ဗိုလ်ထက်မင်း - ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ - ၇



ဗိုလ်ထက်မင်း - ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ - ၇
(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၇

ခြုံငုံသုံးသပ်ချက်(နိဂုံးချုပ်)

၇၁။ သုတေသနဆောင်းပါးရေးနေစဉ်မှာပင် မောင်းတောမြို့ ဘင်္ဂလီရပ်ကွက်အတွင်း မီးလောင်တဲ့ ဖြစ်စဉ်၊
 ဘင်္ဂလားဒေရှ်ဘက်ခြမ်းက အစွန်းရောက်များက ဘင်္ဂလီတွေကို လက်နက်တပ်ဆင်ပေးဖို့တောင်းဆိုတာ၊ ဘင်္ဂလားဒေ့ခ်ျက  မြန်မာပြည်မှ ထွက်ပြေးသူတွေဟာ အထောက်အထားမပြနိုင်လို့ အားလုံး လက်ခံဖို့တောင်းဆိုတာ၊ အမေရိကန်လွှတ်တော်ကြားနာပွဲမှာ US AID က လူသားချင်းစာနာမှုထောက်ပံ့ရေးတွေ ရခိုင်ဒေသခံတွေက လက်မခံတာကို တင်ပြတဲ့ ဖြစ်စဉ်၊ အကြမ်းဖက် ARSA က ငြိမ်းချမ်းရေးတွေ့ဆုံမှု စကားကမ်းလှမ်းတာ စတာတွေကြောင့် စိုးရိမ်နေရပြီး သတိထားကိုင်တွယ်ကာ ကျောခြင်းကပ် စည်းလုံးညီညွှတ်ဖို့ အထူးလိုအပ်ပါတယ်။

 နောက်ပိုင်း လူသားချင်းစာနာစိတ်နဲ့ထောက်ပံ့ပေးမည့် NGO,INGO, UN, USAID တို့ဝင်ခွင့်ပြုရေး အတင်းအကျပ်တောင်း ဆိုလာဖို့ရှိသလို ထွက်ပြေးသူတွေ ပြန်လည်လက်ခံမည့်အစီအစဉ် ဆောလျင်စွာဆောင်ရွက်ဖို့ဖိအားပေး လာမည့်အပိုင်းမြင်မိပါတယ်။ အကြမ်းဖက် အာဆာအဖွဲ့ဟာ အနုနည်းလေသံပစ်ပေမဲ့ အကြမ်းဖက်လုပ်ဖို့ သင်တန်းတွေပေးနေပြီး ထိုးဖေါက်ဝင်ရောက်လာဖို့က ကြိမ်းသေပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ ဖိအားပေးတာ အစိုးရက လက်မခံပါက စီးပွါးရေးပါ ပိတ်ဆို့မည့် အစီအစဉ်ရေးဆွဲနိုင်သလို အထက်ပါ လှုံ့ဆော်မှုတွေ ဖိအားတွေကနေ မခံမရပ်နိုင်ဖြစ်လာပြီး ဟိုဘက် သည်ဘက် အစွန်းရောက်အုပ်စုတွေရဲ့ မတည်မငြိမ် မင်းမဲ့စရိုက်တွေ ဘေးထွက်ဆိုးကျိုးလည်း ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကြိုတင်ပြင်ဆင်သင့်တဲ့ တင်ပြခဲ့ပါ အချက်အလက်များကို အောက်ပါအတိုင်း ခြုံငုံ တင်ပြလိုက်ပါတယ်။

(က) ပြည်သူလူထုကို ဘယ်လို စည်းရုံးပြီး ကွန်ယက်နဲ့ ပြည်သူ့စစ်မဟာဗျူဟာ ခင်းကျင်းရန် လို/ မလိုနဲ့ ခံစစ်စည်းတည်ဆောက်ရေး မဟာဗျူဟာစီမံချက်ချဖို့ ဆွေးနွေးဖို့ သင့်/မသင့် ဖြစ်ပါတယ်။

(ခ) နယ်စပ်ခြံစည်းရိုးတလျှောက် ခြံစည်းရိုး အမြန်ကာနိုင်ရေးနဲ့ ကားလမ်းဖေါက်လုပ်နိုင်ရေး ၊ ခြံစည်းရိုးအတွင်း လုံခြုံရေး တိုးမြှင့်ခြင်း၊ လုံခြုံရေးအထူးစောင်ကြပ်လိုတာက တချိန်ချိန်မှာ ထပ်ပြီးခိုးဝင်လာသူတွေကို ကင်မရာမှတ်တမ်း၊ သက်သေအထောက်အထားနဲ့ ရအောင်ဖမ်းပြီး ဘင်္ဂလားဒေရှ် နိုင်ငံကို ချက်ခြင်းပြန်လွှဲပြောင်းပေးဖို့  နိုင်ငံတကာသိအောင် သတင်းထုတ်ပြန်ဖို့ဖြစ်ပါတယ်။

(ဂ) စုစည်းရွာပုံစံမျိုး လုပ်နိုင်မလား၊ဒါမှမဟုတ် (ရခိုင်၊ ဟိန္ဒူ၊ မြို၊ ဒိုင်းနက်လူမျိုးစု) ရွာတွေနဲ့ သုံးချိုးတချိုး  ဖိုခနောက်ဆိုင် တည်ဆောက်ပေးမလား၊ တနည်းကတော့ ရခိုင်ပြည်နယ်နဲ့ တနလာင်္ရီတိုင်း ဒေသကြီးရဲ့  ကျွန်းကြီး တကျွန်းကို ပို့ထားပြီး ရေတပ်အခြေစိုက်စခန်းနဲ့ ကျွန်းပေါ်မှာ BGF၊ ရဲ၊ နယ်ခြားစောင့်ရဲ တို့နဲ့ ပူးတွဲထိမ်းမလား။ သန်းကောက်စာရင်းကောက်ယူခြင်းနဲ့ ဧည့်စာရင်းစစ်ဆေးတာကို လွှတ်တော်က လုံခြုံရေးအရ ကန့်သတ်  (ဧရိယာနဲ့ အချိန်) ထား ပြဌာန်းပေးမလား၊ ရွာမှာ စခန်းအုပ်ချုပ်မှု ကော်မတီနဲ့ ပြည်သူ့စစ်အဖွဲ့ ဆိုတာ ဖွဲ့စည်းပေးမလား စတာတွေဟာ ပြန်လည်လက်ခံရင် အစီအစဉ်များ စဉ်းစားနိုင်ဖို့ဘဲ ဖြစ်ပါတယ်။

(ဃ) နိုင်ငံတကာကတဲ့ ဇာတ်အတိုင်း လိုက်ကစားနေရတာမို့ တိုက်စစ်မျက်နှာစာဖွင့်ကစားက တပန်းသာနိုင်ပါတယ်။ ကိုဖီအာနန်ရဲ့အစီရင်စာအရ အကောင်အထည်ဖေါ်ကြောင်း ထင်ရှားစွာ စတင် လုပ်ဆောင်ပြသ သင့်တာကတော့ တိုက်ပွဲကာလမှာ အကြမ်းဖက်များနဲ့ မပူးပေါင်းဘဲ သစ္စာရှိစွာနဲ့နေထိုင်ခဲ့တဲ့ ဘင်္ဂလီရွာသားတွေထဲက ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအရ အကျုးံဝင်တဲ့ NVC ကဒ်ရ ဘင်္ဂလ်ီတွေကို (ဖြစ်နိုင်ရင် သိသာတဲ့အရေအတွက် ၁၀၀၀ လိုမျိုး) နိုင်ငံသားဖြစ်ခွင့် အမြန်ကဒ်ထုတ်ပေးလိုက်ပြီး တပြိုင်နက် နယ်စပ်ကိုလည်း တင်းကျပ်စွာ ပိတ်ထားလိုက် မလား၊ ရခိုင်ပါတီက လူများကို သြဇာရှိတဲ့ တပ်ချုပ်က ဖျောင်းဖျပေးဖို့လိုသလို အချိန်အကန့်အသတ်နဲ့ အရေအတွက် အတိုင်းအတာတခုသာပြီးရင် နောက်ပိုင်း Zero လိုင်းဆွဲ တင်းကျပ်ပေးမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောပေးမလား၊ လူသားချင်း စာနာစိတ် ပေးလိုတဲ့ UN,NGO, USAID,WFP တွေကို ပေးချင်ရင် တန်းတူပေးဖို့နဲ့  အကြမ်းဖက်သမားဆီ မရောက်သွားဖို့ ဘယ်လို ကတိကဝတ်တောင်းမလဲ။ ပြည်တွင်းက NGO အဖွဲ့နဲ့ ထိန်းဝင်ခံမလား၊ သူတို့ပြောမှ လုပ်တာထက် အစီရင်ခံစာအတိုင်း လုပ်နေတယ်ဆိုတာ လုပ်ကွက်ရှိရင် အပြစ်ရှာလို့ မရ သက်သာသွားမှာ ဖြစ်သလို နောက်ပိုင်းလုပ်တာကို ဖြေးဖြေးနဲ့မှန်မှန် သူတို့အခြေအနေစောင့်ကြည့်ရင်း အချိန်ဆွဲဆန့်လို့ရသွားနိုင်ပါတယ်။တန်ပြန် ထိုးစစ်အနေနဲ့ ဘင်္ဂလီအကြမ်းဖက် ARSA နဲ့ပတ်သက်နိုင်တဲ့ ARU အဖွဲ့ကို ပါ BLACK LIST ကြေညာသလို လိုအပ်ပါက Terrorist အဖြစ် ကြေညာမလား၊ နောက်ပိုင်း ပါကစ္စတန်ကိုပါ သတိထားဖို့လိုပြီးသူတို့ဆီက ဝယ်ထားတဲ့ JF-17 တိုက်လေယာဥင်္ကိစ္စကို ပြန်လည်သုံးသပ်ပြီး ဘယ်လိုဇာတ်လမ်းဖြတ်ကြမလဲ။စတာတွေဟာ ရန်သူလှုပ်ရှားမှုကို ထိန်းချုပ်နိုင်ဖို့နဲ့ စဉ်းစား သုံးသပ်နိုင်ဖို့ဖြစ်ပါတယ်။

(င) မီဒီယာတုန့်ပြန်မှု အားနည်းနေရာ သတင်းစီစစ်ရေးအဖွဲ့က မြန်မြန်အတည်ပြုပြီးတာနဲ့ နိုင်ငံတကာသိအောင် အင်္ဂလိပ်လို ဘာသာပြန်တင်နိုင်ရေးအတွက် နေ့ဆိုင်းညဆိုင်း အလှည့်ကျ တာဝန်ခွဲဝေမှု ၊ ဇယားနဲ့ Stand By စောင့်သင့်ပါတယ်။ ပြည်တွင်းမီဒီယာကို အခါအားလျော်စွာ သုံးတာထက် များများသုံးသင့်သလို နိုင်ငံခြားမီဒီယာထဲက VOA, RFAနဲ့ အာရှတိုက်မှ မီဒီယာများကို ဖိတ်ခေါ်သုံးခြင်းဖြင့် နိုင်ငံတကာ ယုံကြည်မှူရစေပါတယ်။ ဒီနေရာမှာ ကက(ပြည်) ညွှန်မှူးကို ပြောချင်တာက သတင်းဦး သတင်းဖျား တင်တာဟာ မိမိလုပ်ဆောင်ချက် ကောင်းမွန်လို့ Credit ရ၊ အမှတ်တက်ဖို့ထက် နိုင်ငံတကာက ယုံကြည်မှု အပြည့်အဝရစေမည့် တတိယမီဒီယာအဖွဲ့အစည်းနဲ့ မြဝတီညှပ်ပြီး တင်ပေးလိုက်ရင် နိုင်ငံအတွက် အကျိုးရလဒ်ထွက်သွားတာက ပို မကောင်းဖူးလားဆိုတာ စဉ်းစားစေလိုတယ်။

၇၂။ စာရေးသူအနေနဲ့ အမျိုးသားရေးဝါဒီ၊ မျိုးချစ်တပ်မတော်အရာရှိများနဲ့ ဒီမိုကရေစီဘက်တော်သားတွေရဲ့ဘက် (၂) ဘက် အမြင်ပေါ် တိုက်တွန်း မေတ္တာရပ်ခံလိုတာက ဒီအချိန်ဟာ တပ်ချူပ်ပြောသလို အရေးကြီးပြီး ညီညွှတ်ရမည့်အချိန်ဖြစ်ပါတယ်။ ယခု ... ခင်ဗျားတို့ကို စံနမူနာပြထိုးပြချင်တာက မူလကတိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ငြိမ်သက်ပေးတာ အလိုက်တသိ ပေးနေတာကိုက ကျေးဇူးတင်စရာဖြစ်သလို အတုယူဖွယ်ဖြစ်ပါတယ်။ ဒီလိုစွပ်စွဲနေကြတာဟာ မိမိခေါင်းဆောင်တွေ အပေါ်သက်ရောက်မှူဖြစ်သွားနိုင်သလို ပြည်သူလူထုအဖို့ နေ့စဉ်ရုန်းကန်နေရတဲ့အထဲ စိတ်ဆင်းရအောင် လုပ်ပေးနေသလိုဖြစ်ပါတယ်။ ဖြစ်စဉ်အကျဉ်း တင်ပြရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုင်စွဲထားတာမို့ ပြီးခဲ့တဲ့ ခံစားမှုတွေကို သင်ပုန်းချေတဲ့အပြင် သူ့အောက်က တပ်ချုပ်ကို ဝေဖန်ခဲ့တဲ့ တပည့်ဖြစ်သူကိုတောင် မျက်နှာသာ မပေးဘဲ တပ်မတော်ဘက်ရပ်တည်ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

၇၃။ လူမှုမီဒီယာမှာ စစ်မှုထမ်းဟောင်း ရဲကျော်သူရက ဒေါ်အောင်ဆန်းစုကြည်ရဲ့လိုလားချက်ဖြစ်တဲ့ Mind Set တွေပြောင်းဖို့ရန် သူ့ရဲ တိုက်တွန်းထားချက်ကို ကောက်နှုတ် ဖေါ်ပြပေးလိုက်ပါတယ်။

“မြန်မာ့နိုင်ငံရေးသမိုင်းမှာ stakeholder တစ်ခုဖြစ်တဲ့ တပ်မတော်ကို ဖယ်ထုတ် ပစ်လို့မရဘူး။ ဖယ်ထုတ်ပစ်ဖို့ ကြိုးစားလာရင် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ထိခိုက်ဖို့သာ ရှိမယ်။ ဒါ့ကြောင့် တပ်မတော်နဲ့ပူးပေါင်းလက်တွဲပြီး  တပ်မတော်ကို စည်းရုံးပါလို့ ခဏခဏ ပြောနေတာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ကို နားလည်ဖို့ဆိုတာ တစ်ပါတီတို့ စစ်အာဏာရှင်တို့ဆိုတဲ့ စကားလုံးတွေနဲ့တင် မပြည့်စုံပါဘူး။ မြန်မာ့သမိုင်းတစ်ခုလုံးကို လေ့လာသင့်သလို တပ်မတော်ရဲ့ သဘောထား၊ တပ်မတော်ရဲ့စိုးရိမ်ပူပန်မှုတွေက ဘာတွေလဲ ဆိုတာလဲ သိအောင်ကြိုးစားသင့်တယ်။ ဒါတွေကို မချေဖျက်နိုင်သမျှ စစ်တပ်ရဲ့ပါဝင်စွက်ဖက်မှုဆိုတာ အလိုအလျောက် ပျောက်သွားမှာ မဟုတ်သလို အတင်းအဓမ္မလည်း လုပ်ယူလို့မရဘူး။ မြန်မာ့နိုင်ငံရေးဟာ သာမန်အာဏာရှင်စနစ်လွှမ်းမိုးမှုကို ခြေဖျက် ဖြိုချရမယ့် နိုင်ငံရေးမဟုတ်ဘူး။ အများစုဖြစ်တဲ့ ဗမာနဲ့ ကျန်တဲ့တိုင်းရင်းသားအားလုံးရဲ့ အမုန်းတွေကိုပါ ဖြိုချရမယ့်နိုင်ငံရေးဖြစ်တယ်။ Mindset တွေ attitude ပြင်ဖို့ဆိုတာ စစ်တပ်တစ်ခုတည်းလုပ်ရမယ့်အလုပ်လို့ သတ်မှတ်ထားလို့မရဘူး။ နိုင်ငံရေးသမားတွေရော တိုင်းရင်းသားတွေပါ အတူပြင်ဖို့ ကြိုးစားနိုင်မှသာ ခရီးဆက်လို့ရမှာ ဖြစ်တယ်။ ”

၇၄။ တပ်ချုပ်အနေနဲ့လည်း အမတစ်ယောက်လို ဒေါ်အောင်ဆန်းစုကြည်အား လေးစားပြီး အာဇာနည် အခမ်းအနားတွေ တက်ပေးခဲ့ကာ နိုင်ငံရေးစီးပွါးရေးအုပ်ချုပ်ရေး တော်တော်များမှာ မစွက်ဖက်ဘဲ အနေမှန်ခဲ့တဲ့ ပုံရိပ်တောက်ပတာမို့ မကြိုက်တာရှိခဲ့ရင် နားလည် သည်းခံပေးကာ ဘုံရန်သူကို ညီညွှတ်စွာ ရင်ဆိုင်သွားဖို့ လိုပါတယ်။ တိုင်းရင်းသားတွေတောင် နားလည်ပေးရင် ကျန်တဲ့သူတွေလည်း နားမလည်စရာ အကြောင်း မရှိဖူးလို့မြင်ပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို မညီညွှတ်ပါက ဖဲသဘောအရ ဒိုင်စား၊ ညီလေး စားပါလိမ့်မယ်။

ပိုကာဖဲဝိုင်းမှာ UN က အကောက်ကောက်၊ လက်မည်းကြီးတွေရဲ့ အုပ်စုတွေက ဖဲအိမ်အမျိုးမျိုးမှာ ထိုင်တဲ့ ဖဲသမားတွေလုပ်၊  ဖဲထုပ်ကို အခါခါချိုးပြီး သူတို့ဆီမှာ ဂျိုကာတွေရအောင် စီစဉ်ထားသလို အပေါ်အိမ်တွေကနေ ဖဲများကို အောက်အိမ် မြန်မာအိမ်ကို ပစ်ပြီးညစ်ကစားနေကြပါတယ်။ တက်ဖဲဆိုတာက မျှော်လင့်ချက် ဂျိုကာ မရနိုင်တော့သလို အသေပစ်ဖဲများနဲ့ ပိတ်နေပြီး လိမ့်နေအောင် ခံရပေမဲ့ နောက်ဆုံးမှာ လက်မည်းကြီးတွေ ဘယ်လိုပဲ အသေဖဲ ပစ်ချပစ်ချ၊ အဲဒီအသေဖဲကိုဘဲ ဒေါ်အောင်ဆန်းစုကြည်က ကောက်စားပြီး ပိုကာဒေါင်းသွားပါလိမ့်မယ်။

၇၅။ နိဂုံးချုပ်အနေနဲ့ စာရေးသူ အလေးအနက်တင်ပြချင်တာက စစ်အာဏာရှင်ဦးနေဝင်းနဲ့ ဦးသန်ရွှေတို့ရဲ့ သမီးတွေလာရင် စစ်ဖက်နယ်ဖက်အရပ်သား ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ ဂါရာဝပြု အရိုအသေပေးခဲ့ကြတာမို့  သူတို့တွေရဲ့သမိုင်းကြောင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းသားအဖတွေရဲ့ သမိုင်းကြောင်းသန့်ရှင်းမှုဟာ ဆီနဲ့ရေလို ကွာခြားတာကြောင့် ဒီမိုကရေစီဘက်တော်သားများနဲ့ အမျိုးသားရေးဝါဒီ၊ တပ်မိသားစု အသိုင်းအဝိုင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိဗိုလ်ချုပ်မှုးကြီးတို့အပေါ်  အပြစ်တင်ရှုတ်ချနေမည့်အစား ယခင် စစ်အာဏာရှင်တွေရဲ့သမီးတွေ အပေါ်ထားရှိတဲ့ (ကြောက်စိတ်အခြေခံတဲ့) ဂါရဝတရားရဲ့  ၅၀% သာသာ ထားမယ်ဆိုပါက စည်းလုံးခြင်းရဲ့အင်အားစုတရပ် ပေါက်ဖွားလာကာ ရခိုင်၊ဘင်္ဂလီအရေး အောင်မြင်စွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဟာ   မြန်မာနိုင်ငံကို ပြိုကွဲသွားစေမည့် ပြင်ပနိုင်ငံတွေ အသုံးချတာမျိုးနဲ့ အမျိုးသားရေးဗန်းပြ သွေးထိုးမြောက်ပင့်တာမျိုး သူတိုရဲ့သမိုင်း အမဲစက်ဖြစ်ခံပြီး ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ကြောင်း တင်ပြလိုက်ရပါတယ်။

Comments