ရွှေပြည်စိုး - ကြုံတုန်းဆုံတုန်း ပြောရအုံးမယ် (၁)


ရွှေပြည်စိုး - ကြုံတုန်းဆုံတုန်း ပြောရအုံးမယ် (၁)
(မိုးမခ) မေ ၁၆၊ ၂၀၁၇
“ကြုံတုန်း ပြောရအုံးမယ်”ဆိုတာက လတ်တလော မြန်မာနိုင်ငံမှာ လူသိများ ရေပန်း စားနေတဲ့ အကြောင်းအရာတွေထဲက ကောင်းနိုးရာရာ စိတ်ဝင်စားစရာ သတင်းကို အခြေခံပြီး ပြောမှာ ဖြစ်ပါတယ်။ အဲဒါကတော့ ၂၀၁၇-၃-၃၀-ရက်နေ့ နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားတဲ့ “နိုင်ငံတော် အခြေပြ မိန့်ခွန်းထဲက အဓိက အကျဆုံးနဲ့ အရေးအကြီးဆုံး အချက်ကို ဖော်ပြရရင် ဒေါ်စုက “ကျမ အကောင်းဆုံး လုပ်မယ်၊ အကောင်း ဆုံးထက်တော့ ပိုပြီး လုပ်လို့ မရဘူး၊ ကျမ အကောင်းဆုံးက နိုင်ငံ အတွက် ပြည်သူ အတွက် မလုံလောက်ဘူးဆိုရင် ပိုပြီး လုံလုံလောက်လောက်၊ ပြည့်ပြည့်စုံစုံ လုပ်ပေးမယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း တခုက တာဝန်ယူမယ်ဆိုရင် ကျမတို့က နောက်ဆုတ်ပေးဖို့ အဆင်သင့် ပါပဲ”လို့ မိန်ခွန်းထဲမှာ ပါရှိပါတယ်။ (၂၀၁၇-၃-၃၁-ရက်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ် ပြန်ထားတဲ့ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အစိုးရ တာဝန်ယူမှု တနှစ်ပြည့် အထိမ်းအမှတ် ပြောကြားသည့် မိန့်ခွန်း”တွင် ကြည့်ပါ။

ဒေါ်စုတို့ရဲ့ NLD အစိုးရထက် ပိုပြီး လုပ်နိုင်တဲ့၊ လုပ်ရည် ကိုင်ရည် ပိုရှိတဲ့ ပုဂ္ဂိုလ် အဖွဲ့ အစည်း တခုရှိပါက NLD အစိုးရက နုတ်ထွက်ပေးမယ်”လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြတ်သားတဲ့ မိန့်ခွန်း-

ဒေါ်စုရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းကတော့ ဘယ်အစိုးရ ခေါင်းဆောင်တွေနဲ့မှ မတူ အောင် ပြတ်သားပါတယ်။ နှစ်ပေါင်း (၅၀)ကျော်အတွင်း ဘယ်အစိုးရ ခေါင်းဆောင်တွေကမှ ဒေါ်စုလို ပြတ်ပြတ်သားသား၊ သတ္တိရှိရှိ၊ စိတ်စေတနာကောင်းကောင်းနဲ့ ပြောရဲတဲ့သူ တယောက်မှ မပေါ်ပေါက်သေးသလို ဒေါ်စုလို တိုင်းပြည်နဲ့လူမျိုး ကောင်းကျိုးချမ်းသာအတွက် အသက်စွန့်၊ မိသားစုစွန့်၊ ကိုယ်ကျိုးစွန့်၊ အနစ်နာခံ၊ အဆင်းရဲ အပင်ပန်းခံ။ အမုန်းခံ၊ အကျယ် ချုပ်အကျခံ၊ အသေသတ်ဖို့ အကြံစည်ခံတဲ့ ခေါင်းဆောင်ရယ်လို့ တယောက်မှ မပေါ်ဖူးသေးပါ ဘူး။ ဒေါ်စု ဦးဆောင်တဲ့ NLD ပါတီက လွဲလို့ ဒေါ်စုတို့နဲ့ လက်တွဲပြီး တိုင်းပြည်နဲ့လူမျိုး ကောင်းကျိုးအတွက် လုပ်မယ့်သူ တယောက်မှာ ပေါ်ထွက်လာတာ တခါမှ မတွေ့ဖူးသေးပါ။ ဒေါ်စုနဲ့ NLD ပါတီအပေါ်ကို မနာလို ဝန်တိုစိတ်တွေနဲ့ အငြိုးထား၊ အမုန်းပွားကာ ဒုက္ခအမျိုးမျိုး ပေးတဲ့ သူတွေချည်းသာ တွေ့ရပါတယ်။

အထင်ရှားဆုံး သာဓက ပြရရင် -- တပ်မတော် ခေါင်းဆောင်တွေက ဒေါ်စုကို အကြောင်းအမျိုးမျိုးရှာ၊ ပြဿနာအမျိုးမျိုး ဖန်တီးပြီး အကြိမ်ကြိမ် အကျယ်ချုပ်ချလိုက်၊ ပြန်လွှတ်လိုက် လုပ်တယ်၊ ဒီလို လုပ်လို့ အားမရသေးလို့ ၂၀၁၃-ခု၊ မေလ-၃၀-ရက်နေ့ ညမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ လိုက်ပါလာတဲ့ ကားတန်းကို စစ်ကိုင်းတိုင်း၊ ဒီပဲယင်း အရပ်မှာ ဗိုလ်ချုပ် သန်းရွှေ (ယခု အငြိမ်းစား)ရဲ့ အကောက်ကြံ စီမံမှုနဲ့ ထောင်နဲ့ချီရှိတဲ့ ကြံ့ဖွံ့ စွမ်းအားရှင်တို့ ပါဝင်တဲ့ လူရမ်းကားတွေက တုတ် ဓား လှံ လက်နက်မျိုးစုံနဲ့ အကြမ်းဖက် စီးနင်း တိုက်ခိုက် သတ်ဖြတ်လို့ NLD ပါတီဝင်တွေနဲ့ အတူလိုက်ပါလာသူ အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ရတယ်။ ဒေါ်စုနဲ့ ဦးတင်ဦးတို့ကတော့ သေဘေးမှ သီသီလေး လွတ်မြောက် သွားပေမယ့် အကျယ်ချုပ် ပြန်ချခြင်း ခံရပါတယ်။ အဲဒီနောက်တွင်လည်း ဒေါ်စု ဒုက္ခရောက် အောင် အကြိမ်ကြိမ် အမျိုးမျိုး ဖန်တီးပါသေးတယ်။

နှစ်ပေါင်း (၅၀)ကျော်အတွင်း တပ်မတော် ခေါင်းဆောင်တွေနဲ့ ကြံ့ဖွံ့ ခေါင်းဆောင်တွေ ရဲ့ လုပ်ရပ်တွေကို ကြည့်ရင် ကောင်းကျိုးထက် ဆိုးကျိုးက (၁၀)ဆမက ပိုများနေတာ တွေ့ရပါတယ်။ အတိုချုံး ပြောရရင် ၁၉၆၂-ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီး အုပ်ချုပ် လာချိန်ကစ တိုင်းပြည် တဖြည်းဖြည်း ယိုယွင်း ကျဆင်းလာခဲ့တာ အရပ်သား ဟန်ဆောင် ဗိုလ်ချုပ်လူထွက် သိန်းစိန် လက်ထက်လည်း ရောက်ရော မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး၊ အောက်တန်းအကျဆုံး၊ မျက်နှာအငယ်ရဆုံး နိုင်ငံအဖြစ် ရောက်ရှိသွားတယ်၊ ဒါဟာ တပ် မတော်ရဲ့ အုပ်ချုပ်မှုကြောင့် ဖြစ်ရတာ ဖြစ်တယ်။ ဒါပေမယ့် တပ်မတော် ခေါင်းဆောင်ပိုင်း မိသားစုနဲ့ သူတို့နဲ့ ဆက်စပ်သူတို့ဟာ သုံးဖြုန်းမကုန်နိုင်လောက်အောင် ချမ်းသာ ကြွယ်ဝနေ ကြတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ။ ခုပြောတာ ဟုတ်မဟုတ် နောက်ပိုင်းတွင် ပြည်တွင်း ပြည်ပမှ သုံးသပ်မှုများက သက်သေပြပါလိမ့်မယ်။

ခုလည်း ကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံအတွက်၊ ပြည်သူအတွက် ၎င်းတို့ အစိုးရထက် ပိုပြီး လုပ်နိုင်တဲ့ အရည်အချင်း ပိုရှိတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ရှိပါက ၎င်းတို့ နုတ်ထွက်ပေးမယ်”လို့ ပြောပြီးချိန်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (တပ်ချုပ်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တပ်မတော်သည်သာလျှင် တိုင်းပြည်အတွက် အကျိုးရှိ အောင် ဆောင်ရွက်တဲ့ အင်အားစု ဖြစ်တယ်”လို့ ဆိုလိုက်ပါတယ်။ (VOA ၂၀၁၇-ဧပြီလ-၆-ရက်နေ့ “ဒေါ်စု နေရာဖယ်ပေးလို့ ရမလား၊ တပ်မတော်ကသာလျှင် တိုင်းပြည်ကောင်းအောင် လုပ်နိုင်မလား”ဟူသော ခေါင်းစဉ်ပါ သုံးသပ်ချက်ကဏ္ဍတွင် ကြည့်ပါ)။

သူက “တိုင်းပြည်အကျိုးရှိအောင် … ”ဆိုတဲ့နေရာမှာ သူတို့ တပ်မတော်က “တိုင်းပြည် ကောင်းကျိုး၊ ပြည်သူကောင်းကျိုးထက် ဆိုးကျိုးကို ထပ်လုပ်ခဲ့ပြီးပါပြီ၊ အောက်ပါပုဂ္ဂိုလ် (၂)ဦး နဲ့ ကမ္ဘာ့ဘဏ်တို့က သက်သေပြပါလိမ့်မယ်။

မြန်မာနိုင်ငံရေး သုံးသပ်သူများရဲ့ တပ်ချုပ် မင်းအောင်လှိုင်စကားပေါ် သုံးသပ်ချက်
ဒေါက်တာ ရန်မျိုးသိမ်းရဲ့ သုံးသပ်ချက် -

“၁၉၆၂ မတိုင်ခင်မှာ ဒေသတွင်းမှာ ထိပ်တန်း အဆင့်ဝင် နိုင်ငံတနိုင်ငံ ဖြစ်ခဲ့တယ်၊ ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖက် ဖက်က ချွတ်ခြုံကျလာပြိး ၁၉၈၀ အလွန်မှာ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးနိုင်ငံ အဆင့်သို့ ရောက်ခဲ့ပါတယ်။ အဲဒီကနေ ၁၉၈၈ မှာ ထပ်ပြီး စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ အခု ၂၀၁၅-၁၆-၁၇ ကာလကို ကြည့်ရင် ကျနော်တို့ နိုင်ငံဟာ အရှေ့တောင် အာရှမှာ အဆင်း ရဲဆုံးနိုင်ငံ အနေအထား ရောက်နေပါတယ်”လို့ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ထားပါ တယ်။

ဦးဝင်းမင်းရဲ့ သုံးသပ်ချက်-

“စစ်တပ်က အာဏာသိမ်းရမယ့်အဆင့်ထိ မလိုအပ်ဘဲ အာဏာသိမ်းလိုက်တော့ တိုင်း ပြည် တိုးတက်မလာဘဲ စစ်အုပ်ချုပ်ရေးအောက်မှာ တိုင်းပြည် တိုးတက်အောင်လုပ်ရတာ အရမ်းခက်ပါတယ်။ နိုင်ငံတကာက ထိပါးတယ်ဆိုတဲ့ သဘောနဲ့ စစ်ရေးအရ ဖြေရှင်းတဲ့အခါမှာ အလွန်အကျွံဖြစ်ပြီးတော့ ကိုယ့်အချင်းချင်း ပြန်တိုက်ရ၊ ကိုယ့်အချင်းချင်း နစ်နာရ၊ နောက်ဆုံး တိုင်းပြည် နစ်နာရတာ ဖြစ်တယ်”လို့ သုံးသပ်ထားတာ တွေ့ရပါတယ်။ (VOA, ၂၀၁၇-ဧပြီလ-၆-ရက်နေ့ထုတ် “ဒေါ်စုနေရာဖယ်ပေးလို့ ရမလား၊ တပ်မတော်ကသာလျှင် တိုင်းပြည်ကောင်း အောင် လုပ်နိုင်မလား”ဟူသော ခေါင်းစဉ်ပါ သတင်းသုံးသပ်ချက်ကဏ္ဍတွင် ကြည့်ပါ)။

ကမ္ဘာ့ဘဏ်ရဲ့ ၂၀၁၅-စက်တင်ဘာလ စစ်တမ်း-

တပ်ချုပ် မင်းအောင်လှိုင်က - “တပ်မတော်သာလျှင် တိုင်းပြည်အကျိုးရှိအောင် ဆောင် ရွက်တဲ့ အင်အားစု ဖြစ်တယ်”လို့ ပြောတာကို ကမ္ဘာ့ဘဏ်က ထင်ရှားတဲ့ စစ်တမ်းတွေကို ထောက်ပြပြီး တပ်ချုပ် မင်းအောင်လှိုင်ရဲ့ လျှာအရိုးမရှိတဲ့ မုသားစကားတွေကို ငြင်းပယ်တာ ကိုလည်း ကြည့်ပါ -

၁။ ကမ္ဘာ့နိုင်ငံပေါင်း (၂၁၅)နိုင်ငံတွင် ချမ်းသာ ဆင်းရဲ ဇယားမှာ မြန်မာနိုင်ငံဟာ (၂၀၃)မှာ ဖြစ်တယ်၊ အောက်ဆုံးက စတွက်ရင် အဆင့်(၁၂)မှာ ဖြစ်တယ်၊

၂။ အရှေ့ တောင်အာရှ (၁၁)နိုင်ငံမှာ နံပါတ်(၁၁) ဖြစ်တယ်၊ ကမ္ဘောဒီးယား၊ လာအိုတို့ထက် ပိုဆင်းရဲတယ်၊

၃။ အာရှတွင် ဒုတိယ အဆင်းရဲဆုံးသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံ ထက် အဆင့်မြင့်နေတယ်၊

၎။ အီသီယိုးပီးယား၊ ဆိုမားလီးယား စသည့် ဆင်းရဲ မွဲတေသော နိုင်ငံများသည် ပင် မြန်မာနိုင်ငံထက် အဆင့်မြင့်နေတယ်၊ ထိုနိုင်ငံများသည် မြန်မာနိုင်ငံထက် ချမ်းသာနေတယ်၊

၅။ ယနေ့ ကမ္ဘာ့စီးပွားရေး အဆင့်ကို တန်းမီသည်ဟု ဆိုနိုင်သော အာရှနိုင်ငံများ ဖြစ်သည့် ဂျပန်၊ တောင်ကိုးရီးယား၊ မကာအို၊ စင်ကာပူတို့သည် တချိန်က မြန်မာနိုင်ငံနောက်တွင် ရှိတယ်”လို့ ဖော်ပြထားပါတယ်။ (ဟစ်တိုင်၊ စက်တင် ဘာ-၁၁-၂၀၁၅ ထုတ် ကျော်ကြီး (MDY)ရဲ့ “အပြီးသတ်ရွေးချယ်ချိန်” ဆောင်း ပါး ကဏ္ဍတွင် ကြည့်ပါ)။

၆။ ဆောင်းပါးရှင် ကျော်ကြီး (MDY)ကလည်း - “စစ်အာဏာရှင်များက “ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး ဖြစ်လာမည်”ဟု ကြွေးကြော် ကတိပေးပြီး တည်ထောင်လာခဲ့ရာ နှစ်(၅၀)ကြာသောအခါ မြန်မာနိုင်ငံသည် ဘက်စုံ ချွတ် ခြုံကျသောနိုင်ငံ၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်ခဲ့ရသည်”ဟုလည်း ကျော်ကြီးက သူ့ရဲ့ ဆောင်းပါး “အပြီးသတ်ရွေးချယ်ချိန်”တွင် သုံးသပ်ထားပါတယ်။

အထက်ပါ ပြည်တွင်းပြည်ပက ဝေဖန်သုံးသပ်ချက်တွေကို ကြည့်ခြင်းအားဖြင့် တပ်ချုပ် မင်းအောင်လှိုင် ပြောသလို့ တပ်မတော်က တိုင်းပြည်အတွက် အကျိုးရှိအောင် မလုပ်ခဲ့ပါဘူး၊ တိုင်းပြည် ပိုနစ်မွန်းအောင်သာ လုပ်ခဲ့တယ်ဆိုတာ အထက်ဖော်ပြပါ သုံးသပ်ချက်တွေက သာဓက ပြနေပါပြီ။ ဒါ့ပြင် တပ်မတော်နဲ့ ကြံ့ဖွံ့ပါတီက ဒေါ်စုအပေါ် အထင်လွဲမှားကာ မလို မုန်းထား အငြိုးပွားကာ ဒေါ်စု ပြောသမျှ၊ လုပ်သမျှကို မအောင်မမြင်ဖြစ်အောင်၊ အထစ်အငေါ့ ဖြစ်အောင် တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်တဖုံ နည်းမျိုးစုံနဲ့ လိုက်ပြီး ကဖျက်ယဖျက် လုပ်နေတာ တွေ့ရပါတယ်။ ဘာ့ကြောင့် ဒီလို လုပ်တာလဲလို့ ဆန်းစစ်ကြည့်တဲ့အခါ ဒေါ်အောင်ဆန်းစု ကြည်က သူတို့တွေထက် ဉာဏ်ပညာ အရည်အချင်း ပိုရှိတယ်၊ အတွေးအခေါ် ပိုရင့်ကျက် တယ်၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာရှိတယ်၊ နိုင်ငံတကာ အတွေ့အကြုံ ရှိတယ်၊ သဘော ထားကြီးတယ် … စတဲ့ အားသာချက်တွေကြောင့် ဖြစ်တယ်။ ဒါ့ပြင် သူတို့ ငန်းငန်းတက် မက် မောနေတဲ့ ရာထူး အာဏာ အသပြာကို လုယူမယ်လို့ အထင်မှားမှုတွေကြောင့် ဖြစ်တယ်။ အမှန်မှာ ဒေါ်စုက ဒီလိုမျိုး စိတ်ထား လုံးဝမရှိဘူး။ တိုင်းပြည်နဲ့လူမျိုး ကောင်းကျိုး ချမ်းသာမှုကို သာ ရှေ့ ရှုသူ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓာတ်။
ဒေါ်စုပင်ကိုယ် -

၁။ ပညာအရည်အချင်းရှိသူ၊ အမြော်အမြင်ကြီးမားသူ၊

၂။ ဘာသာရေးကို ရိုသေကိုင်းရှိုင်းသူ၊

၃။ အနန္တော အနန္တငါးပါးကိ ရိုသေလေးစားသူ၊

၎။ အလှူအတန်း ဝါသနာထုံသူ၊

၅။ ကိုယ်ကျင့်တရား ကောင်းမွန်သူ၊ စိတ်ဓာတ်မြင့်မြတ်သူ၊

၆။ စိတ်ဓာတ် ကြံ့ခိုင်သူ၊ ဇွဲသတ္တိ လုလ္လ ဝီရိယရှိသူ၊

၇။ သဘောထား ကြီးသူ၊

၈။ အတွေးအခေါ် ရင့်ကျက်သူ၊

၉။ ကတိတည်သူ၊ လုပ်နိုင်သလောက် ကတိပေး၊ ပေးတဲ့ကတိအတိုင်း လုပ်သူ၊

၁၀။ အဂတိ မလိုက်စားသူ၊

၁၁။ အမှန်တရားကို မြတ်နိုးသူ၊

၁၂။ အကြမ်းဖက်မှုကို မလိုလားသူ၊

၁၃။ ပြောစရာရှိရင် တဲ့ထိုး (တည့်တည့်) ပြောတတ်သူ၊

၁၄။ ရာထူး အာဏာ အသပြာကို မမက်မော်သူ၊

၁၅။ ကိုယ်ကျိုးအတွက် ဘယ်သူ့ကိုမှ ခုတုံး မလုပ်သူ၊

၁၆။ ပါတီနဲ့ဆိုင်တဲ့၊ အများနဲ့ဆိုင်တဲ့၊ နိုင်ငံတော်နဲ့ဆိုင်တဲ့၊ နိုင်ငံတကာနဲ့ဆိုင်တဲ့ ငွေကြေး အရှုတ်အရှင်း လုံးဝမရှိသူ၊

၁၇။ ဒေါ်စုအား နိုင်ငံတကာမှ ဂုဏ်ပြု ချီးမြှင့်တဲ့ ဆုငွေများကိုပင် သူ့ကိုယ်ကျိုးအတွက် မသုံးဘဲ ပညာရေး၊ ကျန်းမာရေးအတွက်သာ သုံးစွဲသူ + …. ဖြစ်သည်။

ပါတီနဲ့ဆိုင်ရင်။

၁။ သူ့ပါတီအတွက် ဘာသာရေးကို ခုတုံးမလုပ်သလို ဘယ်သူ့ကိုမှလည်း ခုတုံးမလုပ်သူ၊

၂။ ပါတီတွင်း အမြင်မတူသူချင်းအပေါ် အကောက်မကြံသူ၊

၃။ ပါတီတွင်း ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း ချိုးဖောက်သူများကို ချမှတ်ထားတဲ့ ၄။ စည်းမျဉ်း စည်းကမ်းအတိုင်း မျက်နှာမလိုက် အရေးယူသူ၊

၅။ ပါတီအတွက်နဲ့ နိုင်ငံအတွက် ယှဉ်လာရင် တိုင်းပြည်အတွက် ဦးစားပေးသူ ဖြစ်သည်။

အများနဲ့ဆိုင်ရင်။

၁။ အများအထင်ကြီးအောင် မကြွားဝါသူ၊

၂။ သူများကို လိမ်ညာလှဲ့စား လက်တလုံးခြား မလုပ်သူ၊

၃။ သူများ ဒုက္ခရောက်အောင်၊ မျက်ရည် ကြီးငယ်ကျအောင် မလုပ်သူ၊

၎။ သူ့အား မကောင်း လုပ်သူများကိုပင် ကလဲ့စား မချေဘဲ ခွင့်လွှတ်တတ်သူ၊

၅။ သူများအသက်ကို မသတ်သူ၊

၆။ သူများ ပစ္စည်းဥစ္စာကို မမက်မောသူ၊

၇။ လူ့အခွင့်အရေးကို မချိုးဖောက်သူ၊ ဒါ့ကြောင့် နိုင်ငံတကာက သူ့ကို ကဲ့ရဲ့ ပြစ်တင် ရှုတ်ချခြင်း၊ ဒဏ်ခတ်ခြင်း မခံရသူ၊

၈။ သူများကိုသနား ညှာတာ ကိုယ်ချင်းစာတတ်သူ၊

၉။ အမြင်ချင်း မတူသူ၊ သဘောထားချင်း မတိုက်ဆိုင်သူများကိုပင် မိတ်ဆွေလို သဘော ထားသူ၊

၁၀။ ရန်သူ မိတ်ဆွေ မခွဲခြားဘဲ တန်းတူ ရည်တူ ဆက်ဆံသူ ဖြစ်သည်။

အမိနိုင်ငံတော်နဲ့ ဆိုင်ရင်။

၁။ အသက်စွန့်၊ မိသားစု စွန့်၊ ကိုယ်ကျိုးစွန့်၊ ရာထူးစွန့်၊ ပစ္စည်းဥစ္စာ စွန့်သူ၊

၂။ အနစ်နာခံ၊ သည်းခံ၊ အဆင်းရဲ အပင်ပန်းခံ၊ ဒုက္ခခံ၊ အမုန်းခံသူ၊

၃။ ဇွဲ လုံ့လ ဝီရိယရှိသူ၊

၎။ စိတ်အား ထက်သန်စွာ အားသွန်ခွန်စိုက် တစိုက်မတ်မတ် လုပ်သူ၊

၅။ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ လယ်ယာမြေ တလက်မမျှ မယူသူ၊

၆။ နိုင်ငံတော် ဘဏ္ဍာငွေနဲ့ သယံဇာတပစ္စည်းတွေကို အလွဲသုံးစား မလုပ်သူ၊

၇။ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ သယံဇာတပစ္စည်း ရောင်းရငွေတွေကို ပြည်သူတွေ မသိ အောင် ဘယ်သူ့ကိုမှ မလွှဲ မပြောင်းသလို နိုင်ငံခြားဘဏ်တွေမှာ လျှို့ ဝှက် အပ်နှံတာမျိုး မရှိ သူ၊

နိုင်ငံတော် ငွေကုန်ကြေးကျ သက်သာအောင် ခြိုးခြံ ချွေတာကာ သုံးစွဲသူ ဖြစ်သည်။

နိုင်ငံတကာနဲ့ ဆိုင်ရင်။

ပြည်တွင်းပြည်ပမှ လှူဒါန်းငွေနဲ့ ပြည်ပမှ ချေးငွေ၊ ကူညီငွေများကို အလွဲသုံးစား မလုပ်၊ စာရင်းဇယားနဲ့ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ပြီး ပြည်သူအများ ထင်သာမြင်သာရှိ အောင် တရားဝင် ဖော်ပြတတ်သူ ဖြစ်သည်။

နိုင်ငံတကာမှ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ဆုများ ချီးမြှင့်။
ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် အဆင့်ဝင်၊ လူထု ခေါင်းဆောင်၊ ဒီမိုကရေစီ ခေါင်းဆောင်၊ လူ့အခွင့်အရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အထက်ဖော်ပြပါ နိုင်ငံနဲ့ ပြည်သူ ကောင်းကျိုး ချမ်းသာအတွက် ဒုက္ခအမျိုးမျိုး ခံစားရခြင်း၊ စွန့်လွှတ် စွန့်စားခြင်းများ၊ အရာရာကို အကြမ်းမဖက်သော နည်းဖြင့် ငြိမ်းချမ်းစွာ စီမံဆောင်ရွက်ခဲ့မှုများ …. ကြောင့် ကမ္ဘာ့အဆင့် အမြင့်ဆုံး ဆုဖြစ်သော နော်ဝေနိုင်ငံမှ ဂုဏ်ပြု ချီးမြှင့်သည့် ငြိမ်းချမ်းရေး နိုဗယ်လ်ဆု (Nobel Peace Prize) အပါအဝင် နိုင်ငံတကာမှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များနဲ့ အခြားဘွဲ့၊ ဆု၊ လက်မှတ်၊ တံဆိပ်ပေါင်းမှာ (၁၃၀)ကျော် ရရှိထားပြီး ဖြစ်သည့် မြန်မာနိုင်ငံသူ ဒေါ်အောင် ဆန်းစုကြည် ဖြစ်ပါသည်။

ဤသည်မှာ ကြုံတုန်းဆုံတုန်း အခွင့်သာတုန်း ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

အားလုံးကို ချစ်ခင်လေးစား မေတ္တာထားလျက်
ရွှေပြည်စိုး