မောင်တင်သစ် ● ဝန်​ကြီးချုပ်​ဦးနုရဲ့ တိုက်​ပုံအင်္ကျီ

မောင်တင်သစ် ● ဝန်​ကြီးချုပ်​ဦးနုရဲ့ တိုက်​ပုံအင်္ကျီ
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၇

တိမ်​​တွေ​တောင်
ငြိမ်​သက်​​နေတယ်​။

အစ္စ​ရေးခရီးစဉ်​မှာ
ဝန်​ကြီးချုပ်​ဦးနုရဲ့ တိုက်​ပုံအင်္ကျီဟာ
အောက်​ဆုံးကြယ်​သီး
ပြုတ်​​နေတယ်​။

သို့​ပေမယ့်
ပြုံးပြုံးရွှင်​ရွှင်​ပါပဲ
သူဟာ
လေယာဉ်​​ပေါ်က ဆင်းလာတယ်​။

တင့်​တင့်​တယ်​တယ်​ပါပဲ
သူဟာ လက်​ဆွဲနှုတ်​ဆက်​​နေပါတယ်​။

မောင်တင်သစ်
၂၉ ဇွန်​၊ ၂၀၁၇။


illustration : Jodi Ohl

Comments