လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (34)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (34)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၇

Slide basics

ဆလိုက်၏ အခြေခံများ


ဂူးဂဲဆလိုက်ဆိုတာက ဆလိုက်တွေ အချပ်လိုက်ပြင်ဆင်ပြီး တခုပြီး တခု စကရင်ပေါ်မှာ ထိုးပြရတာဖြစ်ပါတယ်။ အဲလိုဆလိုက်တွေ ထိုးပြရတာကို ဆလိုက်ရှိုး လုပ်တယ်လို့ ပြောရတာပေါ့။ အခု သင်ခန်းစာမှကတော့ ဆလိုက်တွေ အသစ်ထည့်တာ၊ လေးအောက်ကို ပြင်တာ၊ Theme ကို ပြောင်းတာနဲ့ ဆလိုက်တွေ ရှေ့နောက် စီစဉ်တာတွေကို လုပ်ကြည့်ကြပါမယ်။

Understanding slides and slide layouts

ဆလိုက်နဲ့ ဆလိုက်လေးအောက်ကို နားလည်ခြင်း

ဆလိုက်ဆိုတာက ကားချပ်ပြား သက်သက်ဖြစ်ပါတယ်။ ကိုယ့်ဖာသာကိုယ် ဆလိုက်အသစ်တခု ထည့်ချင်ရင်  Insert a new slide လုပ်လိုက်ရုံပါပဲ။  အဲသည်မှာ new slide အတွက် slide layout ဆိုတာ ရွေးနိုင်ပါတယ်။ slide layout - ဆလိုက်အခင်းအကျင်းမှာ ကိုယ်ရေးထိုးမယ့် text အတွက် placeholder လို့ ဆိုတဲ့ နေရာအထားအသိုကို slide layout မှာ ရွေးရပါတယ်။ အောက်ပါ ဆလိုက်လေးအောက်တွေမှာ စာသား နေရာအထားအသို အမျိုးမျိုး အဆင်သင့် လုပ်ပေးထားပါတယ်။ ကိုယ်နဲ့ ကိုက်တာ ရွေးကြတာပေါ့။ ဆလိုက်တခုချင်းစီမှာ ဆလိုက်လေးအောက် တမျိုးစီ ရွေးလို့ရတယ်နော်၊ တခုတည်း ပုံသေ မဟုတ်ပါ။

Slide layouts

Creating a slide and selecting a layout

ဆလိုက်တခု ဖန်တီးပြီး လေးအောက်တခု ရွေးမယ်

Google Slide ဖိုင် အသစ် ဖွင့်ပြီးတော့ New Presentation တခု လုပ်မယ် ဆိုကြပါစို့။ ဖွင့်ဖွင့်ချင်းမှာ blank slide တခု အဆင်သင့် ရှိနေပါတယ်။ သူ့ Layout က title slide layout နဲ့ပါ။ ခေါင်းစီးဆလိုက်လေးအောက် နဲ့ အရင် ဖွင့်ရတာကိုး။ ပြီးတာနဲ့ အောက်မှာ ပြထားတဲ့အတိုင်း + sign လေးနှိပ်ပြီးတော့ နောက်ထပ် ဆလိုက်တွေ အလိုရှိသလောက် ထည့်ပါ။ စာမျက်နှာတွေ ထပ်တိုးသလိုမျိုးပေါ့။

  1. အပေါင်းလက္ခဏာကို ဆွဲချပြီးတော့ drop-down arrow ကနေ New slide with Layout ဆိုတာကို ရွေးပါ။
  2. The New slide with layout dropdown menu
  3. ကိုယ်ကြိုက်တဲ့ slide layout ကို ရွေးပါ။
  4. Choosing a slide layout
  5. နောက် ဆလိုက်အသစ်တခု ပေါ်လာပါတယ်။
  6. The new slide

Layout ကို ပြောင်းချင်ရင် ကိုယ်ပြင်ချင်တဲ့ ဆလိုက်ကို ရွေးချယ်ပြီးနောက် Layout command ကို ကလစ်သွားလုပ်ပါ။

Changing a slide layout

နောက်ဆလိုက်တခု ကို လက်ရှိရွေးထားပြီးသား လေးအောက်နဲ့ပဲ ထပ်ထည့်ချင်တယ်ဆိုရင် PLUS Sign ကို သွားပြီး တန်းနှိပ်လိုက်ပါ။ Down Arrow Pulldown ကို ဆွဲချစရာ မလိုပါဘူး။
The New slide command

Organizing slides

ဆလိုက်များကို စီစဉ်ခြင်း



Google Slides presentations မှာ ဆလိုက်တွေ သင်အလိုရှိသလောက် ထည့်နိုင်ပါတယ်။ အဲသည် ဆလိုက်တွေကို ၀င်းဒိုးဘယ်ဘက်အခြမ်းက Slide Navigation pane မှာ အစဉ်လိုက် ဖော်ပြထားတာ တွေ့ရပါမယ်။ အဲသည်ဆလိုက်တွေကို သင်ဖာသာရွေးပြီးတော့ duplicate, rearrange, and delete လုပ်လို့ ရပါတယ်။
  • Duplicate slides: ကိုယ့်ကြိုက်တဲ့ ဆလိုက် တခု သို့မဟုတ် အုပ်စုကို ရွေး၊ မောက်စ်ကို ရိုက်ကလစ် နှိပ်၊ အဲသည်မှာ duplicate slide ကော်ပီ ပွားလို့ ရတဲ့ command ရှိပါတယ်။
  • Selecting Duplicate slide in the context menu
  • Move slides: စီထားတဲ့ ဆလိုက်အစဉ်ကို နေရာ ကစားချင်ရင် ကိုယ်ရွှေ့ချင်တဲ့ ဆလိုက်ကို မောက်စ်နဲ့ ဖိဆွဲပြီးတော့ အလိုရှိတဲ့ နေရာကို ဆွဲချပြီး လွှတ်ချထားလိုက်လို့ ရပါတယ်။
  • Moving a slide

  • Delete slides: press the Delete or Backspace key နဲ့ ကိုယ့်မကြိုက်တဲ့ ဆလိုက်ကို ရွေးပြီး ဖျက်ပစ်လို့ ရပါတယ်။

Customizing slide layouts

ဆလိုက်လေးအောက်များကို ပြင်ဆင်ခြင်း

ကိုယ်က လုပ်နေရင်းနဲ့ မိမိဆလိုက်ရဲ့ layout ကို ပြင်ချင်လာမယ်။ ဥပမာ - text တွေအတွက် placeholder တွေ လျော့ချင်တာ တိုးချင်တာမျိုးပေါ့။ နောက်တခုက placeholder တွေကို နေရာကနေ ဟိုပြောင်း ဒီရွှေ့ လုပ်ချင်တာတွေ ရှိလာမယ်။ အဲသည်အတွက် google slide က လွယ်ကူအောင် လုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။

Adjusting placeholders (စာသားအထားအသိုကို ကစားခြင်း)
  • To select a placeholder: မောက်စ်နဲ့ စာသားကို သွားရွေးလိုက်ပါ။ ပြီးတော့ ကလစ်လုပ်ပြီး placeholder ကို ရွေးပါ။ သူက ဘောင်ခပ်ပြီးသား အကွက်အဖြစ် ပေါ်လာပါတယ်။
  • Selecting a placeholder
  • To move a placeholder: ရွေ့ချင်တဲ့ နေရာကို မောက်စ်နဲ့ ဖိဆွဲပြီး ရွှေ့နိုင်ပါတယ်။
  • Moving a placeholder

  • To resize a placeholder: စာသားအထားအသိုမှာ ဆိုက်ကို ပြောင်းလဲချင်ရင်တော့ ခုနင်ကလိုပဲ စာသားနဲ့ အထားအသိုအကွက်ကို ရွေးချယ်ပါ။ Sizing handles ဆိုတဲ့ ထောင့်တွေမှာ မောက်စ်ကို သွားပြီး ၀ဲကြည့်လိုက်ရင် ချုံ့တာ ချဲ့တာ လုပ်လို့ရတဲ့ မြား ပေါ်လာတာကို တွေ့ရမယ်။ အဲသည် sizing handles ကို ဖိဆွဲပြီး လိုအပ်သလို ဆိုက်ကို ပြင်နိုင်ပါတယ်။ Resizing a placeholder
  • To delete a placeholder: Delete or Backspace key ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။

Using blank slides ဆလိုက်အလွတ် သုံးပုံ

သင်က ဆလိုက်မှာ သင်ကိုယ်တိုင် စာသားတွေ ရုပ်ပုံတွေကို layout နဲ့ တွဲပါတဲ့ placeholder တွေ မသုံးပဲ ထည့်ချင် ကစားချင်ရင်တော့ slide layout မှာ blank slide ကို ထည့်သွင်းနိုင်ပါတယ်။

  • a blank slide ကို ထည့်မယ်ဆို New Slide (+ sign) ကနေ drop-down arrow ဆွဲချပါ။ Blank ဆိုတဲ့ slide အလွတ်တခုကို ရွေးချယ်ပါ။ အောက်က ပုံမှာ ကြည့်ပါ။
  • Adding a blank slide

Changing the theme

(Theme ကို ပြောင်းလဲခြင်း)


Layout design က ဆလိုက်တခုချင်းစီအပေါ် သက်ရောက်ပြီး Theme ကတော့ Presentation တခုလုံးရဲ့ ဒီဇိုင်းကို ဆိုလိုပါတယ်။ changing the theme လုပ်ချင်ရင် အချိန်မရွေး အောက်ပါ ခလုပ်ကို နှိပ်ပြီး ပြောင်းနိုင်ပါတယ်။ ပြီးတော့ ခနခန ပြောင်းလဲကြည့်လို့ ရပါတယ်။ ကိုယ့် ဆလိုက်တွေ လေးအောက်တွေ ပျက်သွားတာမျိုး မဖြစ်ပါ။
  1. Theme command ကို shortcut toolbar ကနေ ရွေးပါ။
  2. The Theme command
  3. Themes pane လို့ခေါ်တဲ့ ၀င်ဒိုးညာဖက်ခြမ်းက ပြတင်းတခု ပေါ်လာမယ်။ အဲသည်မှာ သင်ကြိုက်တဲ့ slide theme ကို ရွေးပါ။
  4. The Theme pane
  5. Theme ဆိုတာက presentation တခုလုံးရဲ့ ဒီဇိုင်း စတိုင် ပုံစံကို ပြောင်းတာ ဖြစ်ပါတယ်။ အခုဆိုရင် - Paperback theme ကနေ Modern Writer Theme ကို ပြောင်းကြည့်တာ ဖြစ်ပါတယ်။
  6. A new theme is applied to the entire presentation

ဆလိုက်တခုချင်းစီမှာမှ သင်က နောက်ခံအရောင်ကို သီးခြား ပြင်ချင်ရင်တော့ ကိုယ်ပြင်ချင်တဲ့ ဆလိုက်တခုချင်းစီကို ရွေးပါ။ မောက်စ်ကို ရိုက်ကလစ်နှိပ်ပါ။ Change background ဆိုပြီး new color ရွေးပါ။  

Changing the background color
နောက်သိထားစရာတခုကတော့ slide တခုချင်းစီမှာ placeholder တွေ ပြင်ထားတယ်ဆိုကြပါစို့။ Theme တွေ ပြောင်းတိုင်း အဲသည် စာတွေ အထားအသိုတွေက ပြောင်းမသွားပါ။ သူ့ကို အရင် original အတိုင်းပြန်ထားချင်ရင် Layout Menu ကနေ ပြန်ပြီး မူလ layout ကို ပြန်ရွေးပေးရပါတယ်။


Layout menu

Playing your presentation

(Presentation ကို ပြပုံ)


သင့်ဆလိုက်တွေ အကုန်လုံး ပြင်ပြီးပြီဆိုရင် ဆလိုက်ရှိုးကို ပြရမှာ ဖြစ်ပါတယ်။ ဒါကို presentation ကို play လုပ်တယ်လို့ ဆိုပါတယ်။
  1. Present ခလုပ်ကို နှိပ်ရပါတယ်။ drop-down arrow ကို ဆွဲချပြီးတော့လည်း ဘယ်လိုမျိုး ပြသချင်သလဲဆိုတာကို ရွေးနိုင်ပါတယ်။ Play လုပ်လိုက်ရင် စကရင်အသစ်ကနေ သင့် ဆလိုက်တွေကို တခုချင်းစီ ပရိသတ်ကို ပြသတော့မှာ ဖြစ်ပါတယ်။
  2. The Present command

  1. Presentation က ၀င်းဒိုးအသစ် ကနေ ပေါ်လာပါပြီ။ အဲသည်ရဲ့ ဘယ်အောက်ထောင့်မှာ navigation bar ဆိုတာ ရှိနေတယ်။ play လုပ်တာ အပြင် ရှေ့သို့ နောက်သို့ စတဲ့ ကွန်ထရိုးတွေ ပါဝင်ပါတယ်။

  1. Navigation bar

  2. ဆလိုက်တွေကို တခုချင်း သွားချင်ရင် မောက်စ်ကို ကလစ်လုပ်၊ သို့မဟုတ် စပေ့စ်ဘားကို ပုတ်ပြီး သွားနိုင်ပါတယ်။ အဲရိုးကီးကိုလည်း သုံးနိုင်ပါတယ်။
  3. Esc key နှိပ်ပြီး ပရီဇင်တေးရှင်းကနေ ထွက်လို့ ရပါတယ်။

Challenge! အိမ်စာ

  1. ဒီနေရာကနေ ကျနော်တို့ရဲ့ ဆလိုက်ဖိုင်ကို ရယူပါ။ https://docs.google.com/presentation/d/14IMgjlhJTNfrg4Uyaqp5jMkrZKTtf63ZDGokmFH1X5s/edit?usp=sharing ပြီးတော့ File Menu ကနေ Make a copy ဆိုပြီး သင့်ဖိုင်အဖြစ် ဆေ့ဗ် လုပ်ပါ။
  2. Insert a new slide လုပ်ပါ။
  3. Main Point slide layout ကို ရွေးချယ်ပါ။
  4. စာသားထည့်ရမယ့် placeholder, Thank You! ဆိုပြီး စာရိုက်ထည့်ပါ။
  5. Placeholder ကို Resize တို့ move တို့ လုပ်ပါ။
  6. ပြီးတော့ အဲသည် ဆလိုက်ကို ဆလိုက်ရှိုးရဲ့ အဆုံးမှာ သွား Move လုပ်ပါ။
  7. ပြီးသွားရင် အောက်ပါအတိုင်း ဖြစ်နေရပါမယ်။
  8. Slide Basics Challenge Example

(ဆက်လက်ဖော်ပြပါမည်)

Comments