နီဇူလိုင် - "အို..လွမ်းဖွယ်”


နီဇူလိုင် - "အို..လွမ်းဖွယ်”
(မိုးမခ) မေ ၁၊ ၂၀၁၇

"... ငါက ဗိုလ်အောင်ဒင်
နင်က.. ဒါကို မမြင် ..."

တကယ်တော့ ...
မိချောဟာ
ဗိုလ်အောင်ဒင်ကို ဗိုလ်အောင်ဒင်လို မမြင်ခဲ့ရာက
ဒီဇာတ်လမ်းဟာ စခဲ့တာ။

"... မိချောရေ
... မိချောရေ
... မုန့်လုံး ..."

ခုတော့
မိချောခမျာ
မုန့်လုံးစက္ကူ ကပ်လို့။

ဗိုလ်အောင်ဒင်က
"ကောင်မလေးကို ငါ့ဆီထားခဲ့" တဲ့။

သီချင်းနှစ်ပုဒ် အဆုံးမှာ
ကိုယ်တို့ဟာ
မိချောကို
ဗိုလ်အောင်ဒင်ဆီ
ထားခဲ့ရပါတယ်။ ။

နီဇူလိုင်
၃၀၊ ၄၊ ၁၇