ခက်ဦး ● ကြိုးများ


ခက်ဦး ● ကြိုးများ
(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၇

ဟောဟိုမှာကြည့်
လူစင်စစ်ကရုပ်သေးလေးလိုက
ဆိုင်းချက်စေစားရာမှာမြူးမြူးကြွ
က က က

ကြာကြာကြည့်တော့
လက် ခေါင်း ပုခုံးထက်
ကြိုးများတကယ်ဆွဲထားသလားထင်လာရ
ကြည့်ရင်းကြည့်ရင်းသဘောကျ
သဘောကျရင်းရင်တမမ
အမယ်မင်း ကြိုးများပြတ်သွားရင်
မတော်တဆ   ..... ...

အမယ်လေး....လန့်စရာပ
စိုးရိမ်မိသွားတဲ့ကိုယ့်မှာကိုက
စိတ်ပူမိသွားတဲ့ကိုယ့်မှာကိုက

လက်ဆန့်မရ ခြေထိုးမလှ
ခေါင်းမတ်မရ ခေါင်းဆတ်မလှ
ထင်ကားထင်၏မမြင်ရ
မြင်ကားမြင်၏ဖြတ်မရ
များကားများ၏ရေမရ
ရှုပ်ပွ

သြော်.... ဒုက္ခ ။

Comments