ဒေါက်တာခင်မောင်ဝင်း (သချာင်္) - The RIGHT WORD - 2



ဒေါက်တာခင်မောင်ဝင်း (သချာင်္) - The RIGHT WORD - 2
HIGH , ELEVATED ,LOFTY , TALL, TOWERING
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၇

၁။ ဤစကားလုံးများသည်​ မြင့်​မား​သောဟု ဆိုလိုသည်​။ သို့မဟုတ်​ အရာဝတ္ထု တခုခုသည်​ မြင့်​မား​သော ​နေရာတွင်​ ရှိခြင်း၊ ၄င်းကို မြင့်​မား​သော ​နေရာတွင် ​ထားခြင်းကို ​ဖေါ်ပြနိုင်​သည်​။

၂။ HIGH ကို ဤအဓိပ္ပါယ်​နှစ်​မျိုးစလုံး သုံးနိုင်​သည်​။
high buildings - မြင့်​မား​သော အ​ဆောက်အ​ဦများ
The house is high up in the hills.
 အိမ်​သည်​ ​တောင်​များကြား၊ မြင့်​မား​သော ​နေရာတွင်​ရှိသည်​။

၃။ TALL ကို မြင့်​မား​သောဟူ​သော အဓိပ္ပါယ်​ တမျိုးတည်းသာသုံးသည်​။
Tall man အရပ်​ရှည်​​သောသူ။

၎။ အထက်​​အောက်​ ရှည်​ခြင်းမြင့်​ခြင်းကို ​ဖေါ်ပြရာတွင် TALL ကို ပို၍ အသုံးများသည်​။ အရပ်​ရှည်​ခြင်းကို HIGH မသုံး TALL သုံးသည်​။ သို့သော်​လည်း HIGH ကို သုံး​သော ​နေရာများ ရှိပါသည်​။
The highest mountain အမြင့်​ဆုံး​တောင်
High buildings တွင်​ tall buildings ဟူ၍  high နှင့်​ tall အလဲအလှယ်လုပ်​၍ သုံးနိုင်​သည်​။

၅ ။ ရုပ်​ပိုင်းဆိုင်​ရာ မဟုတ်​ဘဲ စိတ်​ပိုင်းဆိုင်​ရာတွင်
HIGH ကိုသုံး နိုင်​သည်​။
High spirits စိတ်ဓာတ်​ တက်​ခြင်း
High moral စိတ်​ဓာတ်​ မြင့်​မား​သော
High temperature မြင့်​မား​သောအပူချိန်

6. ELEVATED သည်​ ​ဘေးပတ်​၀န်းကျင်​ထက်​ပို၍ မြင့်​မားမှုကို ​ဖော်​ပြသည်​။ အ​ပေါ်သို့ မြင့်​တက်လာခြင်းလည်း ဖြစ်​ နိုင်​သည်​။

The office building is elevated a dozen floors above the ground.
ရုံးအ​ဆောက်​အဦသည် ​​မြေ ​ပေါ်မှ ၁၂ ထပ်​​လောက်​ အ​ပေါ်​ရောက်​ ​နေသည်​။
The road is bit elevated here.
လမ်းသည်​ ဒီ​နေရာမှာ အနည်းငယ်​မြင့်​​နေသည်​။
The platform is elevated.
လမ်း​ဘေးပလက်​​ဖောင်းသည်​ မြင့်​​နေသည်​။

၇။ TOWERING သည် ​​ဘေးပတ်​ပတ်​လည်​ရှိ အခြားအရာများအ​ပေါ်မိုး​နေသကဲ့သို့ မြင့်​မားသည့်​ အဖြစ်​ကို ​ဖေါ်ပြသည်​။
The towering pine trees မြင့်​မား​သော ကျွန်းပင်​များ
The towering skyscrapers မြင့်​မား​သော မိုးပျံတိုက်​ကြီးများ

၈။ TOWERING ကို အရည်​အချင်းဆိုင်​ရာတွင်​လည်းသုံးသည်​။
U Pon Nya is a towering figure in Myanmar Literature.
ဦးပုညသည်​ မြန်​မာစာ​ပေတွင်​ ထင်​ရှား​သောပုဂ္ဂိုလ်​ ဖြစ်​သည်​။

 ၉။ LOFTYကို မြင့်​မားသည့်​ အဓိပ္ပာယ်​ဖြင့်​ သုံးရာတွင် ယခုအခါတွင်​ ဟန်​​ဆောင်​မှုဆန်​သည်​။ စိတ်ပိုင်းဆိုင်​ရာတွင်​ မတူမတန်​သလိုသ​ဘောထားမျိုး ကို​ဖေါ်ပြသည်​။

 The lofty attitude of some writers to the needs of the people.
အချို့​သောစာ​ရေးဆရာများ၏ လူအများလိုအပ်​ချက်​ကို ထည့်​မစဉ်းစားသည့်​ သ​ဘောထား။

၁၀။ အခြားဆင်​တူစကားလုံးများမှာ
Outstanding, steep, summit

၁၁။ ဆန့်​ကျင်​ဘက်​များ။
Base, degraded, low short

Comments