
ချက်ကြီး
ဂျိုဇော်
မတ် ၂၅၊ ၂၀၁၇
ချက်ကြီး
အသက်ကြီးပြီ...
ထညက်မီး ထနောင်းခေါက်
သောက်လို့ကောင်းတုန်း ။
ဇနီး၊ သမီး၊ သားကြောင့်
အမြည်းစားနိုင်တာကိုပဲ
သူကြီးဘုရားတည်ရသလို ။
စာလည်းမတတ်
ရွာလည်းမကပ်နဲ့
နတ်ဝှက်တဲ့ ရွှေအ လို
ဘာဆိုဘာမျှမသိ ။
အစိတ်သား မသိ။
၂၁ ပင်လုံ မသိ။
၆၆(ဃ) မသိ။
မူးတုန်း မေးကြည့်
ဗိုလ်ချုပ်တော့သိသတဲ့။
ဗိုလ်ချုပ်သမီးတော့သိသတဲ့။
သူ့လက်သန်း မင်တို့တော့
နင်တို့အဖေ ငါဟဲ့
အကွက်ထဲတည့်တည့်ချိန်
လက်ငြိမ်ခဲ့တဲ့ ချက်ကြီး။
ရွာထဲ
လက်မည်းကြီးကိုကြောက်။
ငလျင်ကိုကြောက်။
အရှေ့အနောက်တောင်မြောက်
ကြောက်ချင်တိုင်းကြောက်။
ချက်ကြီးက သောက်ကောင်းတုန်း။
ဘယ်လောက်မူးမူး၊ ဘယ်လောက်ရူးရူး
ဘယ်လောက်လဲလဲ၊ ဘယ်လောက်ကွဲကွဲ၊
ဘယ်လောက်ဖျက်ဖျက်၊ ဘယ်လောက်ပျက်ပျက်
ချက်ကြီးလူကြမ်း
သူ့လက်သန်းကို ဆုပ်ထားတယ်။ ။
ဂျိုဇော်
25-3-17