ဦးညိုဝင်း(ရွှေကျင်၊ပဲခူး) ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနား


ဦးညိုဝင်း(ရွှေကျင်၊ပဲခူး) ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနား
(မိုးယံမခ) မိုးမခ၊ မတ် ၁၀၊ ၂၀၁၇

ဦးညိုဝင်း(ရွှေကျင်၊ပဲခူး) ကျဆုံးခြင်း ၂၆ နှစ်ပြည့်အခမ်းအနားကို ၈၊ ၂၊ ၁၇ ရက်နေ့ နံနက်ပိုင်းက မြင်သာ၊ တောင်ဥက္ကလာ စိတ်တိုင်းကျစားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။






ဦးလှရွှေ(အထွေထွေအတွင်းရေးမှူး ပြည်သူ့တိုးတက်ရေးပါတီ)၊ ဦးလေးမြင့်(ပြည်သူ့တိုးတက်ရေးပါတီ)၊ ဦးဖေအောင်(ကိုကိုးကျွန်းပြန်နိုင်ငံရေးအင်အားစု)၊ ဦးငွေလင်း(အထွေထွေအတွင်းရေးမှူး-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)၊ ဦးထွန်းဝင်းငြိမ်း(ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်)
ဦးလင်းထင်(မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ)တို့က အမှတ်တရဂုဏ်ပြုစကား ပြောကြားခဲ့ကြပါတယ်။


ဦးညိုဝင်း ဇနီး ဒေါ်စန်းပွင့်က ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။


အခမ်းအနားကို အခမ်းအနားမှူးအဖြစ် ကိုယဉ်ထွန်း (ယဉ်မျိုးစာပေ)က ဆောင်ရွက်ခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ဦးညိုဝင်းကိုချစ်ခင်လေးစားသူများ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါတယ်။


ဦးညိုဝင်းဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားညီညွတ်ရေးတပ်ဦး ဥက္ကဋ္ဌ၊ ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် အတွင်းရေးမှူးချုပ်၊ ပြည်သူ့တိုးတက်ရေးပါတီ အတွင်းရေးမှူးအဖွဲ့ဝင် တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၉၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့က အင်းစိန်ထောင်ထဲမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။