မောင်မိုးသူ - ဖေ့စ်ဘွတ်နဲ့ ဘကြီးမိုး


 မောင်မိုးသူ - ဖေ့စ်ဘွတ်နဲ့ ဘကြီးမိုး
(ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ ဇန်န၀ါရီ ၂၆၊ ၂၀၁၈

ဘကြီးမိုးမှာ ဝ၁၃၇၆၄၃၅ ဆိုတဲ့ ကြိုး ဖုန်းတစ်လုံး ရှိပါတယ်။ သည်ကြိုးဖုန်းက ဟိုရှေးပဝေသဏီ ကျောက်မြောင်း ဣစ္ဆာသယလမ်းမှာ နေထိုင်စဉ်ကပဲ ရထားတဲ့ ဦးမိုးသူ ဆိုတဲ့ အမည်ပေါက်ဖုန်း ဖြစ်ပါ တယ်။ ၃၁ လမ်းကို လွန်ခဲ့တဲ့ နှစ် ၄၀ ကျော် က ပြောင်း လာတော့ ဖုန်းကို ဖြုတ်သယ် လာခဲ့ပါတယ်။ နောက် ပန်းဘဲတန်း ၃၁ လမ်းလိပ်စာနဲ့ ပြောင်းပြီးတပ်ဆင် အသုံး ပြုခဲ့တာ ဖြစ်ပါတယ်။

တကယ်တမ်းပြောရမယ်ဆိုရင် ဘကြီးမိုး အလွတ်ရတဲ့ ဖုန်းနံပါတ်က အဲသည် ၃၇၆၄၃၅ ပါပဲ။ ဘကြီးမိုး ယခုကိုင်နေတဲ့ လက်ကိုင်ဖုန်း ဖုန်းနံပါတ်ကို အလွတ်မရ ပါဘူး။ လက်ကိုင်ဖုန်းပေါ်ခါစက ဈေးကြီး လို့ ဘကြီးမိုး မကိုင်နိုင်ပါ။ အတော်အသင့် ဈေးကျသွားတော့ မောနင်းစတားက ဝိုင်း က မိတ်ဆွေများ တိုက်တွန်းချက်နဲ့ ဆမ်ဆောင်းတစ်လုံး ဝယ်ကိုင်ပါတယ်။ MPT ကတ် ထည့်တာပါပဲ။ သိပ်ကြာသွားလို့ အဆင်မပြေတော့မှ ဟွာဝေးဖုန်းတစ်လုံး ဝယ် ကိုင်ရပါတယ်။ မောနင်းစတားက ဖုန်းအ မျိုးမျိုး ကိုင်စွဲသူများက လိုက်ဝယ်ပေးလို့ ကိုင်ဖြစ်တာပါ။

လက်ကိုင်ဖုန်းစပေါ်ကတည်းက မောင်မိုးသူဆိုတဲ့အမည်နဲ့ ဖေ့စ်ဘုတ်ခ် အကောင့်တစ်ခု ဝိုင်းတော်သားများဖွင့်ပေးလို့ ရှိပါတယ်။ ဘကြီးမိုးရဲ့ ဖေ့စ်ဘုတ်ခ်ကိုလှမ်းပြီး ဆက်သွယ်ပြောဆိုကြသူများကို လည်း ဘကြီးမိုး ပြန်ဖြေ ပြန်ပြော မလုပ်တတ်ပါ။ သည်တော့ ဆက်သွယ်တဲ့ သူတွေက ဘကြီးမိုးဟာ အတော်မာနကြီးတဲ့သူလို့ ဆိုကြပါတယ်။

ဘကြီးမိုး ပန်းချီပြပွဲလုပ်တုန်းက တစ် နေ့တစ်ကား လာတင်ပေးတဲ့သူရှိရင် တင် ဖြစ်ပါတယ်။
ဘကြီးမိုးဟာ မောနင်းစတား သော ကြာဝိုင်းရဲ့ ပင်တိုင်ပုဂ္ဂိုလ်ကြီး ဖြစ်လေတော့ ဝိုင်းတော်သားတွေတင်တဲ့ပုံတွေ ဘကြီးမိုး ဖုန်းထဲ ထည့်ပေးလို့ ကြည့်ဖြစ်ပါ တယ်။
ဘကြီးမိုးအိမ်မှာ ကွန်ပျူတာတစ်လုံးအပြင် ပရင်တာတစ်လုံးလည်း အဆင်သင့် တပ်ပြီး ရှိပါတယ်။ မိုးမခမဂ္ဂဇင်း အွန်လိုင်းကနေ ပုံနှိပ်မီဒီယာ ပြောင်းစဉ်က ဦးဝင်းတင်၊ မောင်မိုးသူတို့ဟာ နာယက ဖြစ်ပါ တယ်။ ဦးဝင်းတင် ဆုံးသွားတော့ တစ်လောကအထိ မိုးမခမှာ နာယကဆိုပြီး မောင်မိုးသူ၊ မောင်စွမ်းရည်နဲ့ မာမာအေးတို့ ပါနေဆဲပါ။ မိုးမခကလည်း လစဉ် ပုံမှန် မထုတ်နိုင်တော့ဘဲ သုံးလတစ်ကြိမ် လောက်ပဲ ထုတ်ဖြစ်တယ် ထင်ပါရဲ့။ ဒါပေမဲ့ အွန်လိုင်းမှာတော့ ပုံမှန်ထွက်နေပါတယ်။

ဘကြီးမိုးဟာ ပုံနှိပ်ဂျာနယ်သုံးစောင် မော်ဒန်၊ ကုမုဒြာ နဲ့ သံတော်ဆင့် တို့မှာ အပတ်စဉ် ဆောင်းပါးရေးဖြစ်သလို သရဖူနဲ့ lmage မှာ အခန်းဆက်ဘာသာပြန်တွေ ရေးဖြစ်ပါတယ်။
အဲဒါလည်း အင်္ဂလိပ်ဝတ္ထုကို ဘကြီး မိုး ဖတ်ပြီး ပါးစပ်နဲ့ ဘာသာပြန်တာကို ကွန်ပျူတာသမားက ရိုက်ပေးတဲ့အချိန်မှာ ပြန် ဖြစ်တာပါ။ ဘကြီးမိုးလက်ရေးနဲ့ အင်္ဂလိပ် စာတစ်အုပ်ကို ဘာသာပြန်ဖို့ မဖြစ်နိုင် တော့ပါဘူး။

 မီဒီယာလောကမှာ အရင်က ရှင်ပြု တုန်းက ရွှေထီးဆောင်းခဲ့ဖူးသလို ပုံနှိပ်မီဒီယာခေတ်မှာ မဂ္ဂဇင်းတွေ အများကြီး မှာ ဘကြီးမိုးဆိုတဲ့ မောင်မိုးသူဟာ တစ်မိုးလုံး ဖျောက်ဆိပ် ဆိုရလောက် အောင် ရေးခဲ့တဲ့သူပေါ့။ မဂ္ဂဇင်း တော်တော်များ များမှာ ပင်တိုင်ဆောင်းပါးရှင်အဖြစ်လည်း ကောင်း၊ အခန်းဆက်ဘာသာပြန်သူအဖြစ်လည်းကောင်း ရေးခဲ့သားခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒါပေမဲ့ ပုံနှိပ်မီဒီယာကြီး ကျဆုံးသွားပြီးတော့ အွန်လိုင်း မီဒီယာ ခေတ်ကြီး ပြောင်းလဲလာချိန်မှာ ဘကြီးမိုး လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ် နေပါတော့တယ်။
ဘကြီးမိုးကိုင်တဲ့ ဟန်းဖုန်းထဲက စာလုံးတွေက သေးလွန်းလို့ ဖတ်ရခက်တဲ့ အချိန် ဒူဘိုင်းမှာနေတဲ့ မြေးမလေး ဘုတ်ဘုတ်က သူ့ကလေးနှစ်ယောက် ဆော့ဖို့ ဝယ်ပေးတဲ့ ဆမ်ဆောင်း တက် ဘလက်တစ်လုံးပို့လိုက်လို့ အိမ်မှာ မြေးလုပ်တဲ့ ဘိုဘိုက မြန်မာနက်ဆိုသဟာကို တစ်လ ၂၅,ဝ၀ဝ ပေးရသဟာ တပ်ထား ပါတယ်။ သူက တပ်တာသာ တပ်ပြီး၊ ဂျပန် ကာတွန်းကားတွေ ဒေါင်းလုပ်ဆွဲပြီး ကြည့် တာ။ ဘကြီးမိုးကတော့ မြန်မာနက်က လစဉ် အခွန်လာကောက်ရင် ဘကြီးမိုး ပေးရတာပါ။ အိမ်မှာက ဘကြီးမိုးပဲ ဘုတ်ထိုင်ထိုင်ပြီး ရှိနေတာ ဆိုတော့ မီတာခ၊ ဖုန်းခကအစ အခွန်မှန်သမျှ အိမ်မှာရှိတဲ့ ဘကြီးမိုးပဲ ဆောင်ရတာ ပေါ့လေ။

အဲသည် မြန်မာနက် အိမ်မှာရှိနေလေတော့ အရုပ်ကြီးကြီး စာကြီးကြီးမြင်ရတဲ့ ဆမ်ဆောင်းတက်ဘလက်နဲ့ ဘကြီးမိုး နိုင်ငံရေးသတင်းများ ကြည့်နိုင် နားထောင် နိုင်တဲ့အပြင် သီချင်းဟောင်းတွေကိုလည်း ကြည့်ဖြစ် နားထောင်ဖြစ်ပါတယ်။

ကမာရွတ် မီဒီယာက ကလေးတွေက ဘကြီးမိုးရဲ့ကိုယ်ရေးရာဇဝင်ကို အပိုင်း(၁)၊ အပိုင်း (၂)၊ အပိုင်း (၃) ဆိုပြီး သုံးပိုင်းခွဲရိုက်ပြီး လွှင့်ထုတ်ဖို့ စီစဉ်ထားပါ တယ်။ (၁) နဲ့ (၂) တော့ ထုတ်လွှင့်နေပါပြီ။ ကမာရွတ်က ကလေးတွေ လွှင့်နေပြီပြော လို့ ဖွင်ကြည့် ဖြစ်၊နားထောင်ဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ခ် အွန်လိုင်းပေါ်က သတင်းပေါင်းစုံ ဟာ ဘယ်လောက် တောင် ပျံ့နှံ့နေသလဲ ဆိုရင် သတင်းဌာနကြီးတွေနဲ့ မြန်မာ့အသံကတောင် ဖေ့စ်ဘုတ်ခ် ပေါ်က လူကြိုက်များ၊ လူ ကြည့်များတဲ့ သတင်းများဆိုပြီး ထုတ်လွှင့်တာကို တွေ့ ဖူး၊ နားထောင်ဖူးရပါတယ်။ ဘကြီးမိုး ကိုယ်တိုင်တော့ မဖွင့်ဖြစ်၊ မကြည့် ဖြစ်ပါဘူး။ တစ်ခါတစ်ရံ ဖွင့်ကြည့်ဖြစ်တဲ့ အခါတွေမှာ သတင်းမဟုတ်ဘဲ အတင်းတွေ၊ ဆဲတာတွေ၊ အယုတ္တ အနတ္တတွေ ပေါ်ပေါ်လာလို့ သိပ်မဖွင့်ရဲပါ။

 ဖေ့စ်ဘုတ်ခ်ခေတ်ကြီးက ဘယ်လောက်များ ထွန်းကားအောင်မြင်လာသလဲဆိုရင် လက်ဖက်ရည်ဆိုင် စကား ဝိုင်း မှာ စကားမပြောကြဘဲ စားပွဲပ်ါမှာ ချထားတဲ့သတင်းစာ၊ ဂျာနယ်တွေကို မဖတ်ဖြစ်ကြဘဲ လက်ကိုင်ဖုန်း နှစ်လုံး၊ သုံးလုံးကိုယ်စီနဲ့ ပွတ်ပွတ်နေကြတာကို တွေ့တွေ့နေရပါ တော့တယ်။

ဘကြီးမိုးကတော့ သူတို့ကို မေးမေးပြီး ဟိုတစ်လောက ဂိုရှယ်လေးဆိုတဲ့ နိုင်ငံ ရေးသတင်းတွေတင်တဲ့ ပုဂ္ဂိုလ်လေးရဲ့ သတင်းတချို့တော့ ဖွင့်ဖြစ် နားထောင်ဖြစ်ပါ တယ်။

ပုံနှိပ်မီဒီယာကနေ အွန်လိုင်းမီဒီယာကို ပြောင်းရွှေ့သွားချိန်မှာ ဘကြီးမိုး တစ်သက်လုံး ဖတ်ခဲ့ကြည့်ခဲ့တဲ့ အင်္ဂလိပ် မဂ္ဂဇင်း၊ ဂျာနယ်များ ရပ်ဆိုင်းသွားကြပြီး အွန်လိုင်းပေါ်မှာပဲ ထုတ်ပါတော့တယ်။ အွန်လိုင်းပေါ် ပြောင်းလဲသွားတဲ့အထိ သတင်း တေ∑ အားပြုလို့ ဘကြီးမိုးလိုက်ဖို့ ကြိုးစား ပါသေးတယ်။ ဖေ့စ်ဘုတ်ခ်ခေတ်ကျတော့ အတော်ဆိုးသွားပါပြီ။ သတင်းမှ မဟုတ်ဘဲ ၊ အတင်းတွေ၊ ဆဲတာတွေပါလေတော့ သိပ် မဖွင့်ရဲတော့ပါ။

အခုတော့ ဘကြီးမိုးရဲ့အဖြစ်က ရာဇဝင်ထဲမှာ၊ သမိုင်းထဲမှာ ဘကြီးမိုးကို ထား ခဲ့လို့ ပြောရမလားပဲ။

ဖေ့စ်ဘုတ်ခ်နှင့် ဘကြီးမိုးပါ။

ဘကြီးမိုး

Comments