ကမ်​လူ​ဝေး - ရှင်​သန်​မှု စစ်​စစ်​များ

KT#
ရှင်​သန်​မှု စစ်​စစ်​များ
ကမ်​လူ​ဝေး
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈
ဓမ္မနဲ့ အဓမ္မ အားပြိုင်​ရာ
ဓမ္မက နိုင်​ရမတဲ့
ခက်​ပုံများ
ခင်​ဗျား စွဲကိုင်​ထားတဲ့ ဓမ္မက 
ဓမ္မ မဟုတ်​ဘူး
ခင်​ဗျား ကိုးကွယ်​တဲ့ဘုရားက
ဖွတ်​ထွက်​လာတဲ့​တောင်​ပို့ကြီး

စိုက်​ခင်းကို မယုံကြည်​မှုနဲ့ ကြည့်​တယ်
ဘာ​တွေ သီးပွင့်​လာ​လေမလဲ
စိုက်​တဲ့ အတိုင်းရိတ်​သိမ်းရမတဲ့
ဖြစ်​နိုင်​ပါ့မလား
မယုံကြည်​မှု​တွေသာ ပွားများလာခဲ့။

မ​ပျော်​ဘူး
ရှင်​သန်​​နေမှုက မ​ပျော်​ဘူး
ရှင်​သန်​နေမှုကို အဆုံးသတ်​ရင်
ပျော်​ရွှင်​မှု​တွေ ဝင်​လာမလား
တချို့က​တော့ ​နောင်​ဘဝမှာ
ပျော်​ရွှင်​စရာ ရှာဖို့ ထွက်​သွားကြ။

ထမင်းဝ​အောင်​ မစားရတဲ့သူကို
ဟင်း​လျော့စားခိုင်းတဲ့ အဖိုးက
အ​ကောင်းစားဝီစကီပုလင်းကို ပိုက်​လို့။

ဓမ္မအတု
စိုက်​ခင်းအတု
ဝီစကီအတု​သောက်​​နေတဲ့ လူအတု
မ​ပျော်​မရွှင်​ရှင်​သန်​မှုသာ အစစ်​ဖြစ်​ရဲ့။     ။

Comments