လဝင်း - ဘယ်လောက်ထိ စစ်နေဦးမှာလဲ စစ်က

ဘယ်လောက်ထိ စစ်နေဦးမှာလဲ စစ်က
လဝင်း
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၇


အဲဒီအရပ်မှာ
လူလူချင်း
ဒုက္ခဖြစ်အောင် နှိပ်စက်ညှဉ်းပန်းနေကြတာ
ကရုဏာတရား မထွန်းကားဘူးပေါ့
အဲဒီအရပ်မှာ
လူသတ်ပွဲ ကျင်းပနေကြတာ
မေတ္တာတရား ခေါင်းပါးလွန်းလှတယ်
အဲဒီအရပ်မှာ
ငရဲမီးနဲ့ အပြိုင်
စစ်မီးဟာ
အလျှံတညီးညီးတောက်လောင်လို့
ထိုထိုဒုက္ခမှ လွတ်မြောက်ကြပါစေ
ငြိမ်းအေးကြပါစေ
အေးမြကြပါစေ
စစ်ဖြစ်ရာအရပ်ဒေသကို
ဘာဝနာရေသွန်းလောင်းလိုက်ပါရဲ့။     ။


Comments