ဇာနီကြီး ● ရခိုင်-ဘင်္ဂလားအရေးခင်းကို အလုပ်ကိုင်အခွင့်လမ်းပေးပြီး ဖြေရှင်းနေခြင်း

ဇာနီကြီး ● ရခိုင်-ဘင်္ဂလားအရေးခင်းကို အလုပ်ကိုင်အခွင့်လမ်းပေးပြီး ဖြေရှင်းနေခြင်း
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂ဝ၁၇

ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်ကို ခရီးထွက်ခွာပြီး မြန်မာသူဌေးကြီးများကို ခေါ်သွားပါတယ်။ ရင်းနှီးမြှုတ်နှံဖို့ လိုက်ကြည့် စေပါတယ်။ သူတို့မျက်စိက စီးပွားရေးအမြင်ရှိလို့ ရခိုင်ဒေသကို စီးပွားလုပ်ရာမှာ သယံဇာတထုတ်တဲ့ နည်းမျိုးထက်၊ ကုန် ထုတ်လုပ်ငန်းများတိုးတက်ပြီး အလုပ်အကိုင် ပေါများလာစေဖို့ ရည်ရွယ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဘင်္ဂလားဒေ့ခ်ျ ဘက်ကို ထွက်ပြေးသွားတဲ့ ၅ သိန်း (ချဲကားထားသလားမသိ) ဒုက္ခသည်များကို ပြန်လက်ခံဖို့ နှစ်နိုင်ငံ ကြိုးစားလုပ်ကိုင်နေပါ တယ်။ ဒီအရေးအခင်းမှာ မြန်မာနိုင်ငံကို ကမ္ဘာက လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး ကုလသမဂ္ဂအထိ အင်အားတောင့် တင်းတဲ့ မွတ်ဆလင်နိုင်ငံများနဲ့ သူတို့မိတ်ဆွေနိုင်ငံများက အပြစ်တင်၊ ရှုံ့ချကြပါတယ်။ ဒါပေမဲ့ တရုတ်၊ အိန္ဒိယ၊ အာစီယံ နိုင်ငံများနဲ့ အစ္စရေးနိုင်ငံကတော့ မြန်မာဖက်က ရပ်တည်ပါတယ်။

မြန်မာနဲ့ မိတ်ဆွေ တရုတ်နိုင်ငံတို့က ..ရခိုင်ပြည်နယ်ကို တိုးတက်၊ အလုပ်အကိုင်ပေါလာအောင် လုပ်နေပါတယ်။ ကိုယ်ကျိုး ရှာသူများရှိနေပေမဲ့ တရုတ်ဥပဒေက တရုတ်သူဌေးများ မတရားမလုပ်အောင် တားမြစ်ထားပါပြီ။ မလိုက်နာတဲ့ တရုတ်သူဌေး တော့ ၇ ရက်နဲ့ သစ်ခိုးသူဌေးဘက်သားတွေ လွတ်တာမျိုး မဖြစ်တော့ပါဘူး။ အဲ.. မြန်မာသူဌေးများဘက်ကလည်း အဲလို ဥပဒေစိုးမိုးပေးရင် မကြာခင်မှာ ...

၁။ ရခိုင်ပြည်နယ် ကျောက်ဖြူမှာ အလုပ်ကိုင်ပေါလာမယ်။
၂။ ရခိုင်လူမျိုးတွေ ပြန်လာမယ် (ဥပမာ ကချင်ပြည်နယ်မှာ ရခိုင်တွေ ၂ သိန်းလောက်ရောက်နေတယ်။ တရားမဝင်သတင်း ရှိတယ်။ မိုးကောင်း၊ ပြည်ထောင်တဝိုက်မှာ ရခိုင်ရွာတွေ အခြေချနေကြတယ်။
၃။ ရခိုင်တွေ ပြန်မလာနိုင်ရင် ဘင်္ဂလားတွေကို အလုပ်ပေးနိုင်မယ်။ စင်ကာပူ၊ မလေးရှားနယ်စပ်မှာ မလေးရှားနိုင်ငံသား ၁ သန်းလောက် လာအလုပ်လုပ်သလို၊ ဟပ်ချိုင်းမြို့ ထိုင်းနိုင်ငံကနေ အလောစတား မလေးရှားမြို့ဖက်ဆီ ထိုင်းလူမျိုး သိန်းချီ အလုပ်လာလုပ်ကြတယ်။ အလားတူပဲ မြန်မာထိုင်းနယ်စပ် မြဝတီ-မဲဆောက်၊ တာချီလိတ်-မဲဆိုင်၊ မြန်မာ-တရုတ်နယ်စပ် မှာလဲ မြန်မာတွေ တရုတ်ပြည်အလုပ်သွားလုပ်ရတယ်။

အလားတူ ရခိုင်ပြည်နယ် အလုပ်အကိုင်ပေါလာအောင် မြန်မာတွေ မလုပ်နိုင်ပါဘူး။ တရုတ်ကြီးကိုပဲ လုပ်ခိုင်းရမှာ ..ရခိုင် ပါတီကလည်း သူတို့ပဲ လုပ်ချင်တယ်။ ရခိုင်၊ မြန်မာ မလုပ်နိုင်ပါ။ တရုတ်ကြီးပဲလုပ်နိုင်တာ အားလုံးနားလည်ကြရင် အခြေ အနေတိုးတက်လာမယ်လို့ ကွန်မင့်ရေးလိုက်ပါတယ်။

ဘင်္ဂါလီပြသနာမှာ မြန်မာဖက်က ရပ်တည်ပေးနေတဲ့ အစ္စရေးနိုင်ငံကို ကြည့်ပါ။ အာရပ်လူမျိုး မွတ်ဆလင်ဘာသာဝင် အစ္စ ရေးနိုင်ငံမှာ နေကြပါတယ်။ အိမ်နီးခြင်း လက်ဘနွန်၊ ဂျော်ဒန်နိုင်ငံများကနေ အလုပ်အကိုင်ပေါလွန်းလို့ လာအလုပ်လုပ်နေသူ သန်းနဲ့ချီ ရှိနေပါတယ်။

အမျိုးဘာသာ ကာကွယ်လိုသူများကတော့ အလုပ်အကိုင်ကို မြန်မာနိုင်ငံသားများအတွက်ပဲ ဖြစ်စေလိုပြီး အောက်ပါအတိုင်း ရေးထားတာ ဖတ်ရပါတယ်။

ပေါများလာတဲ့အလုပ်အကိုင်ကို ကိုယ့်တိုင်းရင်းသားတွေ လက်ခံလုပ်ကိုင်နိုင်လားစဉ်းစားရမယ်။ မလုပ်ကိုင်နိုင်ရင် ငတ် မွတ်ခေါင်းပါးပြီး ဆင်းရဲမွဲတေနေတဲ့ အိမ်နီးချင်းနိုင်ငံကလူတွေ အစုလိုက်အပြုံလိုက် အငမ်းမရတိုးဝင်လာနိုင်တယ်။ ဘယ် အရင်းရှင်မဆို လုပ်အားခ ဈေးပေါပေါနဲ့ရနိုင်မယ်ဆို ခေါ်ခိုင်းချင်ကြမှာပဲ။ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ၊ ခိုးပြီးခိုင်း လိမ့်မယ်။ ဒီအချက်ကို အလေးအနက်ထားပြီး ကြိုတင်စဉ်းစားဖို့လိုတယ်။

တရုတ်တို့လိုလားတာက သူ့အကျိုးအတွက် စင်္ကြံလမ်းရဖို့ပါ။ ကျောက်ဖြူရေနက်ဆိပ်ကမ်းရေလမ်း၊ မြန်မာ - ဘင်္ဂလားဒေ့ရှ် ကုန်းလမ်းကိုပါ ကိုယ့်လူမျိုးတွေ လုံ့လဝီရိယရှိဖို့လိုပါတယ်။ သို့မဟုတ်ရင် ကိုယ့်တိုင်းရင်းသားအတွက်ဖန်တီးထားတဲ့ အလုပ်အကိုင်ဟာ လူဦးရေပေါက်ကွဲနေတဲ့ တဖက်နိုင်ငံက ခိုးဝင်သူတွေအတွက်ဖြစ်သွားနိုင်ပါတယ်။

ဒါမျိုးတွေမဖြစ်အောင် ခြံစည်းရိုးအခိုင်အမာကာရမယ်။ လူဝင်မှုကြီးကြပ်ရေး ကိုတင်းကြပ်ရမယ်။ ကျူးလွန်သူကို ပြင်းပြင်း ထန်ထန် ထိထိရောက်အရေးယူရမယ်။ (စင်ကာပူလို) ခြံစည်းရိုးနောက်မှာ buffer zone တစ်ခုထားရင် ကောင်း မကောင်း ဆွေးနွေးစေလိုပါတယ်။

အမျိုးဘာသာ ကာကွယ်ခြင်းက အလွန်ကောင်းတဲ့ သီအိုရီတစ်ခုပါ။ လက်တွေ့ ပရက်တီကယ်မှာ ဒီလိုလူမျိုးတွေ အာဏာရ လာရင် ဂျာမဏီ ဟစ်တလာခေါင်းဆောင်သလို ဂျူးလူမျိုးတွေ ၆ သန်းကျော် စနစ်တကျသတ်ဖြတ်တဲ့ သမိုင်းဖြစ်ရပ်မည်း ကြီးမျိုး ပေါ်လာတတ်ပါတယ်။ ခေတ်အဆက်ဆက် စစ်တိုက်ပြီးနိုင်တဲ့သူက အမျိုးတုန်းအောင်သတ်ဖြတ်တဲ့ ဒေါသ ရာဇဝင် များစွာ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းတွေမှာ တွေ့နိုင်ပါတယ်။ ထူးဆန်းတာကတော့ အင်ပါယာကြီးတွေ ထူထောင်ရာမှာ အမျိုးတုန်းသတ်ဖြတ်နည်း  မကျင့်သုံးကြပါဘူး။ ကိုယ်သိမ်းပိုက်ရရှိတဲ့ နိုင်ငံရဲ့ ဘာသာနဲ့ လူမျိုးကို ဆက်လက်ထိမ်းသိမ်းပေး လေ့ ရှိပါတယ်။ ဥပမာ အော်တိုမန်တူရကီ အင်ပါယာဆိုရင် အခြားဘာသာဝင်နိုင်ငံများကို သိမ်းပေမဲ့ အမျိုးတုန်းမသတ်ဖြတ် ပါဘူး။ အလားတူ ဗြိတိသျှအင်ပါယာ၊ ပေါ်တူဂီအင်ပါယာ၊ ခေတ်သစ် တရုတ်အင်ပါယာ၊ အမေရိကန်အင်ပါယာ စသဖြင့် ရှိကြပါတယ်။ အမျိုးတုန်းသတ်ဖြတ်ခြင်းကတော့ အာရပ်တွေ အိန္ဒိယနိုင်ငံကို အောင်နိုင်တဲ့အချိန် ဟိန္ဒူဘာသာဝင်တွေကို အမျိုးတုန်းနီးပါး သတ်ဖြတ်ခဲ့ပေမဲ့ ဟိန္ဒူဘာသာမပျောက်ကွယ်ပါ။ ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ခ်ျ ၂ နိုင်ငံပဲ မွတ်ဆလင်နိုင်ငံ အဖြစ် ကျန်ရစ်ခဲ့ပါတယ်။

အလုပ်ကိုင်ဖန်တီးဖို့ဆိုတာ ..
တရုတ်ကုမဏီတခုထဲ အားမကိုးပဲ တခြားနိုင်ငံများ ဥပမာ စင်ကာပူ၊ မလေးရှားတွေလည်း လာရောက် ရေနံဓါတုလုပ်ငန်းတွေ လုပ်ဖို့ပါ။ စင်ကာပူ ကွန်ဆိုတီယမ်က လာဖို့လုပ်ပြီးသား တရုတ်ကြီးက လက်ဝါးအုပ်လိုက်တယ်။ ပေါင်းလုပ်ကြရင် ကမ္ဘာ့ ထိတ်တန်း စင်ကာပူ၊ မလေးရှား ရေနံဓါတု ကုမဏီတွေလာမယ်။ အဲဒီကုမဏီတွေအတွက် စားသောက်ကုန်ထုတ်လုပ်ငန်းတွေ ထိုင်းနိုင်ငံက လာရင်းနှီးမယ်။ ဒါက သီအိုရီပါ။ ပရက်တီကယ်မှာတော့ ကျောက်ဖြူ အက်အီးဇက် SEZ မြန်မာ ခေါင်းဆောင် လူကြီးတွေ ပညာတတ်၊ ကိုယ်ကျိုးမရှာ၊ လစာလောက်ငှအောင်ပေး .. စည်းကမ်းထိန်းပေး၊ အဂတိဆို အရေးယူ .. အုံပုန်း မလုပ်ပဲ ပွင့်လင်းစွာ သီလဝါစက်မှုဇုံ စံနမူနာယူပြီး လုပ်ဖို့အရေးကြီးပါတယ်။ သီလဝါတောင်မှ ဂျပန်၊ တောင်ကိုးရီးယားလုပ်လို့ ဗမာလုပ်ရင် မလွယ်ဘူး။ မြန်မာဘက်က ကော်မတီကလည်း အခု စီမံဘဏ္ဍာဒုဝန်ကြီး ဦးဆက်အောင် ကြိုးစားထားခဲ့တာ.. အခက်ခဲများစွာရှိတယ်။ ဂျပန်တွေ ညည်းညူနေတယ်.. ကော်မတီက ဆုံးဖြတ်ချက်တွေ နှေးလို့တဲ့... ။

ရခိုင်ပြည်နယ် မြန်မာနီုင်ငံမှာ အဆင်းရဲဆုံးပြည်နယ်ဖြစ်ချိန် ရခိုင်ကမ်းမြောင်က ရွှေဓါတ်ငွေ့နဲ့ တရုတ်ပြည်ကို ရေနံပိုက်လိုင်း သွယ်တန်း၊ စီးပွား၊ စက်မှုဇုံ ကျောက်ဖြူမှာ လုပ်ကိုင်နေပါတယ်။ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် ပေါများ၊ တိုးတက်လာစေဖို့ ခေါင်းဆောင်များ အထူးသဖြင့် မြန်မာအာဏာပိုင်များနဲ့ ရခိုင်ခေါင်းဆောင်များ ညီညွတ်ကြရင် မလွဲမသွေ၊ တိုးတက်လာမှာ အလုပ်ကိုင်ပေါများလာမှ ဖြစ်ပါတယ်။

ရခိုင်-ဘင်္ဂလား အရေးအခင်းကတော့ ထာဝရတွယ်ကပ်နေမှာပါ။ အုတ်တံတိုင်းလည်း ဆောက်ရပါမယ်။ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် ပေါများဖို့ဆိုတာ မြန်မာနိုင်ငံမှာ အလုပ်ကိုင်ပေါများဖို့ တပြိုင်တည်း ကြိုးစားရပါမယ်။ အဂတိတွေ နည်းပါး ရပါမယ်။ တနည်းအားဖြင့် မြန်မာနိုင်ငံ ကြွယ်ဝချမ်းသာလာရပါတယ်။ ဘင်္ဂလားဒေ့ချိနိုင်ငံလည်း အလားတူ ကြွယ်ဝလာရပါ မယ်။ မြန်မာတွေ ကြွယ်ဝလာဖို့တော့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရရှိထားလို့ အလာအလာရှိတယ်မြင်ပေမဲ့၊ သန်း၂ဝဝ လောက်ရှိတဲ့ ဘင်္ဂလားဒေ့ခ်ျ ကြွယ်ဝလာဖို့တော့ ပိုပြီးခက်ခဲပါတယ်။ နှစ်နိုင်ငံစလုံး ကြွယ်ဝလာရင် ပြဿနာ တဖြေးဖြေး နည်းပါးသွားမှာ သေချာပါတယ်။ မြန်မာနိုင်ငံ အရင်ဦးဆုံး အမြန်ဆုံး ကြွယ်ဝပါစေ၊ အလုပ်အကိုင်ပေါများ လာခြင်းကပဲ အိပ်မက်ထဲက ဘင်္ဂလားပြဿနာရဲ့အဖြေပဲ ဖြစ်ပါတယ်ခင်ဗျား။

ဇာနီကြီး
နိုဝင်ဘာ ၂၁၊ ၂ဝ၁၇

Comments