ဇော်အောင် (မုံရွာ) ● ဘယ်သူ့မှာ တာဝန်ရှိလဲ ...

ဇော်အောင် (မုံရွာ) ● ဘယ်သူ့မှာ တာဝန်ရှိလဲ ...
(မိုးမခ) မတ် ၃၀၊ ၂၀၁၇

ဒါမြန်မာပြည် အလုပ်ရှားပါးမှု
တောင်ကိုးရီးယာနိုင်ငံ ဆိုးလ်မြို့ အလုပ်သွားလုပ်ဖွှို (တနည်းအားဖြင့် လုပ်စားခြင်း) ပေါ်တင်ဖြစ်ပေါ်ခဲ့ပါတယ်။ ကျနော် စင်ကာပူ အလုပ် လုပ်သား ၃၀၀၊ ၂၀၀၊ ၁၀၀၊ ၅၀ စသဖြင့် အော်ဒါရလို့ အလုပ်သမားအင်တာဗျူးကို စင်ကာပူကုမ္ပဏီအဖွဲ့ နဲ့ ရန်ကုန်မှာ လုပ်ဆောင်ပေးတာ ဒါလောက် သရုပ်မပျက်ပါဘူး။ တနည်းအားဖြင့် လူတွေရဲ့ အလုပ်မရှိ လစာ ၁ သိန်းပဲရတဲ့ အားနည်းချက်ကို အသုံးချလုပ်စားတာကို အလုပ်သမားဝန်ကြီးဌာနကပါ ခွင့်ပြုခြင်းအတွက် အံ့သြမိပါတယ်။

စင်ကာပူအလုပ်ခေါ်ရင်
သတင်းစာမှာ ၃ ရက်ဆက်ကြော်ငြာတယ်။ ဖောင်ဖိုးမယူ ကြိုတင်ငွေ ၄ သောင်းယူတယ်။ အလုပ်မရမှ စရိတ်နှုတ် ပြန်ပေး မယ်။ အင်တာဗျူး ဟိုတယ်တခုမှာ စင်ကာပူအဖွဲ့နဲ့ တရက် လူဦးရေ ၅၀၀၊ ကိုယ်ရေးဖြည့်တယ်။ တတိယနေ့မှာ ဖိုင်နယ် အင်တာဗျူးလုပ်တယ်။ စင်ကာပူဆိုက်ကားသမားခေါ်ပြီး အင်တာဗျူးခိုင်းတဲ့ လူလိမ်တွေ အတော်နည်းသွားပါပြီ။ တကယ် ကုမ္ပဏီကပဲ လာပါတော့တယ်။

စင်ကာပူအဖွဲ့ပြန်သွားပြီး နောက် ၂ ပတ်ဆို စင်ကာပူက အောင်မြင်သူများကို အစိုးရပါမစ်ထုတ်ပေးတယ်။ မြန်မာအလုပ် သမားပါမစ် WP Work Permit ကိုင်ပြီး စင်ကာပူ လာအလုပ်လုပ်ရုံပါ။ ဝန်ဆောင်ခ ဒေါ်လာ ၂၀၀၀ တရားဝင် စင်ကာပူ အစိုးရက ယူခွင့်ပေးတယ်။ ပိုယူရင် ဖောက်ဖျက်မှုဖြစ်ပြီး အေးဂျင့်လိုင်စင် သိမ်းခံရနိုင်တယ်။

အခုကိစ္စ ရုတ်ပျက်ဆင်းပျက် လူမျိုး နိုင်ငံနဲ့ချီ သိက္ခာကျစေလို့ အုတ်သောင်းဖြစ်အောင် လုပ်စားစီစဉ်တဲ့ကုမ္ပဏီနဲ့ အလုပ် ကိုင်ရှာဖွေရေးအဖွဲ့ကို ထုခြေလွှာတင်ခိုင်းပြီး အရေးယူရပါမယ်။

လျှောက်လွှာဖိုး ကျပ် ၂ သောင်းနဲ့ ၃ သောင်းကျော်ဖိုး သိန်းတသောင်းကျော်ကို လူတွေအားနည်းချက်အပေါ် ဘောင်ဝင် အောင် လိမ်လည်လုပ်စားတဲ့ ဝန်ဆောင်မှုကြီးမားခြင်း တနည်းအားဖြင့် ပွဲခ အဆမတန်တောင်းခြင်း ဖြစ်ပါတယ်။ နာမည် ကျော် ဂေါက်သီးကွင်း အသင်းဝင်ကြေး နင်းကန်တောင်းတာ သူဌေးတွေအပေါ်လုပ်စားလို့ ပြဿနာမရှိပေမဲ့ မရှိမဲ့ ပြည်သူ တွေအပေါ် မက်လုံးမဖြစ်စလောက်နဲ့ အသင်းဝင်ကြေး နင်းကန်တောင်းတော့ အောင့်သက်သက် ပေးရပါတယ်။

ဥပမာ အင်ဂျင်နီယာအသင်းဝင်ဖို့ အင်ဂျင်နီယာကောင်စီဝင်ဖို့ နှစ်စဉ်ကြေး သင်တန်းကြေးတွေ နင်ကန်တောင်းခြင်းကလည်း လစာနည်း မပေးနိုင်တဲ့ လူငယ်အင်ဂျင်နီယာများစွာကို တက်လမ်းပိတ်သလို ဖြစ်နေပါတယ်။ ပိုက်ဆံပုံပေးပြီး PE လက်မှတ် ယူ ဧည့်ပါမောက္ခရာထူးပေးခြင်းမျိုး လုပ်ပေးသူများကို အရေးယူမှုမရှိတာလည်း ဝမ်းနည်းစရာပါ။

မြန်မာပြည် လာဘ်ပေး လာဘ်ယူနည်းခြင်း ကမ္ဘာ့အဆင့် ၁၃၆ ကနေ မလေးရှားရဲ့ အဆင့်၄၉ ရောက်လာဖို့ နှစ်၂၀ လောက် စောင့်ရပါဦးမယ်။ နာမည်ကျော် စာရေးဆရာကြီး (ဦး) ကျော်ဝင်းကတော့ အဂတိကင်းအောင် နှစ် ၄၀ ကြာတဲ့ ရာဇဝင်ရှိ ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကို ဟောပြောဆွေးနွေးသွားပါတယ်။ ဒါပေမဲ့ အနှစ်၂၀ အတွင်းမှာ အင်အယ်ဒီနဲ့ ကြံ ခိုင်ရေးပါတီကြီး ၂ ခုက အကောင်းမြင်ပြုပြင်ပြောင်းလဲသမားတွေ ပေါ်လစီသဘောတူဖို့ ညှိနှိုင်းပူးပေါင်းလုပ်ရင်မကြာပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း တပ်မတော်နဲ့ ငြိမ်းချမ်လာမှာပါ။

မြန်မာပြည်က Service Industry 60 ရာခိုင်နှုန်းလောက်ရှိနေတာ သူဌေးနိုင်ငံတွေနဲ့တူနေတာလည်း ပြောင်းလဲအောင် လုပ် နေပါတယ်။ ကမ္ဘာ့အဆင်းရဲမွဲတေဆုံးနိုင်ငံမှာ ဝန်ဆောင်မှု Service Industry 20 ရာခိုင်နှုန်းအောက်ပဲရှိသင့်ပါလျက်နဲ့ 60 ရာခိုင်နှုန်းအထက်ဖြစ်နေတာ ဌာနဆိုင်ရာ အဂတိမှုနဲ့ အခွန်စနစ် အားနည်းခြင်းကြောင့်ပါ။

အခု ရင်းနှီးဥပဒေသစ်ကြောင့် အခွန်ရှောင်မြေသိမ်း လုပ်အားခေါင်းပုံဖြတ် ကုမ္ပဏီတွေ မလာရဲတော့ မြန်မာပြည် စီးပွားကျ တယ်။ ခြင်ကောင် ယင်ကောင်တွေ မလာလေ ကောင်းလေပါ။ ကုမ္ပဏီကောင်းတွေ ဒီနှစ်ကုန်ဆို လာကြမယ်။ အထူးသဖြင့် လျှပ်စစ်ထုတ်လုပ်မှုကို ဗီယက်နမ်ဓါတ်ငွေ့တာဘိုင်လိုမျိုး ဓါတ်အားပေးရုံများစွာလာဖို့ FDI Foreign Direct Investment တွေလာဖို့ မြန်မာအစိုးရဌာနဆိုင်ရာအကြီးကဲနေရာတွေကို လူတော်လူကောင်းတွေ နေရာရစေရပါမယ်။ ပြည်ပအလုပ်ကိုင် ရှာဖွေရေးအသင်းဖွဲ့နဲ့ အလုပ်သမားဝန်ကြီးဌာနကို တည့်မတ်ဖို့ Institution Team (သို့မဟုတ်) လွှတ်တော်ကော်မရှင်က ဦဆောင်သင့်ပါတယ်။ ပြည်ပအလုပ်သမားကော်မရှင် ပြည်ပရောက်မြန်မာ ၅ သန်းကျော်နဲ့ နောက်လာနေဆဲ မြန်မာလူငယ် လေးတွေအတွက် အစိုးရကလုပ်ပေးရပါမယ်။ Human resource လုပ်သားအရင်းမြစ်ပါ။ ရန်ကုန်မှာ လစာ တလ ၁ သိန်းခွဲ ပဲရတယ်။ ကိုးရီးယားမှာ ၁၀ သိန်း၊ စင်ကာပူမှာ သိန်း ၂၀ ဆိုတော့ လူငယ်မကဘူး အသက်၆၀ လူကြီးလည်း မက်မောမှာပါပဲ။
.
မြန်မာပြည်မှာ ထိုင်း၊ မလေးရှားနိုင်ငံတွေက ကုန်ထုတ်လုပ်ငန်းစက်ရုံများ ရင်းနှီးဖို့ Ease of Doing Business ကောင်းရပါ မယ်။ ဒါမှ အလုပ်ပေါလာပါမယ်။ ပြည်ပထွက်စရာမလို စင်ကာပူမှာ လစာ ၂၀ သိန်း နေစား သွားလာ စရိတ်က ၁၅ သိန်း မိုးလင်းက မိုးချုပ်ထိလုပ်ရ၊ ၂ နှစ်လောက်လုပ်ပြီး မစုဆောင်းမိသူတွေများပါတယ်။ မြန်မာပြည်မှာပဲ လစာ တလ ၅ သိန်း အလုပ်တွေ ပေါလာဖို့ နိုင်ငံခြားနည်းပညာကုမ္ပဏီကြီးတွေ မြန်မာပြည် မြန်မြန်လာဖို့ လုပ်ဆောင်ရပါမယ်။

နိဂုံး
ကိုးရီးယားအလုပ် လုပ်စားတာကတော့ အရေးယူရပါမယ်။ ဘာသာစကားသင်တန်းတွေ ဈေးကြီးပေးပြီး သင်တန်း ၃ လ ၆ လပြီးရင် အင်တာဗျူးစီစဉ်ပေး ကိုးရီးယာ၊ မလေးရှား၊ ဒူဘိုင်း၊ ဂျပန်ဆိုက်ကားသမားနဲ့ အင်အာဗျူးခိုင်း အလုပ်ရမလိုလို လိမ်ညာသင်တန်းတွေလည်း အလွန်များနေကြောင်းပါခင်ဗျား။ အပေါ်ပိုင်းကဖြစ်ရပ်တွေတော့ ဉာဏ်မမှီလို့ မသိပါ။ ကိုးရီး ယားအလုပ်ကိုင်၊ ဒါက အောက်ခြေမှာ အောက်ပိုင်းမှာလုပ်စားနေတဲ့ ဖြစ်ရပ်ပါ။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။

ဇော်အောင်
မတ် ၂၄၊ ၂၀၁၇