လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (11)

လောကဓာတ်ခန်း သာဂိ  - Office Application in the Cloud (11)
(Cloud Computing Basics with Google App and Facebook)
(မိုးမခ) မတ် ၂၊ ၂၀၁၇


ယခင်အပတ်က ဂူးဂဲပြက္ခဒိန်နဲ့ ပတ်သက်လို့ အသုံးချစရာ ဥပမာ

သင်တန်းဆရာတွေက ဂူးဂဲပြက္ခဒိန်မှာ မိမိတို့ သင်တန်း အချိန်စာရင်းကို သင်တန်းသားတွေ အီးမေးနဲ့ မျှဝေပြီး သင်တန်းချိန်တွေ၊ သင်မယ့်အကြောင်းအရာတွေကို ကြိုတင် မိတ်ဆက်လို့ ရပါတယ်။ စာမေးပွဲ ရှိမယ်ဆိုရင်လည်း အချိန်ကို ပြက္ဒဒိန်မှာ တင်ပြီး သတိကြိုပေးတဲ့ ဆက်တင်နဲ့ အီးမေးတွေဆီ ပို့ခိုင်းလို့ ရပါတယ်။ သင်တန်းသားတွေနဲ့ ပျော်ပွဲစား ထွက်စရာရှိရင်လည်း ပြက္ခဒိန်ကနေ တဆင့် invite လုပ်ပြီးတော့ အီးမေးတွေဆီ ပို့လို့ရကြောင်းကိုလည်း သင်တန်းမှာ သရုပ်ပြလို့ ရပါတယ်။

အခုလာပြီ ဂူးဂဲဒရိုက် - Google Drive

ဂူးဂဲဒရိုက်ဆိုတာဟာ တိမ် (cloud) ပေါ်တင်ထားတဲ့ my document ပဲ ဖြစ်ပါတယ်။ ဘယ်ကွန်ပျူတာ၊ ဖုန်းတွေကမဆို ဂူးဂဲအီးမေးအကောင့်ကနေ ၀င်ပြီး ချိတ်ဆက်လို့ ရပါတယ်။ အီးမေးလိုပဲ အမြဲဝင်ကြည့်လို့ရတယ်၊ သိမ်းဆည်းလို့ ရတယ်၊ ဖန်တီးလို့ရတယ်၊ သူများတွေဆီလည်း ရှယ်ပေးလို့ ရတယ်။ ဂူးဂဲဒရိုက်မှာ သာမန် ဖိုတိုတွေ၊ ပီဒီအက်ဖ်ဖိုင်တွေအပြင် မိုက်ခရိုဆော့မှာ ပါတဲ့ doc, excel, powerpoint တွေကိုလည်း ဂူးဂဲပုံစံနဲ့ သုံးစွဲ ဖန်တီး သိမ်းဆည်း မျှဝေလို့ ရပါတယ်။

  • Documents: For composing letters, flyers, essays, and other text-based files (similar to Microsoft Word documents)
  • Spreadsheets: For storing and organizing information (similar to Microsoft Excel workbooks)
  • Presentations: For creating slideshows (similar to Microsoft PowerPoint presentations)

သူ့ ICON လေးတွေကတော့ အထက်မှာ ပြထားတဲ့ ပုံလေးတွေပါပဲ။

ဂူးဂဲဒရိုက်ဆိုတာ သင်တို့ဆီမှာ ရှိတဲ့ USB Drive တွေလိုပဲ ဖိုင်ပေါင်းစုံ သိမ်းဆည်းထားပြီး ကိုယ်နဲ့အတူ (အင်တာနက်ဖြင့်) သွားလေရာ သယ်ဆောင်လို့ ရတဲ့ သဘောဖြစ်ပါတယ်။ ပြီးတော့ သူက ဆိုဇ်အရ ဖရီး 15 GB ပေးထားတော့ အတော်ကို သွားလေရာ ဆန့်တဲ့ my docuemnt folder လည်း ဖြစ်ပါတယ်။ ဒါကို သင်တန်းဆရာက သင်တန်းသားတွေ အသုံးချတတ်အောင် သင်ပေး ပြသပေးရမှာ ဖြစ်ပါတယ်။

ဂူးဂဲဒရိုက်ဆီ ဘယ်လိုသွားမလဲ

Viewing your Google Drive


ဂျီမေးသို့မဟုတ် ဂူးဂဲဒေါ့ကွန်က ညာဖက် အပေါ်ဒေါင့်က အစက်တွေကို ဆွဲချလိုက်တာနဲ့ ဒရိုက်အိုင်ကွန်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကို နှိပ်လိုက်ပါ။

labeled graphic

ဒရိုက် မြင်ကွင်းဟာ ဂျီမေးမြင်ကွင်းနဲ့ အလားသဏ္ဍန်ချင်း တူပါတယ်။ သင်တန်းဆရာက ဒရိုက်မြင်ကွင်းက အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို သင်ပေး ရှင်းပြပေးရပါမယ်။ ဒါတွေကတော့ …


Search လုပ်လို့ရတဲ့ နည်း။



ဖိုင်တွေကို လင့်ခ်ယူတာ၊ ရှယ်တာ၊ ဖွင့်ကြည့်တာ၊ ဖျက်ပစ်တာတွေ လုပ်လို့ရတဲ့ အက်ရှင်ခလုပ်တွေ အကြောင်း။




ဖိုင်စာရင်းတွေ  List display ကို ဘယ်လို စီမလဲ။



ဘယ်ဘက်ကော်လံက ဖိုလ်ဒါလစ်တွေ ၊ ကိုယ့်ဖာသာလည်း ဖိုလ်ဒါတွေ ဖန်တီးနိုင်တဲ့ အကြောင်း။


New  ကို ဆွဲချလိုက်တဲ့အခါ ဖိုင်ဖော်မက် အမျိုးမျိုး ( Docs, Sheets, Slides) တွေ အခြား ဖိုင်၊ ဖိုလ်ဒါတွေကို ဖန်တီး နိုင်တဲ့အကြောင်းတွေ။



ဂူးဂဲက ဒရိုက်မှာ ဖိုလ်ဒါတွေအပြင် Incoming, Recent, Starred, Trash ဆိုပြီး ခန့်ခွဲရတာ စီမံရတာ လွယ်ကူအောင် ဖြတ်လမ်းတွေ (short cut ) တွေ ထည့်ပေးထားတဲ့ အကြောင်း။


အလယ်က မိန်းဝင်းဒိုးမှာက view pane လို့ ခေါ်တယ်၊ အဲသည်မှာ ဖိုင်စာရင်းက တခုချင်းစီရဲ့ ဖိုင်တွေ အမည်၊ ပိုင်ဆိုင်သူ၊ အချိန် နေ့စွဲတွေ စတာကို တွေ့နိုင်တဲ့အကြောင်း။

စတာတွေကို သင်တန်းဆရာက မိတ်ဆက် ရှင်းလင်း ပြရမှာ ဖြစ်ပါတယ်။

Google Drive on your Computer Desktop

Screenshot of Google Drive for Desktop

ခုနင်က ဒရိုက်ဝင်းဒိုး ဆိုတာက ၀က်ဘရောက်ဇာထဲကနေ ၀င်ရတဲ့ ဒရိုက်မြင်ကွင်း ဖြစ်ပါတယ်။ သင်တန်းဆရာက နောက်တဆင့် ထပ်ရှင်းပြရမှာကတော့ ဒရိုက်ကို ဘရောက်ဇာမှာတင် ကြည့်တာ အသုံးချတာတင်မက၊ မိမိကွန်ပြူတာ ဒက်စတော့ပေါ်မှာလည်း တိုက်ရိုက် ဒရိုက်တခု၊ ဖိုလ်ဒါ တခုလို တင်ထားလို့ ရတယ်ဆိုတာကို သင်ပြပေးဖို့ ဖြစ်ပါတယ်။

အဲသည်အတွက် သင်တန်းကွန်ပြူတာတွေမှာ ဂူးဂဲဒရိုက် desktop app ကို install လုပ်ရပါမယ်။ ပြီးတော့ သက်ဆိုင်ရာ အီးမေးနဲ့ logon လုပ်ရပါမယ်။ ပြီးတော့ sync ဆိုတဲ့ နည်းနဲ့ တိမ်ပေါ်က ဒရိုက်တခုလုံးကို ကွန်ပြူတာပေါ်က ဒက်စတော့ဒရိုက်နဲ့ တထပ်တည်း ဆွဲချ ဒေါင်းလုပ် လုပ်ထားရပါမယ်။ ဒါဆိုရင်ဖြင့် ဒရိုက်ကို ဘရောက်ဇာဝင်းဒိုးကနေ သွားတဲ့နည်းကော၊ မိမိကွန်ပြူတာ ဒက်စတော့ ဒရိုက် အက်ပလီကေးရှင်းကနေ သွားတာကောပါ သင်တန်းသားတွေ သိသွားပါမယ်။

Google Drive on Mobile Phone

Screenshot of Google Drive for iPhone

နောက်တချက် သင်ပြဖို့ကတော့ သင်တန်းသားတွေရဲ့ မိုဘိုင်းဖုန်းတွေဟာ ဂျီမေးနဲ့ ချိတ်ထားတယ် ဆိုရင် ဒရိုက်application အင်စတောလုပ်ပြီးတော့ ဒရိုက်ကိုလည်း မိမိမိုဘိုင်းဖုန်းနဲ့ ချိတ်ထား၊ SYNC လုပ်ထားလို့ ရတယ်ဆိုတာကိုပါ သင်ပြထားနိုင်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)