ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ကွန်ပျူတာအတွက် အင်္ဂလိပ်စာ – ၎
(မိုးမခ) မေ ၂၇၊ ၂၀၁၇
English for Computers (4)
PRINTED CIRCUIT
A printed circuit is simply a network of copper strips attached to a board. It is made by first planning a circuit on a clean copper plate through carbon paper. The carbon plate is glued to an insulating sheath.The carbon lines on the copper are then printed over with a substance that resists being etched by an acid. The board is then put into a bath of acid or etching solution in which all the copper except for the printed is etched away.The printed circuit is removed and cleaned. Holes are drilled at various points along the copper lines. The electronic devices or components are placed on the non-copper side of the board.The wires from each component are fed through the holes soldered to the copper.Current can now flow along the lines to each component.
ပုံနှိပ်ထားသောဆားကစ်
ပုံနှိပ်ထားသောဆားကစ်ဟူသည်မှာ ကားချပ်တစ်ခုပေါ်တွင် ကပ်ထားသော ကြေးနီဖြင့်လုပ်ထားသော အမြှောင်းများပါဝင်သည့်ကွမ်ဟက်ဖြစ်သည်။ ၄င်းကိုပြုလုပ်ရန်အတွက် ရှေးဦးစွာ သန့်စင်ထားသောကြေးနီပြားပေါ်တွင် ကာဘွန်စက္ကူမှတစ်ဆင့် ဆားကစ်ပုံတစ်ခုကို စမ်းဆွဲကြည့်သည်။ ကြေးနီပြားကို လျှပ်စစ်
နှင့်အပူတို့ကို တားဆီးသောအစွပ်အကာတစ်ခုအပေါ်တွင် ကော်ဖြင့် ကပ်ထားသည်။ ကြေးနီပြားပေါ်ရှိ ကာဘွန်မျဉ်းများကို အက်စစ်ဖြင့်အရေးအကြောင်းများဖြစ်ခြင်းကို ကာကွယ်သောပစ္စည်းတစ်ခုကို သုံး၍ ပုံနှိပ်ပေးသည်။ ထိုကားချပ်ကို အရေးအကြောင်းဆေးရေ ဟုခေါ်သော အက်စစ်ရေထဲတွင် စိမ်လိုက်သည်။ ထိုအခါတွင် ပုံနှိပ်ထားသောကြေးနီမှအပ အခြားအပိုင်းများကို စားပစ်လိုက်သည်။ ပုံနှိပ်ထားသောဆားကစ်ကို ယူ၍ သန့်စင်လိုက်သည်။ ကြေးနီမျဉ်းများ တစ်လျှောက်တွင်အပေါက်များထွင်းသည်။ အီလက်ထရောနစ်ကရိယာများနှင့် အပိုင်းများကို ကြေးနီမဟုတ်သောဘက်တွင်ထားသည်။ အပိုင်းတစ်ခုစီမှ ဝါယာကြိုးကို ကြေးနီအပေါက်များတွင် ဂဟေဆော်လိုက်သည်။ ထိုအခါတွင် လျှပ်စစ်ဓာတ်သည် မျဉ်းကြောင်းများမှတစ်ဆင့် အပိုင်းတစ်ပိုင်းစီသို့ စီးဆင်သွားနိုင်သည်။
Language Notes
Print (v, N) - ပုံနှိပ်သည်။ ပုံနှိပ်ခြင်း။
Printed (adj) - ပုံနှိပ်ထားသော
Attach (v) တွယ်ထားသည်။ ကပ်ထားသည်။ တွဲထားသည်။
Plan (v, N) - စီစဉ်သည်။ အစီအစဉ်။
Through prep - ဖြတ်သွား၍
Glue (v, N) - ကော်။ ကော်ဖြင့်ကပ်သည်။
Insulate (v) - တားဆီးသည်။ လျှပ်စစ်အပူ
Insulating (adj) - တားဆီးသော
Sheath (N) အစွပ်။အကာ
Substance (N) - အရာဝတ္ထု
Resist (v) - တွန်းကန်သည်
Etch (v, N) - အရေးအကြောင်းထင်စေသည်။
Bath (N) အရေ
Remove (v) - ဖယ်သည်
Drill (v) - အပေါက်ဖောက်သည်
Various (adj) - အမျိုးမျိုး
Non- ××× မဟုတ်သော
Non-copper - ကြေးနီမဟုတ်သော
Feed (v) - အစာကျွေးသည်။ ဖြစ်စေသည်။
Flow (v) - စီးသည်။
Component (N) - အပိုင်း