မောင်ရင်ငတေ ● မာခွန်ရဲ့ ဖန်တီးရှင် (သို့မဟုတ်) အာဝါ နယူး ဖတ်စ်လေဒီ စတိုရီ

မောင်ရင်ငတေ ● မာခွန်ရဲ့ ဖန်တီးရှင် (သို့မဟုတ်) အာဝါ နယူး ဖတ်စ်လေဒီ စတိုရီ ET BRIGITTE CRÉA MACRON (LA VRAIE HISTOIRE)
(မိုးမခ) မေ ၂၊ ၂၀၁၇

● သူမ နာမည်က ဘရစ်ဂျစ်
၁၉၅၃ ခုနှစ် ပြင်သစ်ပြည် အရှေ့မြောက်ပိုင်း Amiens မြို့မှာ မွေးဖွားခဲ့၊ အဖေဖြစ်သူက Fondateur de la Chocolaterie Trogneux à Amiens. ချောကလက်နဲ့ မုန့်အချို လုပ်ငန်းများပိုင်ရှင် Jean Georges TROGNEUX.

သူမ နာမည်က Brigitte, Jeune Fille ငယ်ငယ်ကတော့ နာမည်တူ မင်းသမီး Brigitte လို ချောချောလှလှလေး၊ နောက်တော့ Professeur de Lettres ကျောင်းဆရာမလေး ဖြစ်လို့လာခဲ့၊ မင်းသမီး Brigitte Bardot ကဲ့သို့ ကြီးလေ ခပ်ဆိုးဆိုး ဖြစ်လာလေ ရုပ်မျိုး၊ အင်း ခုတော့ အသက်က ၆၄၊ ရုပ်က ဆွဲဆောင်မှု အပြည့်နဲ့ ဆိုးတဲ့ ရုပ်မျိုး။

ကင်မရွန်းနိုင်ငံမှာ မွေးဖွားခဲ့သူ (Crédit du Nord) ဘဏ်လုပ်ငန်းရှင် သူဌေး André Louis Auzière (၁၉၅၁-    ) နဲ့ ၁၉၇၄ မှာ လက်ထပ်ခဲ့၊ သားတယောက် (၁၉၇၅) သမီး နှစ်ယောက် (၁၉၇၇/၁၉၈၄) ရရှိခဲ့ကြ။

၁၉၉၃ ခုနှစ် အသက် ၄၀ အရွယ်မှာ အသက် ၁၅ နှစ်သား ကျောင်းသားလေး Emmanuel Macron (၁၉၇၇-    ) နဲ့ Amiens မြို့ကကျောင်းမှာ တွေ့ဆုံခဲ့ကြ၊ သမီးဖြစ်သူ Laurence Auzière-Jourdan (၁၉၇၇-    ) အတန်းတူ အသက်တူ။



ဖတ်စ်လေဒီ ဖြစ်လာမယ့် ကျောင်းဆရာမနဲ့ ၁၅ နှစ်သား ကျောင်းသားလေးဘဝမှာ စတင်တွေ့ဆုံခဲ့ပြီး ကျောင်းကောင်းကောင်း လူကောင်းကောင်းတွေနဲ့ ပေါင်းဆုံခွင့်ရ ရှိလေအောင် အနီးကပ် ပံ့ပိုး ကူညီ လမ်းညွှန် ပြသခဲ့။

ပြင်သစ်ရဲ့ နာမည်ကြီး ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားတွေ သမ္မတကြီးတွေ ဝန်ကြီးချုပ်ကြီးတွေ ဝန်ကြီးတွေ အများအပြား မွေးထုတ်ပေးခဲ့ရာ
Lycée Henri-IV
Université Paris-Nanterre
(Sciences Po) Institut d'études politiques de Paris (IEP de Paris)
École Nationale d'Administration (ENA) တို့လို့ မျက်နှာကြီး ကျောင်းကြီးတွေမှာ အဆင့်ဆင့် တက်ရောက်ခွင့် ရရှိအောင်
ထောက်ပံ့ပိုးကူညီ ပေးနိုင်ခဲ့တယ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။

အဲဒီလို ကျောင်းဆရာမနဲ့ ကျောင်းသားလေး ဇာတ်လမ်းက နောက် ၁၄ နှစ်ကြာတဲ့ ၂၀၀၆ အခါမှာ ပေါင်းဆုံဖို့ ဖြစ်လာခဲ့၊ ၂၀၀၆ မှာ André Auzière နဲ့ တရားဝင် လမ်းခွဲခွင့်ရ။

တနှစ်ခွဲကျော်အကြာ ၂၀၀၇ အောက်တိုဘာ အသက် ၅၄ နှစ်မှာ အသက် ၂၉ နှစ်သား တမြို့ထဲနေ တရေထဲသောက် Emmanuel Macron နဲ့ တရားဝင် စတင် ပေါင်းဆုံခွင့်ရရှိခဲ့။



ကလေးသုံးယောက်အမေ Brigitte Auzière ဘဝကနေ Madame Auzière-Macron ဘဝသို့ စတင် ပြောင်းလဲလာခဲ့၊ Emmanuel Macron ထက် အသက် ၂၄ နှစ် ရှစ်လတိတိကြီး၊မြောက်ပင်လယ် ကမ်းခြေနားက Le Touquet-Paris-Plage မြို့လေးမှာ အခြေချ နေထိုင်ခဲ့ရင်း၊ ဆယ်နှစ်တာ ကာလအတွင်းမှာတော့ Emmanuel Macron ကို Famille Rothschild ရဲ့ ဘဏ်လုပ်ငန်း အင်ပါယာသို့ ထဲထဲဝင်ဝင်ရောက်အောင် ကြံဆောင်နိုင်ခဲ့သလို ပြင်သစ် နိုင်ငံရေးလောက အနာဂတ် ခေါင်းဆောင်ဘဝနောက် သမ္မတကြီးဘဝသို့ တဆစ်ချိုး ပြောင်းရွှေ့ရောက်ရှိလာအောင် ကြံဆောင်ဖန်တီးနိုင်ခဲ့။

၂၀၀၆ မှာ အတိုက်အခံ (Parti Socialiste, PS) ဆိုရှယ်လစ် ပါတီဝင် ဖြစ်လာအောင် ၂၀၁၄ မှာ ဆိုရှယ်လစ်ပါတီ သမ္မတ François Hollande ဝန်ကြီးချုပ် Manuel Valls တို့ရဲ့ ဒုတိယ အစိုးရ အဖွဲ့မှာ Minister of Economy, Industry and Digital Affairs ဝန်ကြီးအဖြစ်၊၂၀၁၇ ခုနှစ်မှာ ပဉ္စမ ပြင်သစ် သမ္မတ နိုင်ငံတော်ရဲ့ ဆယ့်တကြိမ်မြောက် သမ္မတ ရွေးပွဲကြီးမှာဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိလာအောင် အဓိက နေရာက ဦးဆောင်လမ်းညွှန်နိုင်ခဲ့သူ တဦးပါ။

ဘယ်လိုပြောပြော Emmanuel Macron မာခွန် သမ္မတ ဖြစ်လာရေး လမ်းကြောင်းမှာ သူမသာလျှင် အဓိက ဆိုတာကို အသိအမှတ်တော့ ပြုရပါလိမ့်မယ်။



ပြင်သစ် ဂျူးမျိုးနွယ်ဖွားတွေဖြစ်တဲ့ Rothschild ဘဏ်လုပ်ငန်းရှင် မိသားစုဝင် သူဌေးကြီးတွေရဲ့ ပိတ်ကား နောက်ကွယ်က ပံ့ပိုး ကြိုးကိုင်မှု ဘယ်လောက်ရှိနိုင်မလဲ၊ LGBT ဆရာကြီး Pierre Bergé တို့လို လူမျိုးတွေက ဘယ်လို ပုံစံမျိုးနဲ့ ပါဝင်ပတ်သက်နေသလဲ၊ လက်ဝဲ လက်ယာ လက်ခလယ် နိုင်ငံရေးသမား ကြီး ငယ် ဟောင်း သစ် တွေရဲ့ ထောက်ခံမှုတွေက ဘာကြောင့် လွယ်လွယ်ကူကူ ရရှိနေသလဲ ဆိုတာ ဆိုတာ တွေကိုတော့ ဆိုတာတွေကိုတော့ မောင်ရင်ငတေလည်း မပြောဝံ့ပါကြောင်း ...။

ဒါပေမယ့် ပဉ္စမ ပြင်သစ် သမ္မတ နိုင်ငံတော်အတွက် ဆယ့်တကြိမ်မြောက် သမ္မတ ရွေးပွဲမှာ« Macarons d’Amiens » ဖြစ်လာစေရေး လမ်းကြောင်းကို ဖန်တီး ပဲ့ကိုင်ခဲ့သူကတော့ သမ္မတလောင်းလေး မာခွန်ရဲ့ ငယ်ကချစ် နှစ်တရာ ဆရာမကြီး Brigitte Trogneux Macron သည်သာ ဖြစ်ပါကြောင်း မောင်ရင်ငတေ ယူဆမိရင်း ....။

မာခွန်ရဲ့ ဖန်တီးရှင် (သို့မဟုတ်) အာဝါ နယူး ဖတ်စ်လေဒီ စတိုရီ့ အကြောင်း အတိုအစတွေကို ပေါင်းစပ်လိုက်ရကြောင်းပါ ခင်ဗျား ....။

မောင်ရင်ငတေ
၂၃၀၄၂၀၁၇ - ၀၂၀၅၂၀၁၇