ဗိုလ်မှုးစောလွင် (ခေါ်) ရဲဘော်ဌေးအောင် (ကယန်းပြည်သစ်) ကွယ်လွန်


ဗိုလ်မှုးစောလွင် (ခေါ်) ရဲဘော်ဌေးအောင် (ကယန်းပြည်သစ်) ကွယ်လွန်
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၇

၂၅ ဧပြီ ၂၀၁၇ မြန်မာစံတော်ချိန် ၃:၃၈ နာရီ ရန်ကုန် ဆေးရုံးကြီး ကုတင် ၅၀၀ မှာ ကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ ကယန်းပြည်သစ်ပါတီတွဲဖက်အတွင်းရေးမှူး ဗိုလ်မှုးစောလွင် ကွယ်လွန် အနိစ္စရောက်သွားကြောင်း သိရှိရလို့ မိုးမခ ဝိုင်းတော်သားများက မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြောင်း မှတ်တမ်းပြုပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အရေး ကျရာ တာဝန်က ထမ်းဆောင်ခဲ့သူ ရဲဘော်ဌေးအောင် ကောင်းရာ သုဂတိ လားပါစေ။

မိုးမခ အယ်ဒီတာ အဖွဲ့