လင်းမိုးစွေ ● ရှေးရေစက်

လင်းမိုးစွေ ● ရှေးရေစက်
(မိုးမခ) မေ ၂၂၊ ၂၀၁၇

လွမ်းမိတဲ့တရားမှာ နာမယ့်သူမရှိ
တစ်ဖက်တလမ်းက
တဘက်သတ်
မေတ္တာ
ကူညီရာ ရောက်ပါတယ်
တဘက်သားကို...။

နှစ်ဦးနှစ်ဖက်
ငေးကြည့်နေတာ
အထီးကျန်ဆန်လှပါတယ် ။

မေတ္တာ
မျှဖို့ပါ
အမျှ မဝေနဲ့
သာဓုခေါ်သံက နိဗ္ဗာန် မရောက်ဘူးလေ။

ဝဋ်ဆိုလည်း
ဆင်းရဲ ရဲရမယ်
ကိုယ့်ရှေ့ရေးထဲကိုယ် ခုန်ချလိုက်တာ
ကိုယ့်သေတွင်းထဲကိုယ် ခုန်ချလိုက်သလိုပဲ
မိုက်တွင်းက နက်လွန်း
နှစ်ဦးသား
သံသရာတခုလုံး လည်လို့...။

လင်းမိုးစွေ