![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-pvqv1D0oYdPmVkAyAmyBklnXzc2mNOGdAV28yfgbV8CWk3_o_45na8PhBi-KH4FqQKVSJqpT6MERafQMuWlBENI3W2Aofpir-RGuvnv48Nx28zPMpYiLMSQR_9BNUHb-11ZFhC7S4AbB/s640/FreshPaint-0-2017.10.25-11.59.04.jpg)
ကိုပွေး ● ညဝတ်အင်္ကျီ
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၇
ကိုယ့်ကုသိုလ်နဲ့ကိုယ် ငရဲမှာ ပျော်ပါတယ်
အရှင်လတ်လတ် သေပြီးတဲ့နောက်
စကားတခွန်း ပြောပြီးတိုင်း
'ရူးတောင်သွားဦးမယ်' နဲ့ ဆုံးတယ်
ဘုရားနဲ့ ငါကိုင်တုပ်ပြီး စကားနိုင်လုတဲ့အခါ
မြေကြီးထဲ ကျွံဝင်သွားပြီးမှ
တိမ်နားက ကြယ်က တချက် ထတွန်တယ်
မိုးက နွံထဲမှာ စုန်းစုန်းမြုပ်လို့
ကျောမှာ ရေးထားတဲ့အတိုင်း
ရင်ဘတ် က ပြေးတယ်
လောကဓံ ဆိုတဲ့ ငှက်ပျောဖူးလေး
ငါ့နဖူးမှာ စိမ်းစိမ်းစိုစို။ ။
ကိုပွေး
၂၃၊ ၀၈၊ ၁၇
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၇
ကိုယ့်ကုသိုလ်နဲ့ကိုယ် ငရဲမှာ ပျော်ပါတယ်
အရှင်လတ်လတ် သေပြီးတဲ့နောက်
စကားတခွန်း ပြောပြီးတိုင်း
'ရူးတောင်သွားဦးမယ်' နဲ့ ဆုံးတယ်
ဘုရားနဲ့ ငါကိုင်တုပ်ပြီး စကားနိုင်လုတဲ့အခါ
မြေကြီးထဲ ကျွံဝင်သွားပြီးမှ
တိမ်နားက ကြယ်က တချက် ထတွန်တယ်
မိုးက နွံထဲမှာ စုန်းစုန်းမြုပ်လို့
ကျောမှာ ရေးထားတဲ့အတိုင်း
ရင်ဘတ် က ပြေးတယ်
လောကဓံ ဆိုတဲ့ ငှက်ပျောဖူးလေး
ငါ့နဖူးမှာ စိမ်းစိမ်းစိုစို။ ။
ကိုပွေး
၂၃၊ ၀၈၊ ၁၇
Comments