
အာကာဦး ● ပွန်း
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၇
ကျမဟာ မိန်းသားဖြစ်ကြောင်း
ဒီကဗျာကိုဖတ်ရင်း ရှင်တို့သိလာမှာပါ။
မုန်တိုင်းလို လေတွေ အရပ်မျက်နှာပေါင်းစုံက
ဘယ်လိုပဲဝင်လာဝင်လာ
ကျမဟာ ဒီတိုက်ပွဲထဲက မရှိမဖြစ် စစ်သား။
ကျမဟာ တခါ တခါ ထောက်ကောင်။
ကျမဟာ တခါ တခါ အသေခံပွိုင့်။
ရှင်တို့ပြောနေကျ စကားအတိုင်းပြောရရင်
ထိုးကျွေးခံလိုက်ရတဲ့ သေးသေးနုပ်နုပ်လေးဟာ
ကျမပါပဲ။
တခုတော့ပြောပါရစေ
အကြောင်းအပေါင်းသင့်လို့
ရန်သူ့ခံတပ်ထဲ ဝင်မွှေခွင့်ရရင်
ကျမဟာ နေ့ခြင်း ညခြင်း
ဘုရင်မကြီး ဖြစ်ခွင့်ရှိတယ်ဆိုတဲ့အကြောင်း။ ။
အာကာဦး
(မိုးမခ) စက်တင်ဘာ ၁၄၊ ၂၀၁၇
ကျမဟာ မိန်းသားဖြစ်ကြောင်း
ဒီကဗျာကိုဖတ်ရင်း ရှင်တို့သိလာမှာပါ။
မုန်တိုင်းလို လေတွေ အရပ်မျက်နှာပေါင်းစုံက
ဘယ်လိုပဲဝင်လာဝင်လာ
ကျမဟာ ဒီတိုက်ပွဲထဲက မရှိမဖြစ် စစ်သား။
ကျမဟာ တခါ တခါ ထောက်ကောင်။
ကျမဟာ တခါ တခါ အသေခံပွိုင့်။
ရှင်တို့ပြောနေကျ စကားအတိုင်းပြောရရင်
ထိုးကျွေးခံလိုက်ရတဲ့ သေးသေးနုပ်နုပ်လေးဟာ
ကျမပါပဲ။
တခုတော့ပြောပါရစေ
အကြောင်းအပေါင်းသင့်လို့
ရန်သူ့ခံတပ်ထဲ ဝင်မွှေခွင့်ရရင်
ကျမဟာ နေ့ခြင်း ညခြင်း
ဘုရင်မကြီး ဖြစ်ခွင့်ရှိတယ်ဆိုတဲ့အကြောင်း။ ။
အာကာဦး
Comments