
ဆောင်းယွန်းလ ● ခေတ်ပေါ်အသံ
(မိုးခ) ဧပြီ ၇၊ ၂၀၁၇
အသံထွက်မှန်ပြီး
စာလုံးပေါင်းက မှားနေတယ်ဆိုပဲ
လောကဟာ ကြီးလွန်းကျယ်လွန်းတယ်ဆိုတော့
ဘာလုပ်လုပ်
အသံကျယ်ကြီးဆွဲထုတ်ပြီး အော်ပြောနေရတော့တာပေါ့။
လဆန်း လဆုတ်
အချိန်စာရွက်ကြီးတွေကို ဆွဲဆုတ်နေရရင်း
အသက်ရှူသံတွေလည်း ပိုပြင်းလာခဲ့တယ်။
အသက်ပြင်းတယ်ဆိုလည်း
ခံလှရင် ကိုးဆယ် တရာအများဆုံးပေါ့
နှစ်ကြာကြာနေရလေ ဒုက္ခနဲ့လှလှတွေ့ကြလေပဲ။
ကိုယ့်ကြမ္မာနဲ့ကိုယ်
မာအောင်တောင့်ထားရတော့
ပေါ့ပေါ့ပါးပါး တွေးစရာ အနုပညာကရှားလာခဲ့ပြီး
အကြမ်းပညာကများလာခဲ့တယ်။
ဦးနှောက်ကို မုဒိမ်းကျင့်တဲ့ နိုင်ငံရေးဟာ
အဆိုးရွားဆုံး ရောဂါပဲ
ရှင်သန်ခြင်းမှာ အသက်ပါမလာခဲ့တာ ကြာပါပြီ။
ဆောင်းယွန်းလ
(ဧပြီလ ၄ ရက်၊၂၀၁၇)
(မိုးခ) ဧပြီ ၇၊ ၂၀၁၇
အသံထွက်မှန်ပြီး
စာလုံးပေါင်းက မှားနေတယ်ဆိုပဲ
လောကဟာ ကြီးလွန်းကျယ်လွန်းတယ်ဆိုတော့
ဘာလုပ်လုပ်
အသံကျယ်ကြီးဆွဲထုတ်ပြီး အော်ပြောနေရတော့တာပေါ့။
လဆန်း လဆုတ်
အချိန်စာရွက်ကြီးတွေကို ဆွဲဆုတ်နေရရင်း
အသက်ရှူသံတွေလည်း ပိုပြင်းလာခဲ့တယ်။
အသက်ပြင်းတယ်ဆိုလည်း
ခံလှရင် ကိုးဆယ် တရာအများဆုံးပေါ့
နှစ်ကြာကြာနေရလေ ဒုက္ခနဲ့လှလှတွေ့ကြလေပဲ။
ကိုယ့်ကြမ္မာနဲ့ကိုယ်
မာအောင်တောင့်ထားရတော့
ပေါ့ပေါ့ပါးပါး တွေးစရာ အနုပညာကရှားလာခဲ့ပြီး
အကြမ်းပညာကများလာခဲ့တယ်။
ဦးနှောက်ကို မုဒိမ်းကျင့်တဲ့ နိုင်ငံရေးဟာ
အဆိုးရွားဆုံး ရောဂါပဲ
ရှင်သန်ခြင်းမှာ အသက်ပါမလာခဲ့တာ ကြာပါပြီ။
ဆောင်းယွန်းလ
(ဧပြီလ ၄ ရက်၊၂၀၁၇)