ဇော်အောင် (မုံရွာ) ● တရုတ်ပြုပြင်ပြောင်းလဲမှုနဲ့ မြန်မာနိုင်ငံ - အပိုင်း (၂)

ဇော်အောင် (မုံရွာ) ● တရုတ်ပြုပြင်ပြောင်းလဲမှုနဲ့ မြန်မာနိုင်ငံ - အပိုင်း (၂)
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂ဝ၁၈
 
တရုတ်ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတဦး အဂတိလိုက်စားမှု အရေးယူခံရပြီး မိမိကိုယ်ကိုသတ်သေတဲ့သတင်း ၂ဝ၁၇ မှာ တော်တော်တုန်လှုပ်သွားရပါတယ်။ Chinese General Commits Suicide as Xi’s Corruption Crackdown. ဒီသတင်း အားဖြင့် တရုတ်နိုင်ငံမှာ စစ်ဗိုလ်ချုပ်များ တော်တော်အာဏာရှိကြောင်း မြင်နိုင်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံ စစ်ကော်မရှင် ဥက္ကဌာထူးကို တရုတ်ခေါင်းဆောင်များကချုပ်ကိုင်ထားပေမဲ့၊ တရုတ်စစ်ဗိုလ်ချုပ်များရဲ့ သြဇာအာဏာကြီးမားပါတယ်။ အာ ဏာဟာ သေနပ်ပြောင်းဝမှာရှိတယ်ဆိုတဲ့ မော်စီတုန်းစကားက ခေတ်အဆက်ဆက် မှန်ကန်နေဦးမှာဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ စစ်တပ်က နိုင်ငံရေးမှာ ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းက မထူးဆန်းပါဘူး။ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံများရဲ့လွှတ်တော် တွေမှာ မြန်မာနိုင်ငံလို စစ်တပ်ကိုယ်စားလှယ်မပါပေမဲ့ သူတို့နိုင်ငံများမှာလဲ စစ်တပ်ရဲ့ သြဇာအာဏာ အလွန်ကြီးမားပါတယ်။ ဒါကြောင့် တရုတ်ပြည်စီးပွားရေးမှာ တရုတ်စစ်တပ်က ကဏ္ဍတခုကပါဝင်သလို မြန်မာစစ်တပ်ကလည်း တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေကဏ္ဍတရပ်က ပါဝင်နေမှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဂျီဒီပီရဲ့ ၂.၅ ရာခိုင်နှုန်း ရှိနေပါတယ်။ တရုတ်နိုင်ငံ ကတော့ စစ်အသုံးစရိတ်က ဂျီဒီပီရဲ့ ၁.၅ ရာခိုင်နှုန်းပဲဆိုပေမဲ့ ကမ္ဘာမှာ အမေရိကန်၊ ရုရှားပြီးရင် တတိယအကြီးဆုံး စစ် အသုံးစရိတ်ဖြစ်နေပါတယ်။ စီးပွားအင်အားနဲ့ နိုင်ငံသြဇာကြီးအောင်လုပ်တဲ့ခေတ်ကာလဖြစ်သော်လည်း ကမ္ဘာပေါ်မှာ စစ် လက်နက်က နံပါတ် (၁) စီးပွားရေးလုပ်ငန်းကြီးပဲ ဖြစ်နေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံစီးပွားရေးမှာလည်း စစ်လက်နက် ထုတ်လုပ်ရေး၊ ဝယ်ယူတည်ဆောက်ရေးတွေက အလွန်ကြီးမားတဲ့လုပ်ငန်းကြီးဖြစ်ပါတယ်။

နောက်ဆုံးစတ္တုထအဆင့် 2005 – Present (2018)
၂ဝဝ၅ ခုနှစ်မှာ အုပ်ချုပ်ရေးစနစ်က တိန့်ရှောင်ဖိန်စီးပွားရေးပေါ်လစီကို နောက်ပြန်ဆွဲသလို ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေး ကဏ္ဍကို ပိုမိုအားစိုက် ငွေကြေးအသုံးပြုလာပါတယ်။ ငွေကြေးစနစ် လျော့ရဲလာပါတယ်။ ဒါကြောင့် အမေရိကန် စီးပွားရေးနဲ့ ငွေကြေးအကြပ်အတည်း ၂ဝဝ၈ ခုနှစ်ကလိုပဲ အိမ်ခြံမြေဈေး ၃ ဆလောက် ဖောင်းပွလာမှုဖြစ်လာခဲ့ပါတယ်။ နိုင်ငံခြား ဧရာမ ကုမဏီကြီးများကိုပြိုင်ဆိုင်ဖို့ တရုတ်ကုမ္ပဏီကြီးများကို National Champion များအဖြစ် မြှင့်တင် မြေတောင်မြှောက်ပေးရ ပါတယ်။ ၂ဝ၁၂ ခုနှစ် နောက်ပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီက တရုတ်အစိုးရနဲ့ ပုဂ္ဂလိကပိုင်ကုမ္ပဏီကြီးများ စုစုပေါင်း ၂၈၈ ခုကို ထိန်းချုပ်လာပါတယ်။ ဟောင်ကောင်ကုမ္ပဏီများလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်ခံရပါတယ်။ ကမ္ဘာ့စီးပွားရေး အခက်အခဲများမှာ တရုတ်ကုမ္ပဏီများ တရုတ်အစိုးရရဲ့ စီးပွားရေးပေါ်လစီနဲ့အတူလိုက်နာနိုင်အောင် ကူညီပံ့ပိုးပါတယ်။ တရုတ်နိုင်ငံအစိုးရဟာ တရုတ်ကုမ္ပဏီများကို နိုင်ငံရေးအားဖြင့်လဲ ကာကွယ်စောင့်ရှောက်ပါတယ်။

● တရုတ်စီးပွားရေးအောင်မြင်မှုအကြောင်းရင်းများ
လူတွေ အလုပ်လုပ်လာလေလေ တိုင်းပြည်စီးပွားတိုးတက်လေလေ ဖြစ်ပါတယ်။ လူတွေ အလုပ်လုပ်ချင်လာအောင် လမ်း တံတား၊ လျှပ်စစ်၊ လေယာဉ်၊ သင်္ဘော၊ ကား စတဲ့လုပ်ငန်းများ တိုးတက်အောင် အစိုးရက တည်ဆောက်ပေးရပါတယ်။ အလုပ်လုပ်လေလေ ပိုက်ဆံရလေလေဖြစ်တော့ လူ့သဘာဝအရ လူနေမှုအဆင့်အတန်း ပိုကောင်းဖို့ အလုပ်ပိုလုပ် လာရ တယ်။ ပညာပိုတတ်အောင် သင်ရတယ်။ ကြိုးစားရပါတယ်။ တရုတ်နိုင်ငံက ကွန်မြူနစ်စနစ်ဆိုးကြိုးနဲ့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘဝကနေ အချိန်တိုအတွင်း စီးပွားရေး ကမ္ဘာ့ထိတ်တန်းနိုင်ငံဖြစ်လာရခြင်းအတွက် စီးပွားပညာရှင်များက အောက်ပါ သီအိုရီများကို မှတ်တမ်းတင်ကြပါတယ်။

* ပထမသီအိုရီကတော့ ဗဟိုဦးစီးစနစ်ကို ဖျက်သိမ်းပြီး နည်းလမ်းမျိုးစုံကို ဒေသအာဏာပိုင်များက စမ်းသပ်ကျင့်သုံးခွင့်ပေးပြီ၊ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲပေးခြင်းဆိုတဲ့ သီအိုရီဖြစ်ပါတယ်။ တိန့်ရှောင်ဖိန်က အဓိကခေါင်း ဆောင်ဖြစ်နေပါတယ်။

* ဒုတိယသီအိုရီက အစိုးရခေါင်းဆောင်များ မိမိဒေသ၊ မိမိလုပ်ငန်းမှာ စီးပွားတိုးတက်လာရင် ရာထူးမြန်မြန်တက်တဲ့ ရာထူး တိုးစနစ်ကြောင့်လို့ ဆိုပါတယ်။ ဒေသဆိုင်ရာအာဏာပိုင်များက မိမိဒေသအတွက် ရင်းနှီးမြှုတ်နှံသူများ လာရောက်ရေးကို အလွန်ဆာငတ်ကြပါတယ်။ စီးပွားရေးဥပဒေ၊ နည်းဥပဒေ၊ ကြိုးနီစနစ်များ၊ အတားအဆီးများကို လျှော့ပေါ့ပေးကြပါတယ်။ စီးပွားတက်အောင်လုပ်ပြရင် ရာထူးတိုးပေးတဲ့စနစ်ကြောင့်လို့ ဆိုပါတယ်။

* တတိယသီအိုရီကတော့ ခေါင်းဆောင်တိန့်ရှောင်ဖိန် ပြုစုပျိုးထောင်၊ ရွေးချယ်တဲ့ ပြုပြင်ပြောင်းလဲရေးသမာများ ကြောင့်လို့ ဆိုပါတယ်။ အနာဂါတ်ခေါင်းဆောင် ပြုစုပျိုးထောင်ရေးစီမံကိန်းကြောင့်လို့ဆိုရင် အဓိကလူက အဲဒီစနစ်ကို စတင်ပေးတဲ့ တိန်ရှောင်ဖိန်ပဲ ဖြစ်ပါတယ်။

* နောက်ထပ်သီအိုရီတခုကလည်း ကွန်ဖြူးရှင်အယူဝါဒကို ပြန်လည်ကျင့်သုံးခြင်းကြောင့်လို့ ဆိုပါတယ်။ အင်္ဂလိပ်နဲ့ဂျပန်များ တရုတ်ပြည်ကို ဝင်ရောက်လာပြီး ကွန်ဖြူးရှယ်အယူဝါဒ အနှစ်၂၅ဝဝ ကြီးစိုးခဲ့တဲ့ တရုတ်အုပ်ချုပ်ရေးစနစ် ပျက်စီးသွားခဲ့ပါ တယ်။ မော်စီတုန်းခေါင်းဆောင်တဲ့ ကွန်မြူနစ်များလက်ထက်မှာလဲ ကွန်ဖြူးရှပ်ဝါဒီများကို နှိပ်ကွပ်ခဲ့ပါတယ်။ တိန့်ရှောင်ဖိန် လက်ထက်မှာ ပြန်လည်သင်ကြားပို့ချစေခဲ့ပါတယ်။

* ပြည်ပပို့ကုန်တိုးမြှင့်ရေးမဟာဗြူဟာကို ဂျပန်နိုင်ငံက ၁၉၆ဝ - ၁၉၇ဝ ခုနှစ်များက အောင်မြင်စွာကျင့်သုံးနိုင်သလို လုပ် ဆောင်နိုင်လို့၊ ကျား ၄ ကောင်ဆိုတဲ့ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူတို့ကို အတုယူနိုင်လို့ဆိုတဲ့ သီ အိုရီလည်း ရှိပါတယ်။

●လက်ရှိ မြန်မာ့စီးပွားရေးလုပ်ငန်းတွေ တိုးတက်အောင်မြင်ဖို့
ပြည်သူလူထုကို အလုပ်အကိုင်ပေးတဲ့ ကုန်ထုတ်လုပ်ငန်းများမှာ နိုင်ငံခြားရင်းနှီးမြှုတ်နှံကြဖို့ အရေးတကြီးလိုအပ်နေပါတယ်။ Ease of Doing Business မှာ အလွန်ရှုပ်ထွေးခက်ခဲနေတော့ နိုင်ငံခြားကုမ္ပဏီများ မလာနိုင်သေးပါဘူး။ အထူးသဖြင့် ထိုင်းနိုင်ငံက ကုန်ထုတ်လုပ်ငန်းများစွာ မြန်မာနိုင်ငံဝင်ရောက်လာဖို့ စောင့်နေပါတယ်။ မြန်မာလယ်ယာထုတ်ကုန်များလဲ စိုက်သမျှ၊ မွေးသမျှ တရုတ်နိုင်ငံကြီးက ဝယ်ယူဖို့အသင့်ရှိနေပါတယ်။ စစ်အာဏာရှင်စနစ်က လက်ဝါးကြီးအုပ် လက်မဲကြီး များရဲ့ ကုမ္ပဏီများကပဲ ဥပဒေမဲ့ မတရားအနိုင်ယူထားဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ခေါင်းဆောင်တွေကို အားမရတာနဲ့ တပ်မတော်က ၂၅ ရာခိုင်နှုန်း ထိန်းချုပ်ထားတာနဲ့ အားမရဖြစ်မိကြပါတယ်။ နိုင်ငံတော်အဆင့်၊ ပြည်နယ်တိုင်းအဆင့်နဲ့ မြို့နယ်အဆင့်၊ နောက်ဆုံး ကျေးလက်ရက်ကွက်အဆင့်တောင်မှ အားမရဖြစ် ရတယ်။ လူတွေရဲ့စရိုက်တွေက စစ်အာဏာရှင်စရိုက်များ ဖြစ်နေပါတယ်။ အုပ်ချုပ်ရေး ထွေအုပ်နဲ့ ရဲတပ်ဖွဲ့နဲ့ ဆေးရုံ၊ လယ်စိုက်ရှင်း၊ လဝက၊ ကညန၊ အခွန်ဌာန၊ စည်ပင် စတဲ့အစိုးရဌာနတွေက ပိုခက်ခဲနေသလို ဖြစ်ရပါတယ်။ အရင်လက ရပ်ကွက်အုပ်ချုပ်ရေး ရွေးပွဲလုပ်ကြတယ်။ အိမ်ထောင်စု ၁ဝ ရာခိုင်နှုန်းလောက်ပဲ လာမဲပေးပြီး ပြိုင်တဲ့လူ (၄) ဦးကတော့ ၉ တန်းအောင် (၃) ယောက်၊ ၇ တန်းအောင်တယောက်ဆိုတော့ လူပေါင်း ၂ သောင်းရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရသူက ပညာ တတ်တွေမလုပ်ချင်ဘူးဆိုတာ ထင်ရှားနေပါတယ်။ ဘာကြောင့် ပညာတတ်တွေ၊ အရည်ချင်းရှိသူတွေ ရပ်ကွက်အုပ်ချုပ် ရေးမှူးမလုပ်ချင်ရသလဲဆိုတော့ လစာက ၇ သောင်းကျပ်၊ အရပ်ထဲမှာ မူးရမ်း၊ ဆိုးသွမ်း၊ ရန်ဖြစ်မှုတွေ၊ ခိုးဆိုးလုယက် ပြဿနာတွေချည်းကိုင်တွယ်နေရတော့ ဘယ်သူမှမလုပ်ချင်တာ မထူးဆန်းပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှုးကို ကန်တော့ ပိုက်ဆံပေးကြတဲ့ အသိသက်သေလက်မှတ်ထိုးပေးတဲ့ အိမ်ခြံမြေရောင်းဝယ်မှုတွေဆိုတာရှိပေမဲ့ လူဆိုးထိန်း လုပ်ရတာများ ပါတယ်။ ပညာတတ်တွေကတော့ တတ်နိုင်ရင် နိုင်ငံခြားထွက်အလုပ်လုပ်ဖို့၊ ကုမ္ပဏီကောင်းမှာအလုပ်ရဖို့၊ ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းလုပ်ဖို့တွေပဲ အဓိကထားနေကြတဲ့ ရပ်ထဲ၊ ရွာထဲကအခြေအနေပါ။ မတရားမှုတွေ့ရင် လူမှုကွန်ယက်ထဲမှာပဲ တင်ကြပါတယ်။ တိုင်ဖို့ကတော့ ဥပဒေ မစိုးမိုးလို့ အလုပ်ရှုပ်လို့ အလွန်မတတ်သာမှ တိုင်တန်းကြပါတယ်။

မြန်မာနိုင်ငံအစိုးရက ၂ဝ၁၅ နောက်ပိုင်းမှာ တရုတ်ပြည် ၁၉၈၉ ပြောင်းလဲမှုစတိုင်လုပ်ဖို့ အထူးလုပ်ဆောင်နေပါတယ်။ ဗဟို ဘဏ်နဲ့ငွေကြေးစနစ်၊ စက်မှုဇုံ (သီလဝါ)၊ စတော့ရှယ်ယာဈေးကွက်များ၊ သွင်းကုန်ထုတ်ကုန်နဲ့ ရင်းနှီးမြှုတ်နှံမှုဥပဒေများ၊ ကုမ္ပဏီများဥပဒေများ၊ နည်းဥပဒေများလည်း တရားမျှတဖို့ ပြုပြင်ပြဌာန်းထားပြီ ဖြစ်ပါတယ်။

● မြန်မာစီးပွားရေး ၂ဝ၂ဝ နောက်ပိုင်း (အကောင်းမြင်ခြင်း)
တရုတ်စတိုင်လဲ လုပ်သေးတယ်၊ တရုတ်ပြည်လို အဂတိကို သေဒဏ်အထိ အရေးယူမှုတွေလဲ မရှိသေးတော့ ပြည်သူများ နဲ့မီဒီယာများက အားမလိုအားမရ ဖြစ်ကြပါတယ်။ အဂတိနည်းပါးမှ တိုင်းပြည်စီးပွားတိုးတက်မှာမို့ တရုတ်ပြည်၊ စင်ကာပူ၊ တောင်ကိုးရီးယားနိုင်ငံတွေမှာ ပွင့်လင်းမြင်သာစွာ အဂတိနည်းပါးအောင် ကြိုးစားပါတယ်။ မြန်မာနိုင်ငံမှာတော့ အဂတိ အကျင့်ပျက်ဝန်ထမ်းများ နကရရှိုင်းစွာ အမြစ်တွယ်နေပါတယ်။ သို့သော်လည်း အစိုးရသစ်ရဲ့ ဝန်ထမ်းလေ့ကျင့်ရေး ပေါ်လစီ၊ အဂတိတိုက်ဖျက်ရေး အစီစဉ်သစ်များအရ ယခင်က အဂတိနာမည်ကျော်များစွာ ရပ်တံ့သွားဖို့၊ ဆက်မလုပ်တော့ဖို့ ညင်သာ စွာ သတိပေးထားပါတယ်။ ဆက်လုပ် အကျင့်ပျက်နေရင်တော့ အလုပ်ထုတ်ပယ်ခြင်း၊ ပင်စင်ပေးခြင်း စတဲ့..အရေးယူမှုများ ဖြစ်လာဖို့ (ပြေးမလွတ်နိုင်) သေချာသလောက် ဖြစ်နေပါတယ်။ တပ်မတော်အရာရှိကြီးများရဲ့ ပူးပေါင်းကူညီမှုလည်း ရရှိ လာနေပြီ ဖြစ်ပါတယ်။ တိုင်းဦးစီးမှူးများ၊ ညွန်မှူး၊ ညွန်ချုပ်များရဲ့ ရှေ့ရေးပူစရာမလိုတဲ့ လစာ၊ စရိတ်၊ ပင်စင် စနစ်တခု အကောင်ထည်ပေါ်လာဖို့ ရှိပါတယ်။ ဒါဆို လာဘ်စားစရာမလိုတော့၊ မလုပ်ကြရင် အောင်မြင်လာမှာပါ။

ဒေါ်အောင်ဆန်းစုကြည် အခုချိန်ထိ အခက်ခဲများစွာရှိနေသော်လဲ၊ လူထုကြားမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့ တပ်မတော်ခေါင်းဆောင်များကြားမှာ တည်ငြိမ်နေပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲမှာလဲ ဒေါ်အောင်ဆန်း စုကြည် ပုဂ္ဂိုလ်ရေးအရှိန်အဝါနဲ့ အင်အယ်ဒီပါတီအနိုင်ရပြီး၊ အနည်းဆုံး ညွန့်ပေါင်းအစိုးရကို ဒေါ်အောင်ဆန်းစုကြည်ပဲ ခေါင်းဆောင်ရဖို့ များပါတယ်။ အကယ်၍ ခိုင်ခန့်တည်ငြိမ်တဲ့ အုပ်ချုပ်ရေး၊ ရာထူးဆက်ခံရေးပေါ်လစီများ အသက်ဝင်လာ ရင်တော့ ဒေါ်အောင်ဆန်းစုကြည် ၂ဝ၂ဝ လွန်ကာလမှာ အစိုးရရဲ့ အရေးပါတဲ့ရာထူး ယူစရာမလိုတော့ပါ။ ဒါပေမဲ့ တိန့် ရှောင်ဖိန်လို ခေါင်းဆောင်သစ် ပြုစုမွေးမြူရေးနဲ့ အနာဂါတ်ခေါင်းဆောင်အသစ်များ ထွက်ပေါ်လာဖို့ ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်များနဲ့ တပ်မတော်တို့ စစ်မတိုက်ပဲ၊ အပစ်ခတ်ရပ်စဲထားရပါမယ်။

စီးပွားရေးစနစ်ကောင်းဖို့ဆိုတာ ပုဂ္ဂလိက ပုံမှန်စီးပွားလုပ်ငန်းများမှာ အစိုးရကပါဝင်စွတ်ဖက်ခြင်း လုံးဝ (လုံးဝ) မရှိအောင် လုပ်ပေးဖို့ တရုတ်နိုင်ငံစီးပွားတိုးတက်ပုံကို နမူနာယူနေပါတယ်။ တရုတ်စတိုင်ဆိုပေမဲ့ မြန်မာစတိုင်က လွှမ်းမိုးမယ်ဖြစ်ပါ တယ်။ အဓိကတော့ စာရိတ္တကောင်းရုံမကပဲ၊ အုပ်ချုပ်ရေး ကျွမ်းကျင်တဲ့ ဝန်ကြီး၊ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုအဆင့် အရာရှိကြီးများစွာ ဖော်ထုတ်နေရာပေးခြင်းလုပ်ရပ်များ  အမြန်ဆုံးအောင်မြင်လာဖို့ မျှော်လင့်နေပါ တယ်။

တရုတ်ပြုပြင်ပြောင်းလဲမှုနဲ့မြန်မာနိုင်ငံ (၃) အဂတိတိုက်ဖျက်ရေးနဲ့ စစ်အုပ်စုအရေးပါပုံများ ဆက်လက်တင်ပြပါမယ်။

ဇော်အောင်
၉ ဖေဖေါ်ဝါရီ၊ ၂ဝ၁၈။


ကိုးကား
၁။ CPI Corruption Index , International Transperancy Website
https://en.wikipedia.org/wiki/Corruption_Perceptions_Index

၂။ ဦးပြုံးချို ပြည်နယ်အုပ်ချုပ်ရေးမှုးနှင့် အဂတိအရေးယူမှု စာရင်း
http://engrmyanmar.blogspot.com/2017/07/blog-post_29.html

၃။ ၂၀၁၂ နောက်ပိုင်း ပြစ်ဒဏ်ပေးခံရသော ထိပ်တန်းအရာရှိ ၁၂၀ကျော်နှင့် စစ်ဗိုလ်ချုပ်ကြီးများ စာရင်း ..
https://en.wikipedia.org/…/Officials_implicated_by_the_anti…

၎။ ၂၀၁၂ ဇီဂျင်ပင်း ခေါင်းဆောင်ဖြစ်ပြီး အဂတိတိုက်ဖျက်ရေးလုပ်ငန်းများ၊
https://en.wikipedia.org/…/Anti-corruption_campaign_under_X…

၅။ တရုပ်ပြည် ပြုပြင်ပြောင်းလဲမှု အဂတိတိုက်ဖျက်ရေး ၊
https://en.wikipedia.org/wiki/Corruption_in_China

Comments