စိုးနေလင်း ● မိုးခါးရေထဲက မြစ်


စိုးနေလင်း ● မိုးခါးရေထဲက မြစ်
(မိုးမခ) ဇူလိုင် ၇၊ ၂ဝ၁၇

 
ကြည့် ....
အဲဒီမြစ်ရဲ့ နရီစေးခဲ
ရေဝဲကတော့ ဇောက်နက်များသာ
ချာလည် လှည့်ပတ်နေလေရဲ့။
                      
သွားပါများလည်း ခရီးမရောက်
တောခြောက်သူ တောမှောက်သူ
အပူရောင်ကဲသော တေးသွားတို့သာ
လေညာအရပ်မှာရစ်ဝဲ
အေးခဲစပြုခဲ့ပြီ။

မြေမကြိုက်သော ပင်ပျိုတိုင်း
ပိုင်းပိုင်းကျေပြတ်
တခန်းမရပ် အလွမ်းဇာတ်နာ
စာလုံးပေါင်း အခါခါမှားခဲ့ရာမှ
ငါ့ဝမ်းပူဆာ မနေသာသူတို့က
ညထဲပျော်ဝင် သွားခဲ့ကြပြီ။

ဒါက ယန်စီရေစီး
ဒါက ဂင်္ဂါရေစီး
အဟုန်ကြီးကြီးရိုက်ခတ်
ရေစီးရပ်လု ဧရာဝတီမှာ
ဗေဒါနဲ့ ဒိုက်သရော
တောထ သောသောရှိလေရဲ့။

ကဲ အဲဒီမြစ်ကို ကျောပိုး
(ဘယ်သူ)
ပင်လယ်ပြင်ထဲ ငုတ်လျှိုးရဲမလဲ။  ။

Comments