မောင်ကြူးရင့် ● အလံ


မောင်ကြူးရင့် ● အလံ
(မိုးမခ) သြဂတ်စ် ၉၊ ၂၀၁၇

အလံဟာ
ငါတို့ရဲ့ဝိညာဉ်
ငါတို့ရဲ့အသက်

အလံဟာ
လူ့အဖွဲ့အစည်းရဲ့ဝိညာဉ်
လူ့အဖွဲ့အစည်းရဲ့အသက်

အလံဟာ
သမိုင်းရဲ့ဝိညာဉ်
သမိုင်းရဲ့အသက်
ထီးကျိုးစည်ပေါက်
အလံပျောက်ခဲ့တဲ့ နှစ်တွေ

အလံကို
ပြန်ပေးဆွဲခံရတဲ့နှစ်တွေ
အလံလဲမကျ
လူလဲကျခဲ့တဲ့ နှစ်တွေ
ငါတို့အလံကို
ငါတို့ပြန်ယူရမယ်
ငါတို့အလံကို
ငါတို့အသက်နဲ့လဲ
ထာဝရထိမ်းသိမ်းရမယ်

မောင်ကြူးရင့်
၈ . ၈ . ၂၀၁၇

Comments