![]() |
မူရင်း ပိုင်ရှင်ကို Credit ပေးပါတယ်။ |
အမေနေ့နှင့်ပတ်သက်၍
လင်းသက်ငြိမ်
(မိုးမခ)၊ ဇန်နဝါရီ ၄၊ ၂၀၁၇
ပြာသိုလပြည့်တွေမှာ ကျွန်တော် မကြာခဏ ပြဿနာတက်ရပါတယ်။ ဘာပြဿနာလည်းဆိုတော့ အကြီးကြီးလည်းမဟုတ်ပါဘူး။ အကြီးကြီးလည်းဟုတ်ပါတယ်။
ပြာသိုလပြည့်မှာ စာပေဟောပြောပွဲလေးလုပ်ချင်တယ်ဆိုပြီး အစည်းအဝေးထိုင်ကြတော့ လူကြီး တယောက်က တခြားမြို့တွေလုပ်တာနဲ့မတူအောင် အမေ့နေ့လုပ်ကြမယ်တဲ့။ အမေနေ့ကို အောက်ကမျင့်ထည့်ပြီးလုပ်မယ့်ကိစ္စ ကျွန်တော်မနေနိုင်တာနဲ့ ထပြောမိခဲ့တယ်။
ခင်ဗျားလုပ်ချင်ရင်ကြိုက်တဲ့
နေ့မှာကြိုက်တဲ့နာမည်နဲ့လုပ်ပါ ပြာသိုလပြည့်နေ့မှာတော့
ခင်ဗျားပေးချင်တဲ့ နာမည်ပေးပြီး မလုပ်ပါနဲ့ တကယ်လို့ လုပ်ကိုလုပ်မှာ ဆိုရင်
ကျွန်တော်ဘယ်နေရာကမှ မပါနိုင်ဘူးလို့ ခပ်တင်းတင်းပြောပြီး
ကန့်ကွက်ခဲ့မိတယ်။ အဲ့ဒီအစည်းအဝေးမှာ ခေါင်းစဉ် ပေးကြတာတွေကလည်း
တကယ့်ကိုစိတ်ပျက်စရာတွေချည်းပါပဲ။ အမေပဲ သီးသန့့််လုပ်ရင် မကောင်းဘူးတို့၊ သူများထက် ထူးခြား အောင် အမေနဲ့အဖေများနေ့လုပ်ရင်မကောင်းဘူးလားဆိုတဲ့ ရွှေဉာဏ်တော်စူးရောက်တွေလည်း ပါသေး တယ်။ နောက်ဆုံးတော့ ပြာသိုလပြည့်နေ့ မဟုတ်တဲ့ လမပြည့်ခင်တရက်အလိုမှာ မိဘများနေ့ဆိုပြီးလုပ် ဖြစ်ခဲ့ပါတယ်။ ဘယ်လောက်အူကြောင်ကြား နိုင်လိုက်လေသလဲ။
မနှစ်ကပြာသိုလပြည့်နေ့ ဖေစ့်ဘုတ်မှာ အမေနေ့အမှတ်တရ စတေးတပ်တွေအများအပြားရေးတင်ကြ တယ်။ အမေများနေ့လို့ရေးနေကြတာတွေ အတော်များများတွေ့ရလို့ပြောပြခဲ့ဖြစ်ပါတယ်။ အဲ့လိုပြောတာ ကို
မကြိုက်ကြတဲ့လူတွေက များပါတယ်။ အပြန်အလှန်ပြောရင်း စကားများမလို
ဖြစ်တဲ့အထိကြုံခဲ့ရပါ တယ်။ အဆိုးဆုံးက
အမေနေ့စာပေဟောပြောပွဲတခုအကြောင်းကို အဲ့ဒီစာပေဟောပြောပွဲမှာ
ဟောတဲ့ စာဟော ဆရာ က အမေများနေ့လို့ ရေးပြီးတင်ထားတာတွေ့လို့
ကျွန်တော်မက်ဆေ့ကနေ သွားပြောပါ တယ်။`ဆရာ အမေများနေ့မဟုတ်ဘူးနော်
အမေနေ့လို့ ဆရာဦးသုခက သေချာပြောခဲ့တယ်။ စာအုပ်တွေလည်း ရေးခဲ့တယ်လို့
ပြောတော့။ အဲ့ဒီစာအုပ်သူမဖတ်ဖူးဘူးတဲ့။ အမေနေ့နဲ့အမေများနေ့က အတူတူပဲတဲ့။
အမေများနေ့ဆိုတာက ပိုပြီးတော့ ကမ္ဘာမဆန်ဘူးလားတဲ့။
အဲ့ဒါဆို ကျွန်တော်မိတ္တူ ဆွဲပြီး ပို့ပေးမယ်ဗျ စင်ပေါ်တက်ဟောနေတဲ့
ဆရာတို့က ဖော်ထုတ်ရမယ့်ကိစ္စကို ဆရာတို့ကစပြီး လွဲနေရင် ဘယ်မှာ
အတည့်ဖြစ်တော့မှာလဲလို့ ကျွန်တော်ပြောတော့ အဲ့ဒီဆရာကမပျောက် ပါဘူးဗျာ
ရှိနေမှာပဲဥစ္စာ အမေနေ့နဲ့ အမေများနေ့ကအတူတူပဲမဟုတ်လား အမေတွေရှိနေသ၍ အမေများ နေ့ရှိနေမှာပါလို့ ဆက်ပြောလာတော့ ကျွန်တော်စိတ်ညစ်ခဲ့ရတယ်။
အဲ့ဒီစာဟောဆရာ ပြီးတော့ ဘာသာပြန်ဆောင်းပါးတွေရေးနေတဲ့ဆရာတစ်ယောက်နဲ့ မက်ဆေ့မှာစကား စပ်မိရင်းကနေ
အမေနေ့ အကြောင်း ရောက်သွားပြီး ပြောဖြစ်တော့ အမေများနေ့နဲ့ အမေနေ့က
အတူတူပဲ လေလို့သူကပြောလာတာနဲ့ မဟုတ်ဘူးဗျ ဦးသုခက စကားလုံးလေးကို အသေအချာ
ဂရုတစိုက်ပြောပြီးမှ အမေနေ့လို့ ပေးခဲ့တာလို့ပြောပြတော့။ အဲ့ဒါဆို ဦးသုခ
နေ့လားတဲ့။
ကျွန်တော်ထောင်းခနဲဒေါသဖြစ်သွားရတယ်။ စကားမများချင်တာနဲ့
ဘာာမှထပ်မပြောဖြစ်ခဲ့ပေမဲ့ စိတ်ထဲမှာ မျက်နေခဲ့မိတယ်။ သတင်းစာတွေ၊
ဂျာနယ်တွေမှာလည်း အမေများနေ့ပဲ ရေးသား နေကြတာတွေကိုတွေ့ ရတော့
ဘယ်သူမှဝင်မပြောကြဘူးလားလို့လည်း တွေးမိပါတယ်။
၁၉၉၅ ပြာသိုလပြည့်နေ့ မှာ ဦးသုခရဲ့ဟောပြောတိုက်တွန်းချက်နဲ့ အမေနေ့ကိုမန္တလေးစတင်ကျင်းပခဲ့တယ် လို့သိရပါတယ်။ အမေနေ့နဲ့ပတ်သက်ပြီးပြောပြထားတဲ့
ဦးသုခရဲ့စကားတွေနဲ့ လူထုဒေါ်အမာရဲ့ အမေနေ့အတွက် ဝမ်းသာစကားတွေကို
ရိုက်နှိပ်ထားတဲ့ ပန်းဖလက်စာအုပ်ကလေးကို ဖြန့်ဝေခဲ့ပါတယ်။
ဦးသုခက အမေ့နေ့လို့အမည်ပေးရင် အမေတဦးတယောက်တည်းကို ရည်ညွန်းသလိုဖြစ်နေလို့ အမေ့နေ့ လို့မသုံးဘူး။ အမေများနေ့ဆိုရင်လည်း အုပ်စုတစု အသင်းအဖွဲ့တခုတည်းကိုကိုယ်စားပြုသလိုဖြစ်နေတဲ့ အတွက် အမေများနေ့လို့လည်း မသုံးဘူး။ အမေဆိုတဲ့စကားလုံးက နှစ်လုံးတည်းပေမယ့် အားလုံးနဲ့သက် ဆိုင်လို့ အမေနေ့လို့ပေးခဲ့တယ်လို့ ဦးသုခရဲ့စာမှာ အသေအချာပြောပြထားပါတယ်။
မေလရဲ့ဒုတိယအပတ်တနင်္ဂနွေနေ့ကိုလည်း နိုင်ငံတကာ က Mother's Day အမေများနေ့အဖြစ်သတ်မှတ် ထားပါသေးတယ်။ တနည်းပြောရရင် ကျွန်တော်တို့ဟာ ကမ္ဘာက သတ်မှတ်တဲ့အမေများနေ့ရယ် မြန်မာက သတ်မှတ်ကျင်းပတဲ့ အမေနေ့ရယ်ဆိုတဲ့ နှစ်နေ့ရှိတယ်ဆိုတာ သတိပြုမိစေချင်ပါတယ်။ အမေကိုချစ်တာ သတိရတာကောင်းတဲ့ကိစ္စပါ။
နေ့တိုင်းအမေနေ့ဖြစ်နေသင့်တာလည်း မှန်ကန်တဲ့ကိစ္စပါပဲ။
ဒါပေမဲ့ ကိုယ်ရှေ့ကလူတွေခွန်စိုက်အားစိုက်နဲ့ အသိအမှတ်ပြုပွဲကလေးဖြစ်အောင် လုပ်ရှားခဲ့ကြတာတွေ မေ့ပစ်လိုက်ဖို့ မသင့်ဘူးလို့ယူဆပြီး ကျွန်တော်ဒီစာကိုရေးတာပါ။ အမေများနေ့ဖြစ်ဖြစ် အမေနေ့ဖြစ်ဖြစ် အမေကိုချစ်မြတ်နိုးဖို့၊ ကျေးဇူးသိဖို့၊ ကျေးဇူးဆပ်နေဖို့ကတော့ အဓိကအရေးကြီးတဲ့ကိစ္စပါပဲ။
ဒါပေမဲ့ ကိုယ်ရှေ့ကလူတွေခွန်စိုက်အားစို
ဒါပေမဲ့ ပြာသိုလပြည့်နေ့ အမေ့နေ့ရောက်တဲ့အခါ ဒါငါတို့မြန်မာနိုင်ငံက
ကျင်းပတဲ့ အမေနေ့ပါလား ဒါကို ဆရာကြီးဦးသုခတို့က ဦးဆောင် လုပ်
ခဲ့ကြတာပါလား။ အဲ့ဒီအသိလေးဝင်ရင်ကိုပဲ ပြာသိုလပြည့် အမေနေ့ ဟာ
ပိုသက်ဝင်ထင်ရှားလာစရာ အကြောင်းမရှိဘူးလား။ အဲ့ဒီလို သိလိုက်တဲ့အတွက်ကော
အမေနေ့ရဲ့ ဂုဏ်သရေညစ်ထေးသွားဖို့ အကြောင်းရှိသလား အရေးကြီးတာက
အမေနေ့ကို အမေနေ့လို့ ဂဃဏနသိ ဖို့ပါပဲ။
သမိုင်းကိုသတ်ပစ်ခဲ့တဲ့သူတွေတွကြောင့် သမိုင်းဟာ စွန်းကွက်နေခဲ့ရတာလည်း လက်တွေ့မျက်မြင်ပဲ မဟုတ်ပါလား။ ကျွန်တော်တို့စာပေနယ်
အသိုင်းအဝိုင်းကလူတွေလုပ်ဆောင်ခဲ့တဲ့ ကောင်းမွန်သောကိစ္စ တွေနဲ့လေးမြတ်ချစ်ခင်ရမယ့် အမွေအနှစ်တွေကို ကျွန်တော်တို့စာပေအသိုင်း
အဝိုင်းကလူတွေကမှအလေး အနက်မရှိပဲ၊ တန်ဖိုးမထားပဲ ၊ မထေမဲ့မြင် မသိကျိုးကျွံပြုနေကြမယ်ဆိုရင် တဖြည်းဖြည်း တိမ်ကောသွား မယ့် အခြေအနေဆီကို ဆိုက်ရောက်သွားတော့မယ့်လို့ ထင်မိပါတယ်။ ဒီဘက်နှစ်တွေထဲတောင်မင်းသား မင်းသမီးအဆိုတော်ကော စာဟောဆရာဆိုသူတွေကောအမေများနေ့လို့ ပြောဆိုနေကြတာ ဟောကြား နေကြတာဟာ ကြည့်ကောင်းတဲ့
ကိစ္စလို့ကျွန်တော်မမြင်ပါဘူး။ ရုပ်သံဌာနတွေလည်း အမေများနေ့လို့
သုံးနေကြတာကိုလည်း တွေ့မြင်နေရပါပြီ။ သူ့ဘာသာအမေနေ့ဖြစ်ဖြစ် အမေများနေ့ ဖြစ်ဖြစ် မင်းနဲ့အနေ သာကြီးပဲ ဘာလို့ ဆရာကြီးဝင်လုပ်နေရ တာလဲလို့ အပြစ်တင်ရင်လည်း ခံယူရုံပါပဲ။ ကျွန်တော်ကတော့ ကျွန်တော်မြင်တဲ့အမြင်ကို ကျွန်တော်ခံယူထားတဲ့အတိုင်း ရေးလိုက်တာပါပဲ။
သုံးနေကြတာကိုလည်း တွေ့မြင်နေရပါပြီ။ သူ့ဘာသာအမေနေ့ဖြစ်ဖြစ် အမေများနေ့ ဖြစ်ဖြစ် မင်းနဲ့အနေ သာကြီးပဲ ဘာလို့ ဆရာကြီးဝင်လုပ်နေရ တာလဲလို့ အပြစ်တင်ရင်လည်း ခံယူရုံပါပဲ။ ကျွန်တော်ကတော့ ကျွန်တော်မြင်တဲ့အမြင်ကို ကျွန်တော်ခံယူထားတဲ့အတိုင်း ရေးလိုက်တာပါပဲ။
ကျွန်တော့်အတွက်ကတော့
ပြာသိုလပြည့်နေ့ဟာ ဦးသုခ ပြောခဲ့တဲ့ အတိုင်း အမေနေ့ပါပဲ။
အမေ့နေ့မဟုတ်ပါ၊ အမေများနေ့မဟုတ်ပါ။ များချင်ကြရင်
မေ့ချင်ကြရင်လည်း လက်နှစ်ဖက်နဲ့ဆလံသပြီး ထိုင်နေရုံအပြင်
ကျွန်တော် ဘာမှလည်း မတတ်နိုင်ပါ၊
အားလုံးပဲပြာသိုလပြည့် အမေနေ့မှာ ကိုယ်စိတ်နှစ်ပါးလုံး ချမ်းသာကြပါစေ။လေးစားစွာဖြင့်
လင်းသက်ငြိမ်
Comments