ဆောင်းယွန်းလ ● သက်မဲ့ ကဗျာ

ဆောင်းယွန်းလ ● သက်မဲ့ ကဗျာ
(မိုးမခ) မေ ၂၇၊ ၂၀၁၇

စိတ်ဟာ
အုံ့မှိုင်းနေတဲ့ ရာသီဥတုပဲ။

လေနှင်ရာပြေးထွက်ဖို့
ပြတင်းပေါက်တို့ ရှာမတွေ့ခဲ့သေးပါ။

မိုးသားတိမ်လိပ်တွေနဲ့ ရောပြီးရွာချဖို့ရန်
ခြောက်သွေ့လွန်းလှပါရဲ့
မျှော်ကိုးစရာ ကံ ကံ၏အကျိုးအတွက်
ထွက်သွားတဲ့ ရထားဟာလည်း
ပြန်လည် ဆိုက်ရောက်မလာခဲ့။

ခြေသံပြင်းပြင်း ရွှေ့သွားတဲ့ နံနက်ခင်းဟာ
တက်ခေါက်သံ ညနေတွေနဲ့ ပြန်ရွေ့လာခဲ့။

ဗလာကျင်းထားတဲ့ အခန်းတခန်းဖြစ်ရင်
သိပ်ကောင်းမှာပဲလို့ တွေးနေတုန်း
စိတ်ထဲမှာပဲ မိုးတအုံးအုံးရွာချလိုက်လေရဲ့
ရေတစက်မျှ မရလိုက်ပါ။

ဆောင်းယွန်းလ
(မေလ ၂၃ ရက်၊၂၀၁၇)