(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၇
ရေစီးကိုတော့ဆန်တက်ခဲ့တာပဲ
ဒီမိုးဒီလေတွေထဲ
ကြယ်တွေသေတာမြင်မကောင်းခဲ့ဘူး။
ကိုယ့်နယ်နိမိတ်ကိုဆွဲဆွဲဆန့်နေရတဲ့
မြစ်တွေကိုငေးရင်း
လှော်တက်အကိျုးလေးက ငြိမ်သက်လို့။
ကိုယ်သွေးထားတဲ့ကျောက်ကိုမှ
လမ်းခင်းခံလိုက်ရတာ
အတိတ်ကံကိုပဲပုံချရတော့မှာပေါ့။
ပွဲကမပြီးသေးဘူးတဲ့
ကိုယ့် အထိမ်းအမှတ်နဲ့ကိုယ်
ရင်ထဲမှာတော့ပန်းတွေပျိုးထားတယ်။
အာကာဦး
Comments