ကျပ်နေ
ကမ်လူဝေး
(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၇
အင်္ကျီထဲမှာ ငါက ကျပ်နေ
ချွတ်ချင်ပေမဲ့ ချွတ်မရ
အင်္ကျီထဲမှာ ငါက ကျပ်နေ
မဝတ်ဖို့ တားတဲ့ကြားက
ဇွတ်အတင်း ဝတ်ထားရင်း
အင်္ကျီထဲမှာ ငါက ကျပ်နေ
အဆောင်အယောင်အဖြစ် သတ်မှတ်ရတဲ့
အင်္ကျီထဲမှာ ငါက ကျပ်နေ
အရှက်မဲ့ ဂုဏ်သိက္ခာမရှိတဲ့ အဝတ်အစား
အင်္ကျီထဲမှာ ငါက ကျပ်နေ
အစိမ်းရောင် အင်္ကျီထဲမှာ
နီစပ်စပ်ငါ့ခန္ဓာက ကျပ်နေ။ ။
Comments