ကမ်လူဝေး ● ​ဆေးရုံ (၁၂)


ကမ်လူဝေး ● ​ဆေးရုံ (၁၂)
(မိုးမခ) သြဂတ်စ် ၃၀၊ ၂၀၁၇

အသက်​ ဆီမီးက ခမ်း​ခြောက်​လုနီးနီး
သက်​တမ်းတိုး ​ရှေ့ဆက်​ဖို့
ပိုက်​ဆံထုပ်​ကိုပိုက်​ရင်း ​ရောက်​လာ။

လေထဲမှာရှိတဲ့ ​လေကို
လေထဲက ဟတ်​ယူ ရှူသွင်းဖို့
ပါးစပ်​ဟ ​မေးထိုးရင်း ကြိုးစား။

ခန္ဓာရှိ ​ဝေဒနာရှိ
မ​ရှောင်​နိုင်​တဲ့တရား
ဝေဒနာကင်းဖို့ ခန္ဓာကိုထားခဲ့ရမလား။

ဆေးဝါး​တွေက
အသက်​ကို သက်​တမ်းမလွန်​​အောင်​ ဆွဲဆန့်
တရက်​ တမနက်​ကလဲ
တခါတ​လေ ​ဈေးကြီးလှ။

ဒီ​နေရာက
အသက်​ကို အရယူပြီးပြန်​ခဲ့
သို့​ပေမဲ့
ပြန်​စရာ အိုးမဲ့ အိမ်​မဲ့။        ။

ကမ်​လူ​ဝေး

Comments