ဝင်းမင်းခိုင် ● ငြိမ်းချမ်းရေး

ဝင်းမင်းခိုင် ● ငြိမ်းချမ်းရေး
(မိုးမခ) မေ ၂၄၊ ၂၀၁၇

သူကိုယ်တိုင်က
စစ်ဘေးရှောင် ဒုက္ခသည်။

တောက်လောင်နေတဲ့
မီးအားလုံးကို ငြိမ်းသတ်ဖို့
ပြည်ဝင်ခွင့်မရတဲ့
ဂရုဏာရှင်။

ကိုယ်ကျိုးရှာသမားတို့ရဲ့
ကတိစကားရေတိမ်ထဲ
အကြိမ်ကြိမ် ဆွဲနှစ်ခံရသူ။

နာမည်ဆိုးနဲ့ စီးဆင်းတဲ့
သွေးမြစ်ကြီးကိုရပ်တန့်ဖို့
အစရှာနေတဲ့ နတ်ဒေဝတာ။

သူ့လမ်း
ဆူးညှောင့်အပြည့်
ခြုံခိုတိုက်ခိုက်သူတွေနဲ့
ထောင်ထားတဲ့ မိုင်းကွင်းတွေနဲ့
နှစ် ခုနှစ်ဆယ်နီးပါး
သူ့ကို
ကြိုဆိုခဲ့ကြပုံ။        ။
                       
ဝင်းမင်းခိုင်
မေ ၁၂၊ ၂၀၁၇