ဒေါက်တာခင်မောင်ဝင်း(သချာင်္) - ကွ န်ပျူတာအတွက် အင်္ဂလိပ်စာ - ၁
အီလက်ထရွန်များနှင့် အီလက်ထရောနစ်
(မိုးမခ) မေ ၂၃၊ ၂၀၁၇
English for Computers - 1
ELECTRONICS AND ELECTRONS
Everything in the universe is made up of tiny particles called atoms.Atoms,in turn are made up of even smaller particles called subatomic particles. These are electrons, protons and neutrons.At the centre of the atom is nucleus which contains a bunch of these particles, namely protons and neutrons.The nucleus is surrounded by moving electrons.Protons are positively charged while electrons are negatively charged. Neutrons have no charge.Generally the number of protons and electrons are equal and they cancel each other's charges. The term electronics comes from electrons .
ကွန်ပျူတာအတွက် အင်္ဂလိပ်စာ - ၁
အီလက်ထရွန်များနှင့် အီလက်ထရောနစ်
စကြာဝဠာထဲတွင်ရှိသော အရာဝတ္ထုအားလုံးကို အနုမြူဟုခေါ်သော အလွန်သေးငယ်သည့် အမှုန်ကလေးများဖြင့် ပြုလုပ်ထားသည်။ အနုမြူများကိုလည်း ၄င်းထက်သေးသော အမှုန်ကလေး များဖြင့်ပြု လုပ်ထား ပြန်သည်။ ထိုအမှုန်ကလေးများကို အနုမြူ၏ စိတ်အပိုင်းကလေးမျာ ဟုခေါ် သည်။ ယင်းအစိတ်အပိုင်းကလေးများမှာ အီလက်ထရွန်၊ ပရိုတွန် နှင့် နယူထရွန်များ ဖြစ်ကြသည်။ အနုမြူ၏ အလယ်ဗဟိုတွင် နယူကလိယ ဟူသောအရာရှိသည်။ ထိုနယူကလိယသည် ပရိုတွန် နှင့် နယူထရွန်များကို စုထားခြင်း ဖြစ်သည်။ ယင်းနယူကလိယကို အီလက်ထရွန်အမှုန်ကလေးများ ကပတ်၍ ပြေးနေကြသည်။ နယူကလိယ၏ အထဲတွင်ရှိသော ပရိုတွန်များတွင် လျှပ်စစ်အပေါင်း ဓာတ်ရှိသည်။ ပတ်ပြေးနေသော အီလက်ထရွန်များထဲတွင် လျှပ်စစ်အနှုတ်ဓာတ်ရှိသည်။ နယူထရွန်များထဲတွင် လျှပ်စစ်ဓာတ်မရှိပါ။ ယေဘုယျအားဖြင့် ပရိုတွန်အရေအတွက် နှင့် အီလက်ထရွန် အရေအတွက် တူကြသည်။ ထို့ကြောင့် ပရိုတွန်ရှိ အပေါင်းဓာတ်နှင့် အီလက်ထရွန်၏ အနှုတ်ဓာတ်တို့သည် ကြေသွားကြသည်။ အီလက်ထရောနစ်ဟူသောဝေါဟာရသည် အီလက်ထရွန်မှ ဆင်းသက်လာခြင်းဖြစ်သည်။
Language Notes
Universe (N) - စကြ၀ဠာ
Tiny (adj) - သေးငယ်သော
Particle (N) - အမှုန်
made up of - ... ... ... ဖြင့် ပြုလုပ်ထားသော
Everything is made up of atoms - အရာဝတ္ထုအားလုံးကို အနုမြူများဖြင့် ပြုလုပ်ထားသည်။
atom (N) - အနုမြူ
subatomic (adj) - အနု မြူထက်ငယ်သော
Nucleus (N) - အနုမြူ၏ အလယ်ဗဟို။ နယူကလိယ
surround (v) ၀န်းရံထားသည်
surrounded by ... ... ... တို့ဖြင့် ၀န်းရံထားသော
The nucleus is surrounded by moving electrons - နယူကလိယကို သွားလာလှုပ်ရှားနေသော အီလက်ထရွန်များက ၀န်းရံထားသည်။
charged (adj) - လျှပ်စစ်ဓာတ်စီးနေသော
Positively charged - အပေါင်းလျှပ်စစ်ဓာတ်စီးနေသော
Negatively charged - အနှုတ်လျှပ်စစ်ဓာတ်စီးနေသော
Cancel (v) - ကြေသွားသည်
Generally (adv) - ယေဘုယအားဖြင့်