(မိုးမခစာအုပ်စင်) အောက်တိုဘာ ၂၉ ၊ ၂၀၁၇
ABSDF က ရဲဘော်တယောက်ဖြစ်ခဲ့တဲ့ စိုးလွင်ရဲ့ တိုက်ပွဲထဲက အတွေ့အကြုံတချို့ပါ။ဒီလို စာအုပ်တွေ ဖြတ်သန်းခဲ့ရတာတွေကို ပြန်ရေးတဲ့မှတ်တမ်းတွေဟာ စာပေလောကအတွက် လိုအပ်နေတုန်းပါပဲ။တောခိုပြီးလက်နက်ကိုင် တော်လှန်ရေးလုပ်ခဲ့ကြတယ်ဆိုတာ အပျင်းပြေ အလေလိုက်ပြီးအရေပြား အယားပြေ လုပ်ခဲ့ကြတာမဟုတ်ဘူး။ ယုံကြည်ချက်နဲ့ လူ့အဖွဲ့အစည်းကောင်းလာရေး မျှော်လင့်ချက်နဲ့ ဘဝတွေကိုရင်းနှီးပြီး အသက်တွေကို စွန့်လွှတ်ဖို့ ပိုင်းဖြတ်စိတ်နဲ့ တော်လှန်ရေးလုပ်ခဲ့ကြတယ်ဆိုတာကို သတိမထားမိသူတွေနဲ့ နောက်မျိုးဆက်သစ်တွေ သိအောင်လို့ ဒီလိုစာအုပ်တွေက ဆက်ထွက်ဖို့ လိုအပ်နေတုန်းပါပဲ။
မိုးမခစာပေက ၂၀၁၇ မတ်လမှာ ထုတ်ခဲ့တာပါ။ တန်ဖိုးက ကျပ် ၂၀၀၀ တဲ့။
(မိုးမခ ဖြည့်စွက်ချက် - ရန်ကုန်ဘွတ်ခ်ပလာဇာက WE စာအုပ်ဆိုင်မှာ မှာယူနိုင်ပါတယ်)
Comments