(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၇
ဒါဟာ ငါးမရလို့ ရေချိုးပြန်တဲ့ကိစ္စမဟုတ်ဘူး
ပေါင်းကူးတံတားယောင်ဆောင်ထားတဲ့မျောက်တွေက
ချောက်ထုတ်လိုက်တဲ့ကောင်းကင်ယံမှာ
မြင်းခွာသံကို ပြောင်းရိုက်ချင်ပုံရရဲ့။
ဘေးမမဲ့တဲ့ တောပြုန်းထဲမှာ
ငါ့လှေ ငါထိုးတို့ … မိုးထိ မိုးမိ ကစ
ပုသိမ် ငါးပုတော အလယ် …
လက်ပန်းတောင်းတောင်အဆုံး
ဟိုတုံးကလို မဟုတ်ပါဘူးတဲ့
ဖဲ့ဖဲ့ပြီးယူထားခဲ့တဲ့ မြေဆီလွှာတခွင်တပြင်မှာ
အရှင်မွေးတို့ နေ့ချင်းကြီးကြဖို့သာ
“ဒါ… တို့ပြေ ဒါတို့မြေ …
တို့ပိုင်တဲ့မြေ …”
မိဘအမွေ ပေးထားခဲ့ပုံမျိုး။
လူ လူဟစ်နေကြဆဲကာလ
“တို့ကတော့ …တို့ကတော့….
တို့ကတော့ ဒီမိုကရေစီလမ်းကြောင်းပဲကွာ…” ဆိုပဲ
စပ်ဖြဲဖြဲမျက်နှာပေးနဲ့ အတည်ပေါက်
ချောက်ကမ်းပါးရဲ့အောက်မှာ
အော်သံတွေ ကြားနေရဆဲ။
အချိန်အခါအရ…
ရိုးရိုးသားသားလုယူခဲ့ခြင်းသာ
ဒဏ်ရာတွေကို မေ့ထားလိုက်ကြပါနော
ပြောပြောဆိုဆို ပြီးပြီးပျောက် ပျောက်
‘ချက်ချင်းရေကြည်သောက်ချင်လို့တော့ ဘယ်ရမလဲဗျာ’ … တဲ့။ ။
Comments