ချင်းရောင်ခြည်မဂ္ဂဇင်း အမှတ် (၁၇) ထွက်ပြီ



ချင်းရောင်ခြည်မဂ္ဂဇင်း အမှတ် (၁၇) ထွက်ပြီ
SK ရှန်လိန်း ၊ ဧပြီ ၂၂၊ ၂၀၁၇

ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့သည် ချင်းရောင်ခြည်မဂ္ဂဇင်းများကို ၃-လတစ်ကြိမ်ပုံမှန်ထုတ်ဝေနေရာ ချင်းရောင်ခြည်မဂ္ဂဇင်း အမှတ် (၁၇)၏ E Book စာအုပ် ထွက်ရှိလာသည်။ E Book PDF File ကို www.moemaka.com နှင့် www.moemaka.blogspot.com တို့တွင် ဓမ္မဒါနအဖြစ် အခမဲ့ ရယူနိုင်အောင် စီစဉ်ထားပါသည်။ ပုံနှိပ်စာအုပ်မှာ ၂၀၁၇ မေလ (၁) ရက်နေ့တွင် ရရှိနိုင်တော့မည်ဟုသိရသည်။

ချင်းရောင်ခြည် ရနိုင်သောနေရာများမှာ- (၁) ပင်ရင်း၊ အမှတ် ၇၄၊ မြေညီထပ်၊ ကျွန်းတောလမ်း၊ စမ်းချောင်း၊ ဖုံး-၀၁ ၅၀၀၇၃၅ ၊ ၀၉ ၃၀၀၀၄၉၇၄ ၊ ၀၉ ၇၉၉၆၇၉၉၅၉၊ (၂) စာပေနန်းတော်၊ ၁၃၈-၁၄၀၊ ပ-ထပ်။ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ကျောက်တံတား။ ဖုံး-၀၉၇၃၁၂၅၀၆၇ (၃) သီတာ နီလာစာပေ၊ ၆၂၂ ကုန်သည်လမ်း၊ လမ်း ၃၀ ထောင့်၊ ဖုံး - ၀၁-၂၄၅၀၃၃ (၄) စာပေဗိမာန် အရောင်းဆိုင်၊ ကုန်သည်လမ်း၊ ၃၇ - လမ်းထောင့်၊ (၅) ပါရမီစာပေ၊ ၂၃၀- ၂၉-လမ်း၊ ပန်းဘဲတန်း၊ ဖုံး ၀၁ ၂၅၃၂၄၆ (၆) မိတ်ဆွေ စာပေ၊ ၅၂၇ ဘုရင့်နောင်လမ်း၊ ပေါက်တောဝ၊ အင်းစိန် ။ ဖုံး - ၀၉၈၆၂၀၇၅၃  (၇) မ-ဘ-သ အရောင်းဆိုင်၊ ရွာမ-ပရိယတ္တိ စာသင်တိုက်တို့ ဖြစ်သည်။

ယခု မဂ္ဂဇင်းတွင် သာသနဓဇဓမ္မာစရိယဘွဲ့ ဆက်ကပ်ခံရသော အရှင်မာဃ၀နှင့် အရှင်ဝိဝေကသာရ (ချိုချင်းရဟန်းတော်များ) တို့၏ ဘ၀ဖြစ်စဉ်များ ၊ သာသနဓဇဓမ္မာစရိယဘွဲ့ခံ ချင်းရဟန်းတော် များအား ဂုဏ်ပြုပူဇော်ပွဲတွင် ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့ ၏ လျှောက်ထားလွှာ၊ ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့ ၏ ၅ -နှစ်တာ ဆောင်ရွက်ချက် (အကျဉ်း)၊ အရှင်ဘဒ္ဒိယ၏ ၀မ်းမြောက်ဖွယ်မိန့် ကြားချက်၊ ကျင်ဒွေးတင်အောင်၏ ကျင့်ဝတ်ကျေသူ၏ အကျိုးပေး၊ အောင်မြိုင် (မစိုးရိမ်စာသင်သား)၏ ဘုရားရှင်၏တာဝန်လစ်ဟင်းမှုကြောင့် မဟုတ်ပါ၊ ပြည့်နှစ်လွင်(အလုံ) ၏ ကြည်နူးပီတိ၊ ရီပြုံး၏ ဓမ္မအတွေး ဓမ္မအရေး ၊ ချစ်လူ၏ ဗုဒ္ဓသာသနတော်နှင့် နာရီကန်ရွာ၊ ဆုမြတ်ဝတီ၏ မေတ္တာဖြင့် ပေးသောအဖြေ ၊ ဆလိုင်းမောင်လင်္ကာ၏ ပေါက်ခေါင်းမြို့  ပညာဇောတာရုံ ၊အာစရိယပူဇာကဗျာများ၊ ဆလိုင်းရိုးချင်း၏ အထက်မင်းလှမြို့ နယ် ၊ ကျောက်အိုးရွာ - ချင်းအမျိုးသားနေ့ ၊ အရိယ၀ံသ-တောင်တန်းပျော်၏ ဗုဒ္ဓ၏ ရောင်ခြည်တော်၊ လေးမြိုင်၏ အဇာတသတ်၊ လိန်းအွမ်၏ ချိုးစာပေတံတိုင်း ၊ လိန်းအွမ်၏ ချိုချင်းတို့ ၏ ဆိုရိုးစကားများ၊ ငွေဌေး (ဟင်္သာတ) ၏ ခင်ကြွေ ခင်ဝေ ၊ အောင်မြိုင် (မစိုးရိမ်စာသင်သား)၏ မိုးပြာကို အရေးယူထိုက်လို့  အရေးယူရတာပါ ၊ ဆလိုင်းရွှေလင်း၏ ပါဠိအသံထွက်ဖတ်နည်း၊ နေလင်းညီ၏ ပေတ၀တ္ထုလာ အလှူကို ဖျက်ဆီးပြီး ပြိတ္တာဖြစ်ရသူများ၊ အောင်မင်္ဂလာဆရာလင်း၏ လူဝင်စား အရှင်ဧသိက စာမူများ ပါဝင်သည်။ ကဗျာနှင့် အထွေထွေတွင် ဆရာတော်အရှင်ဇာဂရိယ၊ ဗွီတောင်-ဟိုင်းလုံ၊ အောင်မြိုင် (မစိုးရိမ်စာသင်သား) ၊ လိန်းအွမ် ၊ သုယဉ်ညို ၊ အနွေးသခင် ၊ စလင်းသန်းတင့် ငဖဲ ၊ ညီညီထွန်း ခေတ္တ လူ့ ပြည် ၊ ရွှေတြိဂံ မောင်စံ ၊ ဆလိုင်းရွှေလင်း ၊ ရွှေတိုင်ချင်းဘုန်း တို့၏ စာမူများပါဝင်သည်။

ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့၏ ၀က်ဆိုဒ်မှာwww.chinyaungchi.com ဖြစ်သည်။ Email - မှာ
Chinyaungchi.ygn16@gmail.com ဖြစ်သည်။ Facebook မှာ Chin Yaung Chi ဖြစ်သည်။ မဂ္ဂဇင်း သြ၀ါဒါစရိယ ဆရာတော်များမှာ (၁) အရှင်က၀ိန္ဒ၊ ကန်သာယာကျောင်းတိုက်၊ ကြည့်မြင်တိုင်။  (၂) အရှင်ဥာဏာဘိဝံသ၊ ပိဋက နယူပဒေသကျောင်း၊ မစိုးရီမ်တိုက်၊ မန္တလေး။ (၃) အရှင်နန္ဒမာလာ -မောင်နွေထွန်း- ပေါက်ခေါင်း (၄) အရှင်စန္ဒကုမာရ- ရွှေတြိဂံမောင်စံ (၅) အရှင်ဥတ္တမ - အနွေးသခင် တို့ဖြစ်သည်။

အကြံပေးနာယကများမှာ ၁။ ဦးဖေလိန်းမောင်း ၂။ ဦးထန်းဘူ ၃။ ဦးရှိန်းလိန်းထန်း ၄။ ဦးတင်အောင် ၅။ ဦးခေါဂေလိန်းတို့ဖြစ်သည်။ အယ်ဒီတာချုပ် - ကိုနိုင်း-ချင်းတောင်။ တာဝန်ခံ အယ်ဒီတာ - သေရှောင်ချင်း။ အယ်ဒီတာ အဖွဲ့ဝင်များမှာ ချင်းစည်သူ၊ ဆလိုင်းနောစော် တို့ဖြစ်သည်။

ဦးတင်အောင်၊ဥက္ကဌ၊ ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့က ထုတ်ဝေပြီး ၊ ဦးအောင်ကျော်ထူး၊ မြတ်ပန်းရဂုံပုံနှိပ်တိုက်က အဖုံးနှင့် အတွင်းစာသားများကို ပုံနှိပ်သည်။ ၂၀၁၇ မေလတွင် ပထမအကြိမ်၊ အုပ် ၁၁၀၀ ကို ပုံနှိပ်ထုတ်ဝေသည်။