ကမ်​လူ​ဝေး - ကံကြမ္မာ

 ကံကြမ္မာ
ကမ်​လူ​ဝေး
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၁၇ 

ငါ့​ခေါင်း​ပေါ်ကျလာတဲ့ အုန်းသီးဟာ
အုန်းပင်​​အောက်​​ရောက်​​နေမိတဲ့ ငါ့ရဲ့မှားယွင်းမှု
တိုက်​ဆိုင်​မှုဖြစ်​နိုင်​သလို ကြိုတင်​ကြံစီမှုလည်းဖြစ်​နိုင်
အုန်းပင်​က ဘယ်​သူစိုက်​ခဲ့သလဲ
အုန်းပင်​က ဘာလို့ အုန်းသီး သီးရသလဲ
အုန်းသီးဟာ ဘာလို့​ကြွေသလဲ အချိန်​ကိုက်
အုန်းပင်​​အောက်​ အချိန်​ကိုက်​ ဘာလို့ ငါက​ရောက်​ရှိ
အားလုံးဟာ ​မေးခွန်းများ
အ​ဖြေမရှိ​သော​မေးခွန်းများ
သေချာတာက 
ငါ့​ခေါင်း​ပေါ် အုန်းသီးတလုံး​ရောက်​ရှိခဲ့
ငါ့ရဲ့​ခေါင်းဟာ ကွဲ​ကြေ
ဒါဟာ ဘဝ ကံကြမ္မာ လို့ဆိုရမလား။    ။
 

Comments