ကောင်းကင်ကို - သွေးလှူပွဲ

Artist Than Htay Maung

ကောင်းကင်ကို - သွေးလှူပွဲ 

(မိုးမခ) မေ ၁၁၊ ၂၀၁၇

ရေနံလက်ယက်တွင်းတွေ လက်ညှိုးတငေါက်ငေါက်နဲ့
ပြာဖုံးခံခဲ့ရတဲ့ အမှန်တရားတွေ မီးထတောက်တယ်။
ဒေသဖွံ့ဖြိုးရေးဆိုပြီး
ငွေစ ခွံ့ထိုးကျွေးရတာ
ဘီလီယံနဲ့ ချီတယ်။

ခရိုနီတွေလေ
နိုင်ငံကို အရစ်ကျ နှိပ်စက်ရင်း
ဘာမှမရှိတဲ့ခွက်တွေမှာ
မလိုင်ဖတ်အဖြစ် တွယ်ကပ်နေကြ။

မေမေရေ...
Vampire တွေရဲ့ သွေးလှူပွဲမှာ
သာဓုဘယ်နှစ်ကြိမ် ခေါ်ရမှာလဲ။

Vampire = သွေးစုပ်ဖုတ်ကောင်