KT# |
တို့နှစ်ယောက်နေ့တွေ
တင်လတ်ကို
(မိုးမခ) ဇန်နဝါရီ ၂၃၊၂၀၁၈
မီးတွေလောင်
ငလျင်တွေလှုပ်
ရေတွေ အကြိမ်ကြိမ်ကြီးနေတဲ့ခေတ်ကြီးထဲ မှာ
မင်းနဲ့ငါ
လက်ချင်းချိတ်နိုင်ခဲ့တာနည်းတဲ့ ကုသိုလ်လားကွာ။
ကျောချင်းကပ်
တရွက်တည်း
တဘ၀တည်းမရည်ရွယ်ခဲ့ရာ
မနိုင်တာစာရင်းတို့ထား
ဗျာလည်းမများဘူးအချစ်ရယ်။
ကမ္ဘာမှာ
ဘာမဆိုအတုတွေထွက်လာ
ချစ်ခြင်းမေတ္တာမှာတုပမရတာသိလိမ့်
ရခဲ့ရင်လည်း
ရယ်နေရမှာပါပဲ။
တို့နှစ်ယောက်နေ့တွေမှာ
မျက်နှာဖုံးမရှိ
ကြိုးနီမရှိ
ပဒေသရာဇ်စနစ်မရှိ
ဒါကြောင့်နောင်တဆိုတာအဝေးကြီး။
တို့နှစ်ယောက်နေ့တွေမှာ
အိပ်မက်ရှိ
မနက်ဖြန်ရှိ
ရန်ဘက်လည်းရှိသမို့
အနိုင်အရှုံးဆိုတာနီးနီးလေး။
တို့နှစ်ယောက်နေ့တွေက
မရှိခဏဆိုတာသီချင်းသက်သက်မဟုတ် ဘူးလို့
ငြင်းဆိုထားပါတယ်။
တို့နှစ်ယောက်နေ့တွေက
ငရဲဆိုလည်းပိုပျော်ရွှင်ကြောင်း။
အဆိပ်ကိုဖယ်
အစာစား
ဓားသွားမထိဘဲ
ပျားရည်စက်လျက်သွားမယ်ဆိုတဲ့အေ ကြာင်း ။ ။
Comments