World Press Photo 2016 ပြပွဲ ရန်ကုန်မှာ ကျင်းပ



World Press Photo 2016 ပြပွဲ ရန်ကုန်မှာ ကျင်းပ
(ဌေးအောင်၊ မိုးမခ) မတ် ၅၊ ၂၀၁၇
World Press Photo 2016 ပြပွဲအား ယနေ့ (၄.၃.၂၀၁၇မှ ၁၉.၃.၂၀၁၇အထိ) ရန်ကုန်မြို့ ၊ မဟာဗန္ဓူလပန်းခြံအတွင်းတွင် ခင်းကျင်းပြသထားသည်။


၁၉၈၈ခုနှစ်မှစတင်ပြီး မြန်မာပြည်တွင်းရှိ နယ်စွန်နယ်ဖျားမှ တိုင်းရင်းသားပေါင်းစုံများ၏ ဓာတ်ပုံများနှင့် ၁၉၇၀ခုနှစ် ရန်ကုန်သူတို့ ၏ ဖက်ရှင်ဓာတ်ပုံများ၊ သတင်းဓာတ်ပုံများအား စုံလင်စွာ ခင်းကျင်းပြသထားသည်။


မတ်လ(၄)ရက် စနေနေ့ နှင့် မတ်လ(၅)ရက် တနင်္ဂနွေနေ့ ညနေ(၆)နာရီမှ ည(၈)နာရီအထိ ဓာတ်ပုံဇာတ်လမ်းများကို အများပြည်သူများအား Projector များဖြင့် အခမဲ့ ရှင်းလင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ဌေးအောင်