ကိုပွေး ● မိုးဦး လေဦး

 ကိုပွေး ● မိုးဦး လေဦး
(မိုးမခ) ဇွန် ၁၆၊ ၂၀၁၇

ခေါင်မှန်ရင် အကုန်ရသလို
ခေါင်လှန်ရင် အကုန်ကျကုန်ကြမှာပဲ ဆိုတာ
သူတို့သိသလို ငါတို့လဲသိတာပဲ

ခပ်နက်နက်တူးမှ ခပ်မြန်မြန်မသေမှာဆိုပြီး
ကိုယ့်အသက်ကိုကိုယ် မြေမှာ ငုတ်ရှာလို့

ဘာသာမဲ့တယောက် လက်အုပ်ချီထားသလို
သူတို့ စစ်ကို ချီလာပြီ

ငါတို့ ဆုတောင်းပြည့်မှာလား။   ။   ။

ကိုပွေး 
၁၈၀၅၁၇