အောင်ဝေး - ထား ခဲ့ ခြ င်း များ



အောင်ဝေး - ထား ခဲ့ ခြ င်း များ 
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၇



ကျနော်တို့က
ဂျိမ်းဂျွိုက်စ်ကို သိတယ်
ခင်ဗျား နားမလည်ပါဘူး ဘိုနို။


ကျနော်တို့က
အိုင်ယာလန်အစိမ်းကို ချစ်တယ်
ခင်ဗျား မသိပါဘူး ဘိုနို။

အိုင်ယာလန် အစိမ်း
ရိုးမ အစိမ်း
အစိမ်း အစိမ်း
ထူပိန်း နိုးထ
အဘိုးအဘ အမွေ
အစိမ်းလေ
ခင်ဗျား မခံစားတတ်ပါဘူး။

ခင်ဗျား မပါလည်း
ကျနော်တို့ လမ်းဆက်လျှောက်နိုင်ပါတယ်။

ဆက်လျှောက်
ဆက်လျှောက်
လမ်း ဆက်လျှောက်မယ်။

ခင်ဗျား မရှိလည်း
ကျနော်တို့မှာ
သေချာတဲ့ဂီတတွေရှိတယ်
အားလုံးကိုကျော်ဖြတ်မယ်
သနားတယ် ဘိုနို။

ခင်ဗျား ကူညီခဲ့မှုအတွက်
ကျနော်တို့ရာဇ၀င်မှာ
စာတစ်မျက်နှာ
ခင်ဗျားနာမည်ကို တစ်ဝက်ရေးထားမယ်။

ခင်ဗျားက
အမှန်တရားကို တစ်ဝက်ပဲ ချစ်တတ်ခဲ့တာကိုး။

ကျနော်တို့ရထားက
ရှေ့ဆက်ထွက်သွားပါပြီ။

ကိုစန်းဇော်ထွေးကို ထားခဲ့ရတာနဲ့
ခင်ဗျားကို ထားခဲ့ရတာ
ထားခဲ့တာချင်းတော့ မတူဘူးပေါ့  မစ္စတာဘိုနိုရယ်။ ။

ေ အ ာ င္ ေ ၀ း
(ဒီဇင္ဘာ ၃၁- ၂၀၁၇)

Comments