ညိမ်းအေးသာ ● အမှန်တရားကို ငါလိုက်ရှာစရာမလိုဘူး


ညိမ်းအေးသာ ● အမှန်တရားကို ငါလိုက်ရှာစရာမလိုဘူး
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၇

ဒီကြက်တူရွေးက ဘာသာဗေဒ ကျွမ်းတယ်
သူ အထူးပြု ပြောနေကျ စကားလုံးက
ချစ်တယ် ချစ်တယ် ချစ်တယ်…
ငါ နားကြားပြင်းကတ်မိ
ငါလည်း တစ်ခွန်းလောက် သူ့ကို ပြန်ပြောမိ
ချစ်တယ်..

ကြက်တူရွေးက ငါ့ ချစ်တယ်ဆိုတဲ့ စကားလုံး
အယ်လ်ဘမ်ထဲ တခါတည်း ကောက်သိမ်းသွား
ဘုရားရေ... သူ့အယ်လ်ဘမ်ထဲမှာ
တံဆိပ်ခေါင်းစုသလို များပြားလိုက်တဲ့
ချစ်တယ်ဆိုသော ဣတ္တိယတို့ နှုတ်ထွက်စကားများ
ငါ့ ချစ်တယ်ဆိုတဲ့စကား ရပြီးကတည်းက
ဒီကြက်တူရွေး စိတ်အေးသွားပုံရတယ်
ငါ့ဘက်လှည့်မအော်လို့ နားပူရသက်သာပေမဲ့
ငါ့ ရာဇဝင်ရိုင်း ငါ့သမိုင်းလေးတော့
နည်းနည်း သနသွားတယ်
ငါ့ ချစ်တယ်ဆိုတဲ့ စကားလုံးကတော့
တာဝန်ကျေကျေ လှလှပပ
တစ်လုံး နှစ်လုံး အပြုံးမပျက် ...။  ။

ညိမ်းအေးသာ

Comments