ရူးနှမ်းနေတဲ့မိုးတိမ်
နိုင် ဝင်း သီ
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၇
အရူးဟာ
သူ့ကိုယ်သူ ရူးနှမ်းနေတဲ့အကြောင်း ဝန်ဆောင်မှု ပေးနိုင်ရမယ်။
အရူးဟာ အနည်းဆုံး အကောင့်နှစ်ခုတော့
ဖွင့်ထားနိုင်ရမယ်။
ဖွင့်ထားနိုင်ရမယ်။
အရူးဟာ သူ့ကိုယ်သူ သီရိဓမ္မအာသောကမင်းကြီးလို့ ထင်နေရမယ်။
အရူးဟာ တခါတခါမှာ မော်ဒယ်လ်လေးတွေနဲ့ တွဲခုတ်နိုင်ရမယ်။
အရူးဟာ ခေတ်ကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင်
သူ့ကိုယ်သူ ဗားရှင်းမြှင့်ပေးနေရမယ်။
အရူးဟာ မြှောက်ပေးစရာမလိုဘဲ သူ့ဟာသူထထ က နေရမယ်။
အရူးဟာ ထစ်ခနဲရှိ မကျေနပ်တဲ့လူတွေကို တရားစွဲနေရမယ်။
အရူးဟာ သူ့ကိုယ်သူ ပရော်ဖက်ဆာတယောက်လို့ ထင်နေရမယ်။
အရူးဟာ ကတိကဝတ်တွေ ဗုံးပေါလအောပေးပြီး
သူ့ကိုယ်သူ ရူးချင်ယောင်ဆောင်နေရမယ်။
အရူးဟာ ဘုရားသခင်ကိုတောင် သူ့ သူငယ်ချင်းလို့
ထင်နေတဲ့လူ ဖြစ်ရမယ်။
အရူးဟာ
...........................။။
Comments