ်အောင် ဆန်းစုကြည်ခေတ်မှာ တပ်မတော် ဘာလဲ ဘယ်လဲ ဆိုတာ မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများအတွက် အလွန်အရေးပါတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

● တပ်မတော် ဘာလဲ၊ ဘယ်လဲ
ဒီမေးခွန်းကို ဖြေဖို့ကတော့ တပ်မတော်သမိုင်းကို လေ့လာရမယ်ဖြစ်ပါတယ်။ ပြီးမှ လက်ရှိတပ်မတော်ရဲ့အနေအထားကို ကြည့်ပြီး တကယ့်ရည်ရွယ်ချက်နဲ့ တကယ်လုပ်ကိုင်နေမှုအခြေအနေကို သိရပါမယ်။

နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ ဖြစ်စေချင်တာကတော့ တပ်မတော်ဟာ ပရိုဖက်ရှင်နယ် စစ်တပ်ကြီးဖြစ်ပြီး အကြီးမားဆုံး တရုတ်နိုင်ငံရဲ့ ခေတ်သစ်ကိုလိုနီအဖြစ်ကနေလွတ်မြောက်ဖို့ တပ်မတော်အင်အားကောင်းဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်နေတာကတော့ စစ်တပ်ဟာ နိုင်ငံရေးကိုလက်မလွတ်ပဲ မြန်မာပြည်အုပ်ချုပ်ရေးမှာ ၂၅ ရာခိုင်နှုန်း အမတ်များ၊ ကာ/ချုပ်နဲ့ ဝန်ကြီး ၃ ပါးကို စစ်တပ်က တိုက်ရိုက်ခန့်အပ်ထားပါတယ်။ နောက်တခု စီးပွားရေးကိုလည်း ဦးပိုင် ဆိုတဲ့အဖွဲ့နဲ့ အကြီးကျယ်လုပ်ကိုင်လျှက်ရှိပါတယ်။ ခပ်ရှင်းရှင်းရေးရရင် တပ်မတော်ဟာ အချိန်မရွေး စစ်တပ်အာဏာသိမ်း နိုင်အောင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (ခြေ/ဥ) ကို ရေးဆွဲ ပြဌာန်းထားပါတယ်။

ဒါကြောင့် အခု အင်အယ်ဒီအစိုးရ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို အလွန်လိမ်မာပါးနပ်စွာ ကိုင်တွယ်နေတယ် ဆိုပေမဲ့ အင်မတန်ခက်ခဲပါတယ်။ ယခင် သမတဦးသိန်းစိန်ခေတ်ကတည်းက ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်နဲ့ စစ်ခေါင်း ဆောင်များကို အနီးကပ်ခေါ်ထားပြီး၊ စီနီယာစစ်ဗိုလ်အဖြစ် အုပ်ချုပ်ခဲ့ပါတယ်။ ဗိုလ်မင်းအောင်လှိုင်ကို ပခုံးယှဉ်နိုင်မဲ့ ရွယ် တူစစ်ဗိုလ်ချုပ်များကို အငြိမ်းစားယူစေပြီး ကြံခိုင်ရေးပါတီအမတ်များအဖြစ်လည်းကောင်း၊ ဝန်ကြီးနဲ့ ဦးပိုင်စီးပွားရေးများမှာလည်းကောင်း ရွှေ့ပြောင်းပစ်လိုက်ပါတယ်။ ကာ/ချုပ် အသက်ကို ၆၅ နှစ် ပြန်သတ်မှတ်လိုက်တော့ လက်ရှိစစ်တပ်မှာ ကာ/ ချုပ်သာလျှင် အသက် ၆၀ ကျော်ဖြစ်ပြီး ကျန်လူများဟာ သူ့ထက် ရာထူးငယ်၊ အသက်လည်း ငယ်ကြပါတယ်။

ကာ/ချုပ် ဗိလ်မင်းအောင်လှိုင်ကို အနားယူသွားတဲ့ စစ်အာဏာရှင် ဗိုလ်သန်းရွှေနဲ့ စစ်အာဏာရှင်ဟောင်းများရဲ့ အသက်စည်း စိမ်ကာကွယ်ဖို့ မွေးထား၊ ခန့်ထားပေမဲ့ တကယ်ဖြစ်နေတာက စစ်အာဏာရှင်စနစ်ကို ကာကွယ်ထားခြင်းပဲ ဖြစ်နေပါတယ်။

ဒါ လက်ရှိအခြေအနေပဲ ဖြစ်ပါတယ်။

● စစ်တပ်နဲ့အစိုးရ အာဏာပြိုင်ပွဲ
အရင် သမတဦးသိန်းစိန် လက်ထက်ကတော့ စစ်အာဏာရှင်ဟောင်းတွေ တသက်လုံး စည်းစိမ်မပျက် နေသွားမဲ့အခြေအနေ ဖြစ်ပါတယ်။ အာဏာရှိတဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာရှိတုန်း စားထားဝါးထားမယ်။ အာဏာမဲ့သွားရင် ဗိုလ်နေဝင်း၊ ဗိုလ်ခင် ညွန့်တို့လို ထောင်နန်းစံ စည်းစိမ်ပြုတ်သွားမယ်။ ဒါမျိုးမဖြစ်ပဲ စစ်ဗိုလ်ချုပ်အားလုံး အာဏာရှိ၊ အာဏာမဲ့ စစ်ဗိုလ်အမျိုးတွေ အားလုံးကောင်းစားဖို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြဌာန်းထားပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီအစိုးရဖြစ်လာတော့ နံပါတ် (၁) ရည်ရွယ်ချက်က ခြေ/ဥ ကို ပြင်ဆင်ဖို့ပါပဲ။ ဒါပေ မဲ့ အစိုးရအာဏာရရှိသွားချိန်မှာ တိုင်းပြည့်ရဲ့ မွဲတေမှုအတွက်  ....
၁။ စီးပွားရေးလမ်းကြောင်းမှန်ရောက်ရေးနဲ့
၂။ ငြိမ်းချမ်းရေးလမ်းမှန်ရောက်ရေးတို့ကို တပြိုင်တည်းလုပ်နေရပါတယ်။

ဒါကြောင့်တပ်မတော်နဲ့ ထိပ်တိုက်မရင်ဆိုင်ဖို့ ခြေ/ဥ ပြင်ဆင်ရေးကို အသံလျှော့ထားလိုက်ရပါတယ်။ အသံလျှော့ထားပေမဲ့ အလုပ်တွေကတော့ အပြင်းအထန်လုပ်နေပါတယ်။

စာရေးသူခံယူချက်က လူနဲ့မူဝါဒ ဘယ်ဟာအရေးကြီးသလဲဆိုရင် လူပဲအရေးကြီးတယ်လို့ ပြောရပါမယ်။ တပ်မတော်နဲ့ အင်အယ်ဒီခေါင်းဆောင်တွေလဲ လူကိုပဲ အဓိကထားကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ လူကိုအပြစ်မပြောပဲ မူဝါဒစနစ်ကိုပဲ ပြောရမှာ ဖြစ်ပါတယ်။ စနစ်ကိုပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အယ်ဒီပါတီနဲ့ တပ်မတော်တိုက လုပ်ဆောင်နေမှုများမှာ လူတွေကို ပြောင်းလဲနေရာချထားခြင်းများနဲ့ လေ့လာနိုင်ပါတယ်။

● သုံးသပ်ချက်
လက်ရှိအခြေအနေကိုကြည့်ရင် စစ်တပ်ခေါင်းဆောင်များက ခြေ/ဥ ကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ခြင်းက သူ တို့ အာဏာတွေထိမ်းထားခြင်လို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တရုတ်ပြည်မကြီး အန္တရာယ်၊ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များကို တရုတ်ပြည်မကြီးက ပံ့ပိုးကာကွယ်ပေးထားတာတွေကြောင့် တပ်မတော် နိုင်ငံရေးမှာ အင်အားမရှိရင် မြန်မာနိုင်ငံပြိုကွဲသွားမယ်ဆိုတဲ့ ဒို့အရေးတာဝန်များကို မဖျက်သေးပါဘူး။

တပ်မတော်သားတွေဟာ စစ်တန်းလျားကို ပြန်ဝင်သွားတာတော့ သမတဦးသိန်းစိန်လက်ထက်ကတည်းက အံ့သြဘွယ်ရာ မြင်တွေ့လိုက်ရပါတယ်။ အရပ်သားဌာနဆိုင်ရာများ တန်ခိုးအာဏာကြီးလာပေမဲ့ အလွန်အရေးကြီးတဲ့ တိုက်ပွဲတွေကို ကာ/ချုပ်နဲ့စစ်တပ်သဘောကျ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ နောက်တခု စီးပွားရေးမှာလည်း အဂတိအလွန်ကြီးတဲ့ အခွန်ဌာန၊ ဥိးပိုင်ဌာနတွေကိုလည်း စစ်အာဏာရှင်အုပ်စုက ကိုင်တွယ်ထားဆဲဖြစ်ပါတယ်။ အရေးကြီးဆုံး တရားရေးဌာနကို စစ်အာဏာရှင်ထောက်ခံတဲ့ တရားသူကြီးအုပ်စုက ဆုပ်ကိုင်ထားပါတယ်။ တရားသူကြီးချုပ်က အသက် ၇၀ ထိ နောက်ထပ် ၁၀ နှစ် ခြေ/ဥ ကာကွယ်မယ်၊ နောက်ဆက်ခံမဲ့ တရားသူကြီးတွေလည်း စစ်အာဏာရှင်များ ခန့်အပ်ထားတဲ့ သူတို့နဲ့ဆွေမျိုးပါတော်စပ်နေတယ်။

မြန်မာသမိုင်းကိုလေ့လာရင် စစ်အာဏာရှင်ဗိုလ်နေဝင်း စရိုက်မကောင်းသူလက်ထဲ နိုင်ငံတော်အာဏာရသွားတာ၊ ဘာ သာရေးဘုန်းကြီးလိုလို ဝန်ကြီးချုပ်ဦးနု အုပ်ချုပ်နေလို့ တနည်းအားဖြင့် ထက်မြက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်များလုပ်ကြံခံလိုက်ရခြင်းကနေ စတင်ပါတယ်။ ဒီတခါ ထက်မြက်တဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရွေးချယ်တဲ့ အစိုးရအဖွဲ့ကို တရုတ်နဲ့အမေရိကန်ကလည်း ထောက်ခံထားခြင်းက ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့ လုံးဝအရည်ချင်း ကွားခြားပါ တယ်။ တိုင်းပြည်နောက်ထပ် နှစ် ၅၀ မက ကောင်းစားမဲ့အခြေအနေကို ဦးတည်နေပါပြီ။ စစ်အာဏာရှင်များကို မေတ္တာ၊ သစ္စာနဲ့ ဘယ်လို ထိမ်းချုပ်သွားမလဲဆိုတာ ပိတ်ကားပေါ်ကြည့်ရပါတယ်။ အထင်တော့ သေးလို့ (လုံးဝ) မဖြစ်ပါဘူး။ လူပိန် နည်းနဲ့ ဂဠုန်ဦးစောလိုလူမျိုးက အင်အယ်ဒီဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံပြသွားပြီမဟုတ်ပါလား။ သတိကြီးစွာထားရပါ တော့မယ်။

တပ်မတော်ရဲ့ မူဝါဒကတော့ စစ်လက်နက်နည်းပညာကို တရုတ်၊ ထိုင်းနိုင်ငံ စစ်တပ်တွေကိုယှဉ်နိုင်ဖို့ လောလောဆယ် ရုရှားစစ်လက်နက်များကို ဝယ်ယူမယ်။ အမေရိကန်လက်နက်များကိုနှစ်သက်ပေမဲ့ တရုတ်နဲ့ရုရှားတို့ကို ကြောက်နေရဆဲ ဖြစ်တော့ အီးယူဥရောပလက်နက်များနဲ့နည်းပညာများကို တဖြေးဖြေး အစားထိုးမယ်။ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင် ၂၀၁၆ အီးယူ ကာ/ချုပ်များ ညီလာခံကို တက်ရောက်ခဲ့သလို မြန်မာစစ်ဗိုလ်များကို ဗြိတိန်နိုင်ငံမှာ ပညာတော်သင်စေလွှတ်နေပါပြီ။ တပ်မတော် ကြည်းရေလေကို ပရိုဖက်ရှင်နယ်လို ထက်မြက်လာအောင်လုပ်နေတာကတော့ အင်အယ်ဒီနဲ့စစ်တပ် ခေါင်းဆောင်များ စိတ်တူကိုယ်တူ လုပ်နေကြပါတယ်။ ဒါပေမဲ့ ခြေ/ဥ ပြင်ဆင်ဖိုကတော့ လုံးဝ ဆန့်ကျင်ဖက် ပြဒါးတလမ်း သံတလမ်းပါ။ အာဏာကို ဆုပ်ကိုင်ထားချင်ကြတာကိုး။ တပ်မတော် အတွင်းကျကျ လေ့လာကြည့်ရင် လူထုစည်းရုံးရေး၊ တပ်မတော်စီးပွားရေး၊ နာမည်ကြီးဆရာတော်များနဲ့ မဘသဘုန်းကြီးများကို လိုက်လံတွေ့ဆုံရေးတွေလုပ်နေကြတာ မြင်နိုင် ပါတယ်။ စီနီယာ စစ်ဗိုလ်ကြီးများ မထိန်းချုပ်နိုင်ရင် ဂျူနီယာစစ်ဗိုလ်များ အာဏာသိမ်းမယ့်အရေးလည်း သတိထားရပါတယ်။

● နိဂုံး ..
အခြေအနေကတော့ စစ်အာဏာရှင်တို့ လက်ဝါးအုပ်ထားဆဲ ဖြစ်ပါတယ်။ အင်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ ခေါင်းဆောင်တွေ ငွေ၊ အာဏာနဲ့သာယာပြိး စစ်အာဏာရှင်များနဲ့ သားသမီးလက်ထပ် ဆွေမျိုးများပဲ ဖြစ်သွားမလား စိုးရိမ် မိပါတယ်။ ဒါပေမဲ့ တရုတ်ပြည်ပြောင်းလဲမှုကို တိန့်ရှောင်ဖိန့်က ဘယ်လိုလုပ်သွားသလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီခေါင်းဆောင်များက ကောင်းကောင်းသိကြသလို ဗိုလ်မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်များက သိကြမယ် မ ထင်ပါဘူး။ ဒါတခုပဲ အားသာချက်ဖြစ်ပါတယ်။

သာယာဝပြောတဲ့ နိုင်ငံတော်သစ်ဆီ တပ်မတော်ခေါင်းဆောင်များ တကယ်ပဲ အတူလက်တွဲချီတက်နိုင်မယ်လို့ အကောင်း မြင် မျှော်လင့်ပါကြောင်းပါခင်ဗျား။

ဇာနီကြီး
မတ် ၈၊ ၂၀၁၇

ကိုးကားဖတ်ရန်။
https://en.wikipedia.org/wiki/Tatmadaw တပ်မတော်
https://en.wikipedia.org/wiki/Myanmar_Army ကြည်းတပ်
https://en.wikipedia.org/wiki/Min_Aung_Hlaing ဗိုလ်မင်းအောင်လှိုင်