ကိုသန်းလွင် ● ဂျင်းနားနှင့် ယနေ့ပါကစ္စတန်

ကိုသန်းလွင် ● ဂျင်းနားနှင့် ယနေ့ပါကစ္စတန်
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၇

(၁)
၁၉၄၈ ခု စက်တင်ဘာလ ၁၁ ရက်နေ့၊ ပါကစ္စတန်ဟူ၍ဖြစ်လာသည်မှာ တနှစ်မပြည့်တပြည့်ရှိပါပြီ။ တောတောင် ထူထပ် သော Quetta မြို့မှပျံသန်းလာသော လေယာဉ်ပျံသည် ပါကစ္စတန်၏မြို့တော် ကရာချိသို့ ဆိုက်ရောက်လာပါသည်။ ထို လေယာဉ်ပျံနှင့်အတူ ပါကစ္စတန်နိုင်ငံ၏ဖခင်ကြီး အလီဂျင်နား (Ali Jinnah) လိုက်ပါလာပါသည်။ သူ့တွင် အလွန်ဆိုးရွားသော “ကျုဘာကလိုဆစ်"  ခေါ် ချောင်းဆိုးရောဂါ ပါလာပါသည်။

အိမ်နှင့်လေဆိပ်မှာ မိနစ် ၃၀ သာကောင်းမောင်းရသော်လည်း ဂျင်းနားအတွက် လူနာတင်ယာဉ်ကားသည် လမ်းခရီးမှာပျက် ပါတော့သည်။ ထမ်းစင်ပေါ်မှာလဲလျောင်းရင်း ကားစောင့်ရပါသည် လူနာတင်ယာဉ်မှာ အပိုမရှိပါ၊ ထိုနေ့ညနေပိုင်းမှာ မစ္စ တာဂျင်နား ကွယ်လွန်ပါသည်။

ဂျင်းနားကို တောင်ပေါ်မြို့၌ ရောဂါပျောက်လိုပျောက်ညား ဆရာဝန်က စေလွှတ်လိုက်ခြင်းဖြစ်ပါသည်။ သူ့အခြေအနေက တိုးတက်မလာသောကြောင့် မူရင်းအာရေဗျပင်လယ်ကမ်းခြေ၌ရှိသော ကရာချိသို့ ပြန်လည်ပြောင်း ရွှေ့ရန်ဆုံးဖြတ်လိုက်ရပါ သည်။ မြေပြန့်စိုစွတ်သောရာသီတွင် ဂျင်းနား၏အဆုပ်မှာ ပြန်လည်ကောင်းလိုကောင်းငြား မြေပြန့်ရေငွေ့များ ပေါများရာ နေရာသို့ ပြန်လည်ပို့ဆောင်ပေးရခြင်း ဖြစ်ပါသည်။

ဂျင်းနားသည် ၁၉၃၈ နှင့် ၁၉၄၇ ခုနှစ်အတွင်း အိန္ဒိယကျွန်းဆွယ်ကြီးကို အင်္ဂလန်က လွတ်လပ်ရေးမပေးမီ မွတ်စလင်များ၏ နေရာဒေသကိုထူထောင်ခွင့်ရအောင် ကြိုးပမ်းခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဗြိတိသျှအင်ပါယာ အင်အားချိနဲ့လာ ချိန်တွင် အိန္ဒိယကျွန်းဆွယ်ကို လွတ်လပ်ရေးပေးရန် အင်္ဂလိပ်အစိုးရက ဆုံးဖြတ်ခဲ့ပါသည်။ ထိုမှတဆင့် ပါကစ္စတန် လွတ် လပ်ရေးနေ့ဟူ၍ ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့က ဖြစ်ပေါ်ခဲ့ပါသည်။ ဂျင်နားသည် လွတ်လပ်ရေးရပြီးစ ပါကစ္စတန်နိုင်ငံ ၏ အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ ပေါ်ပေါက်လာရန် သေချာကြောင်း ကြေညာခဲ့ပါသည်။ ပါကစ္စတန် နိုင်ငံဟူ၍ ဖြစ်လာသည်နှင့် “သင်ဟာ လွတ်လပ်သွားပြီ၊ သင်ယုံကြည်ရာ ဘာသာတရားကို ကိုးကွယ်ပိုင်ခွင့်၊ ဗလီကိုဖြစ်စေ၊ ဘုရား ကျောင်းကန်ကိုဖြစ်စေသွားပိုင်ခွင့်၊ သင်ဟာကိုးကွယ်ချင်သည့်ဘာသာ၊ အယူအဆ အတွေးအခေါ်ကို ယူဆ၊ တွေးခေါ်ပိုင်ခွင့် ရှိတယ်” တို့ ရှိလာပြီဟု ပြောကြားခဲ့ပါသည်။

(၂)
ဂျင်းနား၏ နောက်ဆုံးခရီးစဉ်အတွက် သူ့လူများကနောက်ထပ် သူနာပြုယာဉ်အပိုတစ်စီး စီစဉ်မထားရှိခဲ့ခြင်း သည်နောက် လူများက ပါကစ္စတန်နိုင်ငံကိုဘယ်လိုလွှဲပြောင်း ယူကြမည်ဆိုသည်ကိုပြောစရာနမူနာသဖွယ်ဖြစ် လာခဲ့ပါသည်။ ဂျင်နား၏ အမြင်ကို လစ်လျူရှုခဲ့ကြပါသည်။ သူ၏ရပ်တည်မှုအပေါ်တွင်မကြည်လင်မှုများ၊ ရှုပ်ထွေးမှုများနှင့်ပြည့်နှက်နေစေခဲ့ပါသည်။ သမိုင်းကို ထပ်တလဲလဲ ပြုပြင်ရေးခဲ့ကြပါသည်။ ကြာသောအခါ သမိုင်းတစ်ခုလုံး ဖတ်မရတော့အောင် မှုံဝါးသွားပါတော့သည်။

ဂျင်းနားကွယ်လွန်ပြီး ဂျင်နား၏လက်ထောက်ဖြစ်သူ အလီခန်း (Liaquat Alikhan) က၁၉၅၆ ခုနှစ်တွင်အတည်ဖြစ်ခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ရေးဆွဲရန်အတွက် ကြေညာခဲ့ပါသည်။

ထိုကြေညာချက်ကို အုပ်ချုပ်မှုကောင်စီတွင်ပါဝင်သည့် မွတ်စလင်မဟုတ်သည့် အဖွဲ့ဝင်တိုင်းက ဆန့်ကျင်ခဲ့ကြပါ သည်။ သူတို့သည် ဂျင်နားချမှတ်ခဲ့သော Vision နှင့်ရည်ရွယ်ချက်ကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြပါသည်။ ထိုသို့ မွတ်စလင် မဟုတ်သော အဖွဲ့ဝင်များက ပြင်းပြင်းထန်ထန်ကန့်ကွက်နေခဲ့ ကြသည့်တိုင် ၁၉၄၉ ခုနှစ်၊ မတ် လ ၂၂ ရက်တွင် ကြေညာ ချက်ထွက်လာသောအခါ ဂျင်နား၏ လွတ်လပ်သောအမြင်နှင့် မျှော်မှန်းချက်တို့ဖြင့် ရေးဆွဲခဲ့သော ၀ါဒကို ဖြောင့်ဖြောင့် ဆန့် ကျင်လိုက်သည်ကိုတွေ့ကြရပါသည်။
ဝန်ကြီးချုပ် ခန်း ၏ လုပ်ရပ်ကြောင့် နိုင်ငံ၏အမည်သည် Republic of Parkistan မှ Islamic Republic of Parkistan သို့ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။ မွတ်စလင်ဘာသာသည် နိုင်ငံတော်၏ကိုးကွယ်သော ဘာသာဖြစ်လာခဲ့သည်။ ၀န်ကြီးချုပ် ခန်း ကယုံကြည်ခဲ့ကြသည်မှာ နိုင်ငံတော်သည် မွတ်စလင်ဝါဒ၏ အောက်တွင်စုစည်း မိပြီး၊ အနောက်နိုင်ငံစတိုင် ဒီမိုကရေ စီဝါဒကို ထူထောင်နိုင်ကြတော့မည်ဟူ၍ ဖြစ်ပါသည်။

ဂျင်းနား၏ အယူအဆတွင် တိုင်းပြည်၏ အချုပ်အခြာအာဏာသည် ၀န်ကြီးချုပ်၏ လက်ထဲတွင်ရှိသည်။ ၁၉၄၈ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က စုဝေးလာသောစစ်တပ်အရာရှိကြီးများ အစည်းအဝေးတွင် အချုပ်အခြာအာဏာသည် ၀န်ကြီးချုပ်မှာသာရှိ ကြောင်း၊ အမိန့်မှန်သမျှသည် ၀န်ကြီးချုပ်၏သဘောတူညီမှုပါရမည်ဟုပြောကြားခဲ့သည်။

ဂျင်းနား၏တိုင်းပြည်၏အချုပ်အခြာအာဏာသည် စစ်တပ်မဟုတ်သောမြို့ပြအုပ်ချုပ်သူ၏လက်ထဲမှာသာရှိသည် ဟူသော အယူဝါဒကို ၁၉၅၈ ခုနှစ်တွင် စစ်တပ်၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဂျင်နရယ် အာရွတ်ခန် (Ayub Khan ) ၏ မထေမဲ့မြင် ပြုခြင်း ကိုခံလိုက်ရသည်။ အမေရိကန်ကလည်း ဂျင်နရယ်၏ အာဏာရှင်စနစ်ကို အမေရိကန်စပိုင် လေယဉ်ပျံ U2 ကို ပရှားဝါးမြို့တွင်ထားခြင်းဖြင့်လက်သင့်ခံလိုက်သည်။ အမေရိကန်နှင့်ဆိုဗီယက်တို့က စစ်အေးကာလအတွင်း  ပါကစ္စတန်က Seato နှင့် Cento သဘောတူညီမှု စာချုပ်များအတိုင်း လိုက်နာခဲ့ရသည်။

ဂျင်နရယ် အာရွတ်ခန်မှာ ၁၉၆၉ ခုနှစ်က တတိုင်းပြည်လုံး အုံကြွတော်လှန်ကြခြင်းကြောင့် ရာထူးမှ နှုတ်ထွက် ပေးခဲ့ရသည်။ သို့သော် ဂျင်းနား၏အယူအဆဖြစ်သော အာဏာကို စစ်တပ်မဟုတ်သော မြို့ပြဌာနမှ ချုပ်ကိုင်ထားရမည်ဆိုသော ၀ါဒကို ပြန်လည် အသက်မသွင်းခဲ့ချေ၊ှ ပါကစ္စတန်နိုင်ငံ၏ ဂျင်နရယ်များသည် ဂျင်နား၏ အယူအဆကို လက်ခံနိုင်မည့် အကြွင်း အကျန် လူမှန်သမျှကို ရှင်းလင်းပြစ်ခဲ့သည်။

ထို့နောက် ရှိတ်မူဂျီဘာရာမန်သည် (Sheikh Mujibur Rahman) အ၀ါမီလိခ် ပါတီကို ဦးဆောင်ပြီး ၁၉၇၀ ပြည့်နှစ်တွင် အာဏာရရှိလာသည်။ ဂျင်နရယ်အာရွတ်ခန်က အရှေ့ပါကစ္စတန်ဘင်္ဂလားနယ်ကို အုပ်ချုပ်ခွင့်မ ပေးသောအခါ လက်နက် ကိုင် ဆန့်ကျင်ရေးပေါ်လာပြီး အိန္ဒိယနိုင်ငံက ပါဝင်မြှောက်ပေးသောအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် ဂျင်နရယ်များ၏ မအောင်မြင်တော့သော နိုင်ငံရေးရာများနှင့် နှောင့်ယှက်မှုများဖြစ်ပြီး ၆ နှစ်အကြာတွင် မရှိသော ပြည်တွင်းစစ်ကို အကြောင်းပြု၍ ပေါ်ပြူလာမဲဖြင့် ရွေးကောက်တင်မြှောက်ထားသော ဘူတို (Zulfliker Ali Bhutto) အစိုး ရကို ဗိုလ်ချုပ်ကြီးဇီယာအူဟတ် (Zia Ul-Hag) က ဖျက်သိမ်းခဲ့သည်။ ၀န်ကြီးချုပ်လုပ်သူကို လူသတ်မှုနှင့် စွပ်စွဲပြီး ကြိုးပေး ရန် အမိန့်ပေးခဲ့သည်။

ဘူတို ပင်လျင် ဂျင်းနား၏အယူအဆမှ သွေဖယ်၍ မွတ်စလင်အဖွဲ့ကို မွတ်စလင်မဟုတ်ဖူး ဟူ၍ကြေညာခဲ့သည်။ ဂျင်းနားမှာ ထင်ရှားသော ဥပဒေပညာရှင်တစ်ယောက်ဖြစ်သည်။ ဥပဒေကို အမြင့်ဆုံးထား၍ အလေးထားရမည့် အစားပါကစ္စတန် အမြင့်ဆုံး တရားရုံးက တရားသူကြီးများသည် ဗိုလ်ချုပ်ကြီးဇီယာကို ထောက်ခံခဲ့ကြသည်။

၁၉၇၉ ခုနှစ်တွင်ဆိုဗီယက်က အာဖဂန်နစ္စတန်ကို သိမ်းပိုက်ချိန်သည် ဗိုလ်ချုပ်ကြီးဇီယာ၏ ကုသိုလ်ကံတက် လာသည့် အချိန်ဖြစ်သည်။ အမေရိကန် စီအိုင်အေ နှင့်ပူးပေါင်းပြီး ဆိုဗီယက်တို့ကို တိုက်ခိုက်ရန်အတွက် “မူဂျာဟေဒင်" များကို ဖန် တီးခဲ့သည်။ ဘုရားမရှိသော ဆိုဗီယက်များကို တိုက်ခိုက်ခဲ့သည်။

ညှာတာထောက်ထားမှုမရှိသော၊ သည်းခံနိုင်စွမ်းမရှိသော ဇီယာအူဟတ်သည် jihad ကို ထူထောင်ပြီးသော အခါ ယခုတိုင် စစ်ရှုံးလျက်ရှိပါတော့သည်။ ဂျင်နား၏မိန့်ခွန်းများမှာ ယခုအခါ ပျောက်ကွယ်နေပြီး တရားဝင် စာရင်းတွင်မပါဝင်တော့ပါ၊ Blasphemy law ကဲ့သို့သော တဖက်စောင်းနင်းဥပဒေများကို ရေးဆွဲပြဌာန်းခဲ့သည်။ ပြဌာန်းချက်စာအုပ်များကို အသစ်ပြန် လည်ရေးခဲ့သည်။ သမိုင်းကိုလည်း ဖျောက်ဖျက်ပစ်နိုင်ကြသည်။

(၃)
နာဝါရှရစ်မှာ (Nawaz Sharif) မှာ လွတ်လပ်ရေးရအပြီး နှစ်ပေါင်း ၇၀ အကြာတွင် ပါကစ္စတန်နိုင်ငံ၏ ၁၅ ယောက်မြောက် ၀န်ကြီးချုပ်ဖြစ်လာသည်။ သူ့ကို ဇူလိုင် ၂၈ ရက်နေ့က ပါကစ္စတန်တရားလွှတ်တော်မှသူ့ကို ရာထူးမှဖယ်ရှားလိုက်ကြောင်း ကြေညာသည်။ အဓိကပြစ်ချက်မှာ ပနားမားစာရွက်စာတမ်းတွင် သူ့သားသမီး များ၏ နာမည်ပါလာပြီး လန်ဒန်ရှိသူပိုင်အိမ်ယာများအတွက် ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်သော ကြောင့်ဟု အကြောင်းပြသည်။ သူသည် ၀န်ကြီးချုပ်အဖြစ် သုံးကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ ယခုအချိန်တွင် သူ့ကို နိုင်ငံရေးပြန်မလုပ်နိုင်အောင် “ဆယ်နှစ်မျှမည်သည့်ရုံးဌာနတွင်မှ အလုပ်ပြန်မလုပ်ရ “ဟူသော ကန့်သတ် ချက်ပါဝင်သည်။ သူ့သမီးဖြစ်သူကို သူ့ရာထူးဆက်ခံရန် ရည်ရွယ်သော်လည်း သူ့သမီးမှာ ပနားမားစာရွက်စာ တမ်းများတွင် နာမည်ပါဝင်နေသည်။
သူ၏ပြိုင်ဘက် ခန်း (Imral Khan) မှလည်း သူ့ကိုစစ်ဆေးရန် အကြိမ်ကြိမ်တောင်းဆိုနေခဲ့သည်။ သူရာထူးမှ ထွက်ပေးရေးကို အမြဲဆော်သြနေခဲ့သည်။ နာဝါရှာရစ်မှာ ဂျင်းနား၏ အလိုကျအတိုင်းစစ်တပ်နှင့် မပါက်သက် မြို့ပြအုပ်ချုပ်ရေး သမားသာ ဖြစ်ပါ၏ သို့သော် စစ်တပ်နှင့်လည်းအဆင်မပြေ အတိုက်အခံပါတီများနှင့်လည်း ပြဿနာ အမြဲတက်နေခဲ့သည်။ တရုတ်ပိုး လမ်းမ ပရောဂျက်အတွက် သူ၏ကျိုးပမ်းမှုများမှာသာ အောင်မြင်မှုရ ရှိခဲ့သည်။

သူ့သက်တမ်းတနှစ်ကျော်လိုသေးသည့် အချိန်မှာ နာဝါရှရစ်မှာ ပါတီလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရန်သာရှိတော့ သည်။ သူ၏ ညီဖြစ်သူကို တင်ပေးလိုသော်လည်း ယခု ယာယီဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်နေသူမှာ Shahid Khaqan Abbafi ဆိုသူဖြစ်နေသည်။

(၄)
ပါကစ္စတန်နီုင်ငံ၏နိုင်ငံရေးမှာရှုတ်ထွေးလျက်ရှိသည်။ အိန္ဒိယနှင့်ဆက်ဆံရေးမှာ နှစ်နိုင်ငံ ကက်ရှမီးယားပြဿနာ အငြင်း ပွားရာမှ ဆက်တိုက် ရန်သူနိုင်ငံသဖွယ် ဆက်ဆံခဲ့သည်။ စစ်တပ်မှ အာဏာယူထားမှု များပြားသဖြင့် စစ်တပ်၏ပေါ်လ စီလိုဖြစ်နေသည်။ မစ္စတာဂျင်းနားမျှော်လင့်ခဲ့သလို ကမ္ဘာနိုင်ငံများစာရင်းတွင် လွတ်လပ်သော ခိုင်မာသောရပ်တည်ချက်ဖြင့်ရပ်တည်ရန်မှာ အခက်အခဲများစွာကိုကျော်လွှားရဦးမည်ဖြစ်သည်။

ကိုသန်းလွင်
Ref: Distortions Of history in Pakistan Abbas Nassir New York Times Aungust 16 2017

Comments